'' ကဗျာ '' အတွက်စကားချီး
နှလုံးသားရှိသူတိုင်း ကဗျာကိုဖတ်ကြ၊ ခံစားကြသည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော့်ဘ၀မှာ စာပေကို စတင် ရုးသွပ်စဉ်ကတည်းက ကဗျာစရေးပြီး ကဗျာနှင့်ပင် စာပေနယ်သို့ စတင် ၀င်ရောက်ခဲ့ပါသည်။ သည်ကတည်းက ကဗျာသည် ကျွန်တော့်ဘ၀ဟု ယုံကြည်မိပါသည်။ ထိုယုံကြည်မှုနှင့်ပင် ဘ၀၏အချိန် တော်တော်များများကို ကဗျာနှင့်ဖြတ်သန်းရင်း ကျွန်တော့်လက်ထဲမှာ အများ မထင်မှတ်နိုင်သည့်ကဗျာ အရေအတွက်မျိုး ရောက်ရှိလာခဲ့ပါသည်။ နှလုံးသားနှင့် ရေးသောကဗျာများဖြစ်၍ ကျွန်တော့် ကဗျာများ အပေါ် ရိုးသားပါသည်။ ထိုရိုးသားသော၊ နှလုံးသားဖြင့်ခံစားရေးဖွဲ့ထားသော ကဗျာများအား မျှဝေလိုခြင်း ကြောင့် ''ကဗျာ'' ဟူသော ခေါင်းစည်းအောက်တွင် ကျွန်တော့်အနုပညာများကို ရိုးသားစွာ ချပြလိုက်ပါသည်။
'' တွေ့ရကြုံရကျွန်တော့်ဘ၀ '' အတွက်စကားချီး
လူတိုင်းလူတိုင်း နေ့စဉ်ဖြတ်သန်းရင်း ကြုံတွေ့နေရသော အဖြစ်အပျက်များစွာ ရှိပါသည်။ ကျွန်တော့် ဘ၀တွင်လည်း နေ့စဉ်အဖြစ်အပျက်များစွာ ကြုံတွေ့နေရပါသည်။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ၊ နာကြည်းစရာ၊ အားတက်စရာ၊ ကြည်နူးစရာ စသည်ဖြင့် ခံစားမှုရသမျိုးစုံ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဘ၀ထဲတွင် ကျင်လည်ရင်း သိမြင်ခံစားရလျှက်ရှိရာ ထိုသို့ နေ့စဉ်ဖြတ်သန်းရာမှရရှိလာသော အဖြစ် အပျက်များသည် အခြားသူများအတွက်လည်း ဆင်ခြင်စရာ၊ သင်ခန်းစာယူစရာ၊ ကျေနပ်အားရစရာ၊ ရယ်မော ပျော်ရွှင်စရာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ ထိုအတွေးဖြင့် ဤ '' တွေ့ရကြုံရကျွန်တော့်ဘ၀ '' စာစုကို ကျွန်တော်ဖန်တီးပါသည်။
'' ကျွန်တော်ခံစားမိသောသီချင်းများ '' အတွက်စကားချီး
ကျွန်တော်တို့သီချင်းများစွာ နားထောင်ဖူးကြသည်။ ထိုသီချင်းများတွင် ပုံစံအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးပါသည်။ ရင်ထဲကိုရောက်လာပြီး အမြဲတမ်းကျန်ခဲ့သည့်သီချင်း၊ ခဏ၀င်လာ၍ပြန်ထွက်သွားသော သီချင်း စသည်ဖြင့်ရှိကြသည်။ မိမိခံစားချက်နှင့်တိုင်ဆိုင်၍ အမြဲတမ်းခံစားမိနေခြင်းမျိုး၊ သံစဉ်နှင့်စာသား ကြိုက်၍ နားစွဲပြီးမမေ့နိုင်သောသီချင်းမျိုး စသည်ဖြင့်လည်း ကြုံဖူးကြလိမ့်မည်။ ကျွန်တော့်ဘ၀ထဲ တွင်လည်း အများနည်းတူ ကျွန်တော်ကြိုက်သော သီချင်းများစွာရှိပါသည်။. ထိုသီချင်းများနှင့် ပတ်သက်၍ ကျွန်တော် ခံစားရသမျှ မျှဝေလိုသောစိတ်ဖြင့် ''ကျွန်တော်ခံစားမိသောသီချင်းများ '' ကိုမွေးဖွားမိပါသည်။
