၁၉၉၄ခုနှစ်-ဇန်န၀ါရီလ၊ ရတနာသစ်မဂ္ဂဇင်းတွင် 'သားလတ်' ဆိုသော ကလောင်အမည်ဖြင့် 'စက်ပါဖို့ လိုသည်' ကဗျာ စတင်ဖော်ပြခံရပြီး စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုကဗျာမှာ မဟေသီ မဂ္ဂဇင်းတွင် စတင်အရွေးခံရပြီး ရတနာသစ်မဂ္ဂဇင်း စထုတ်ချိန်တွင် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါသည်။ 'သားလတ်' ကလောင်အမည်ဖြင့် ကဗျာ၊ ၀တ္ထုတို၊ မဂ္ဂဇင်းဝတ္ထုရှည်၊ အတိုဆုံး ၀တ္ထု၊ ဆောင်းပါးများ ရေးသားခဲ့ ရေးသားဆဲ ဖြစ်သည်။ ၀ါမိုးအောင် ၀တ္ထုတိုပြိုင်ပွဲ၊ မြတ်မိခင် ၀တ္ထုတိုပြိုင်ပွဲများတွင် ဆု ရရှိခဲ့သည်။ ၂၀၀၀ခုနှစ်မှစ၍ 'ဆူးသစ်' ဆိုသော ကလောင် အမည်ဖြင့် 'မှုခင်းရှုထောင့်ရသစုံမဂ္ဂဇင်း' တွင် ဆောင်းပါးများကို ယနေ့တိုင် ရေးသားနေဆဲ ဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန် နည်းပညာတက္ကသိုလ်) တက်နေစဉ် ကာလအတွင်း ထူးငယ် (IM 1) နှင့် တွဲ၍ 'အနမ်းတစ်ရှိုက်ဖြစ်တည်ရာ ရင်ခွင်ဦး' ကဗျာစာအုပ်နှင့် တစ်ကိုယ်တော် 'သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ' ကဗျာစာအုပ်များကို 'သားလတ်' ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့ပါသည်။ Blog ရေးရန် ၂၀၀၈ခုနှစ်က စတင်ကြံရွယ်ခဲ့ သော်လည်း ၂၀၁၀ခုနှစ် မှသာ စတင် ရုပ်လုံးဖော်နိုင်ခဲ့ပါသည်။ ယခု စင်္ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်လျှက် ရှိပြီး ချစ်ဇနီးနှင့်အတူ နေထိုင်လျှက်ရှိပါသည်။ ၂၀၁၁ခုနှစ်ဒီဇင်ဘာလတွင် 'ဆူးသစ်' ကလောင် အမည်ဖြင့် 'အဝေးရောက် ထွန်းတောက်မြန်မာနှင့် ညီလေးဖတ်ဖို့ရေးတဲ့စာ' ဆောင်းပါးများ စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။
Copyright 2009 အဖြူရောင်လမ်းကလေး. Powered by Blogger
Blogger Templates created by Deluxe Templates
Wordpress by Nattywp
16 comments:
ကျွန်တော့်အကြောင်း ဖတ်မိမှ သိတယ်။ လေးစားပါတယ်။ ဂုဏ်ယူ ၀မ်းသာ ဖြစ်မိပါတယ်။
ထိုထက်ပို ရင်းနှီးခွင့် ရချင်မိပါသည်။ စာဖတ်ခြင်းကို ကုမရသော ရောဂါ တစ်ခုလို ခံစားနေရပြီး။ စာရေးရန် ငယ်စဉ် (14 နှစ်သားလောက်) ကတည်းက စိတ်ကူးထားသော်လည်း လက်တွေ့မှာ အတွေးဗလာ အရေး နထ္ထိဖြင့် ဘလော့ဂ် စာအုပ် ဂျာနယ်။ ပုံနှိပ် စာလုံးမြင်သမျှ ရန်သူလို လိုက် တိုက်ခိုက် နေသော ကျွန်တော် မိုးယံ မှ ရင်ဘတ်ကြီးဖြင့် ဖောက်လုပ်ထားသော အဖြူရောင် လမ်းပေါ်တွင် မ၀ံ့မရဲ လျှောက်ခဲ့သေးတယ်။
ငြိမ်းချမ်းပါစေ
လေးစားမိပါတယ်ရှင့်၊
ပျော်ရွှင်ချမ်းမြေ့ပါစေ၊
စာတွေနိုင်သလောက် ဖတ်လိုက်ပါဦးမယ်။
စကားချီးရယ် ကျွန်တော့်အကြောင်းရယ်ကို
လာတိုင်း ဖတ်မိတယ်..။
ဖတ်မိတိုင်းလဲ အတွေးတစ်ခု ရစေတယ်..။
ကျေးဇူးတင်ပါ၏။။
မင်္ဂလာပါခင်ဗျာ-
ကျနော် ဂျစ်တူး(မုံရွာ)ပါ။
စာတွေလာဖတ်သွားပါတယ်။
မဖိတ်ခေါ်ဘဲနဲ့ မည်သူမှမိတ်ဆက်ပေးတာမရှိပါဘဲနဲ့ လာ
ရောက်လည်ပတ်သွားတာကိုနားလည်ခွင့်လွတ်ပေးပါဗျာ-
နောက်ကိုလည်းလာလည်ခွင့်ပေးပါ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
ရသာချိုဘလော့လေးဆီကနေ ရောက်လာတာပါ.. စာရေးကောင်းတဲ့သူမို့ အသစ်တင်တိုင်းသိရအောင် လင့်လေးယူသွားပါတယ်.. စကားမစပ် ကျွန်မအမျိုးသားကလဲ Safety ပိုင်းလုပ်နေတာပါပဲ.. သင်္ဘောကျင်းမှာ Assistant Safety Engineer ပါ.. :)
အဖြူရောင်လမ်းကလေးကိုရောက်ရှိလာခဲ့တာ ကျွန်တော်အတွက် ဘဝ အမောတွေပြေသွားသလိုခံစားရတယ်။
လင့်ချိတ်ခွင့်ပြုပါ။ ခုလို အဖြူရောင်လမ်းကလေးကို ရောက်ရှိခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ် ခင်ဗျာ။
လေးစားစွာဖြင့်
လရိပ်အိမ်
အခုမှ ၀င်မိတာပါ။ ကျွန်တော်လည်း L6 ကပဲ။ ဘယ်နှစ်ကလဲမသိဘူး။ ခု စင်ကာပူမှာပဲ ကျွန်တော်လည်း အလုပ်လုပ်နေတာပါ။
အကိုရေ..အခုလိုသိခွင့်ရတဲ့အတွက်အားကျမိပါတယ်။
ညီမလေးလည်းကြိုးစားကြည့်ချင်လာတယ်။
ပျော်ရွင်သော ဘဝလေးပိုင်ဆိုင်ထားတဲ့
အကိုတစ်ယောက် ထာဝရထပ်တစ်ရက်
ပိုပျော်ပါစေလို့ ဆန္ဒပြုလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေအကို။
အာာာာာ...
အကိုက အစကတည်းက စာရေးဆရာပဲ...
သိပါဘူး... အနုပညာ စာပေလောကနဲ့ စိမ်းတဲ့သူမှတ်လို့..။
ညီမပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းပါတယ် အကိုရေ..(အချစ်ဂျာနယ်တိုက်က အန်တီနီနဲ့ ဆက်သွယ်ပေးမယ်ဆိုတာလေ)။
အစဉ်လေးစားလျှက်...
သူငယ်ချင်း စာရေးဆရာ
ကျွန်တော်ငယ်ငယ်က စာတွေဖတ်ပြီး စာရေးဆရာတွေကိုသဘောကျခဲ့တယ်၊
ကျွန်တော်တို့ခောတ်က မဂ္ဂဇင်းတချို့မှာ စာရေးဆရာတွေရဲ့စရိုက်ကိုဖေါ်ပြတဲ့ ဆောင်းပါးတွေ မကြာခဏပါတယ်။ ဘယ်လိုပုံစံလဲဆို- “လွတ်လွတ် လပ်လပ် နေမယ်၊ အ၀တ်စား ဖိုသီဖတ်သီနဲ့ ငွေကြေးကိုဂရုမစိုက်၊ ဆင်းရဲကြတယ် အနုပညာသည် ---------အတွက်လို့ကြွေးကြော်ကျတယ် ”
စာရေးဆရာဆိုတာ “လွယ်အိတ်တလုံးနဲ့ ရှပ်အင်္ကျင်္ီလက်ရှည်ကြယ်သီးမတပ်၊ ဆေးပေါ့လိပ်လက်ကြားညှပ်၊ နေ့ဖက် လ္ဘက်ရည်ဆိုင် ညနေဘုံဆိုင်၊ အိမ်ကမိန်းမနဲ့ကလေးတွေစားစရာမရှိ၊” ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ဖက်တွေက စံပြပါရမီဖြည့်ဘက်၊ ယောက်ျးကို အထင်ကြီးလေးစားပြီး အားပေးတယ်။ (တချိန်ထဲမှာပဲ မဂ္ဂဇင်းကာတွန်းတွေမှာ စာရေးဆရာမိန်းမတွေက ထမင်းအိုးအလွတ်မှောက်ပြတာ နို့ဆီဘူးအခွံနဲ့ ဆန်အိုးဖင် ခြစ်ပြတာ……. မကြာခဏပါတယ်။)
စာရေးဆရာဆိုရင် အပ်ါမှာဖေါ်ပြခဲ့တဲ့ပုံစံကိုပဲမြင်မိ သဘောကျမိတယ်။
စာရေးဆရာတွေနဲ့ပက်သက်ပြီး ရူးခဲ့တာတစ်ခုပြောရရင် ၃၃လမ်းထဲမကြာခဏလျောက်ပြီး လေထန်ကုန်းမှာ ထိုင်နေသမျှလူတွေကိုအကဲခတ်ခဲ့တယ်၊ ကျွန်တော်သိထားတဲ့ပုံစံနဲ့စာရေးဆရာကိုရှာတာ။
စာရေးဆရာတွေနဲ့ခင်မင်ခြင်ခဲ့တယ်၊ သူတို့ရေးတဲ့စာတွေကိုသဘောကျတာရော မဂ္ဂဇင်းတွေကနေသိခဲ့တဲ့ပုံစံကို သဘောကျတာတွေကြောင့်ရောပေါ့။ ဒါပေမယ့် စာပေအသိုင်းဝိုင်းနဲ့မနီးစပ်တာကြောင့် စာရေးဆရာမိတ်ဆွေမရှိခဲ့ပါ။
ကျွန်တော်တက္ကသိုလ်ရောက်တော့ “သားလတ်” နဲ့စခင်တယ်၊ တမြို့နယ်ထဲအတူနေတာရယ် Classmate ဖြစ်တာရယ်ကြောင့်ခင်ခဲ့တယ်။ သူစာရေးမှန်းအစကမသိခဲ့ပါ နောက်မှစာရေးစရာမှန်းသိတာ။ စာရေးစရာတွေနဲ့ ခင်ခြင်တဲ့ကျွန်တော့်ဆန္ဒပြည့်ခဲ့တယ်။
သူစာရေးဆရာမှန်းသိထဲက သူ့ရဲ့ကလောင်အမည် “သားလတ်” လို့ပဲအမြဲခေါ်ခဲ့တာ ယနေ့အထိပေါ့။
ကျွန်တော့သူငယ်ချင်း စာရေးဆရာရဲ့ပုံစံက အထက်မှာကျွန်တော်ဖေါ်ပြခဲ့တဲ့ပုံစံနဲ့လုံးဝမဆိုင်ပါ၊ အ၀တ်စားသပ်သပ်ရပ်ရပ် ရည်ရည်မွန်မွန် နဲ့ ကျာင်းစာလဲတော်တဲ့လူငယ်လေးပေါ့၊ ကျောင်းစာတော်သလို စာတွေလဲအများကြီးရေးနိုင်တဲ့ စာရေးဆရာပေါ့။
အခုဆို ကျွန်တော်တို့ခင်ခဲ့တာဆယ်ခုနှစ် ၂စုပြည့်တော့မယ်။ သားလတ်ရဲ့ကိုယ်ပိုင် BLOG တင်နိုင်တာကိုဝမ်းသာမိတယ်။
သားလတ်ရဲ့ Masterpiece ကိုစောင့်မျှော်နေတယ့်
ကျော်မင်းမင်း
စာကြွင်း သားလတ်ရေ မင်းပထမနှစ်က published လုပ်ထားတဲ့ ကဗျာစာအုပ်လေး အခုထိသိမ်းထားတယ် တချိန်မှာ ဈေးကောင်းရမလားလို့ ဟဲဟဲဟဲ………
HIP HOP သီချင်းတပုဒ်လောက် စကားပြေပြန်ပေးပါဦး။
visiting your blog today. Waiting for your new post.
rgds/nang myint
Hi, just want to say "Hello".
waiting to read your new post.
Rgds/Nang Myint
'စိတ်ပျိုကိုယ်ပျိုတို့များတက္ကသိုလ်' ပို့စ်မှာကွန်မန့်ချန်ပြီး ထဲက ဆူးသစ်ဘလော့ဂ်ကို ရှာနေခဲ့တာကြာပြီ။ ဒီကနေ့မှ ချယ်ရီဘလော့ဂ်ကနေ ရှာလို့တွေ့တာ။ သေချာအောင် 'ကျွန်တော့်အကြောင်း' ဖတ်ပြီးမှ ဒီကွန်မန့်ကို ရေးတာ။ ညီမဝမ်းကွဲ လဲ့ရီမင်း(EP) နဲ့ တစ်နှစ်ထဲထင်တယ်။ သူလဲနောက်ဆုံးနှစ် လှိုင်သာယာကိုရောက်သွားတာလေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုဆူးသစ်အကြောင်းကို မြတ်ဖတ်သွားပါတယ်။ ဟိုရက်က ကိုဆူးသစ်မေးထားတာ မဖြေရသေးလို့။ မြတ် ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း မဟုတ်ပါဘူး။တခြားနိုင်ငံကနေ ကျောင်းပြီးတာပါ။ နောင်လည်း မြတ်ဝက်ဘ်ဆိုဒ်ကို လာအားပေးပါဦးလို့။ ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
Post a Comment