ကျွန်တော့်ဘ၀၏ ဖြတ်သန်းခဲ့သော အတိတ်ပုံရိပ်များတွင် ကျေနပ်စရာအကောင်းဆုံး ကာလများထဲမှ တစ်ခုကို ပြပါဆိုလျှင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို ထုတ်နုတ် ပြရပေမည်။ တက္ကသိုလ် ကျောင်းသားဘ၀၏ ပျော်စရာ၊ ကြည်နူးစရာအားလုံး ကျွန်တော်တို့ရခဲ့သည်ဟု ထင်သည်။ ထိုအရာ အားလုံးကို ပြန်လည်တူးဆွခြင်းဖြင့် ကျွန်တော်တို့၏နှလုံးသားများ တစ်ခါပြန်လည်၍ လန်းဆန်း တက်ကြွ လာမည်ဟု ကျွန်တော်ယုံပါသည်။ တစ်ခုဝန်ခံချင်ပါသည်။ ယခုရေးမည့်စာစုသည် ကျွန်တော်မှတ်မိသမျှကို ပြန်လည် ဖော်ထုတ်ပြခြင်းဖြစ်၍ ဒိုင်ယာရီထဲမှမှတ်တမ်းများကို ပြန်ချပြခြင်း မဟုတ်ပါ။ ထို့ကြောင့် အချို့ အမှတ်အသားများ လွဲခဲ့လျှင် အနူးအညွတ် တောင်းပန်ပါသည်။ နားလည်ပေးစေချင်သကဲ့သို့ နားလည် ပေးလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်က ဖြတ်သန်းခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ဆိုသည်ကို အများ ခံစားနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ''ကျွန်တော် တို့သည် '' ဆိုသော စာစုကို ထုဆစ်ပုံဖော်လိုက်ပါသည်။
ကျွန်တော်တို့ငယ်ငယ်က မြန်မာစာသင်ရသည့်အခါ စာစီစာကုံးရေးခဲ့ကြဖူးသည်။ အင်္ဂလိပ်စာ သင်သည့် အခါတွင် အက်ဆေး (Essay) ဟုဆို၏။ စာပေ၀ါသနာပါစ ကျွန်တော်သည် ကဗျာများသာ လှိမ့်ရေးခဲ့သည်။ ထို့နောက်မှ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး စသည်ဖြင့် ရေးခဲ့ဖူးသည်။ နောက်ပိုင်းမှာ ' အက်ဆေး ' ဆိုသော စကားလုံးကို မဂ္ဂဇင်းစာမျက်နှာများပေါ် မြင်လာရသည်။ ' ရသအက်ဆေး ' ဟုလည်းဆို၏။ ကျွန်တော် နားလည်သလောက် အဓိပ္ပါယ်ဖွင့်ရလျှင် အက်ဆေးသည် ဆောင်းပါးလို အချက်အလက် အများကြီးမပေးပါ။ ၀တ္ထုတိုလို ဇာတ်လမ်း မရှိပါ။ စာစီစာကုံးလို ပုံစံခွက်ထဲ ထည့်မထားပါ။ မိမိပြောချင်သောအရာကို စကားပြေဖြင့် တင်ပြခြင်းသာ ဖြစ်ပါသည်။ ထိုအရာကို အက်ဆေးဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော် စာရေးခဲ့သည့်သက်တမ်းအတွင်း ' ရသအက်ဆေး ' တချို့ရေးခဲ့ပါသည်။ လက်ချိုးရေတွက်၍ ရအောင် နည်းပါး ပါသည်။ ထို ' ရသအက်ဆေး ' များကို ပြန်လည်ခံစားရင်း အသစ်များကိုလည်း အခွင့်သင့်သလို ရေးသားနိုင်ရန် အားထုတ်ကြည့်ပါဦးမည်။ ကျွန်တော့်မူလ စိတ်ရင်းခံအတိုင်း မိမိခံစားရသမျှ အနုပညာဖြင့် ဖန်တီးထားသည်ကို မျှဝေလိုခြင်းသက်သက်ဖြင့်သာ တင်ပြလိုက်ပါသည်။
လူ့ဘ၀သည် ရှုပ်ထွေးလှ၏။ တစ်ဘ၀ဟု ဆိုသော်လည်း ဖြစ်စဉ်များက များပြားလှသည်။ အနိမ့်အမြင့်၊ အဆင်းအတက်၊ အကွေ့အဖြောင့် စုံလင်လှ၏။ လူထဲမှာနေရသော လူမှုဘ၀များမှာ ခံစားစရာ ရသ စုံလှ၏။ တချို့က ငိုရသည်။ တချို့က ရယ်ရသည်။ တချို့က ကြည်နူးရသည်။ တစ်ချို့က ကြေကွဲရသည်။ သည်သို့ဖြင့် လူတိုင်းလူတိုင်း မရိုးနိုင်သော ဖြစ်စဉ်များကြားမှာ ရှင်သန်နေကြရသည်။ ထိုအဖြစ်အပျက်များမှ ကျွန်တော်တို့ ဘာတွေ ရခဲ့ပါသနည်း။ တခြားလူ၏ အဖြစ်အပျက်၊ မိမိ၏အဖြစ်အပျက် စသဖြင့် တွေ့ကြုံရသည်များကို ခံစားထိတွေ့ရင်း '၀တ္ထုတို' ဆိုသော အနုပညာကို ကျွန်တော့် စာပေ၀ါသနာ လမ်းကြောင်းမှာ ဖန်တီးချင်ခဲ့ပြီး ကျွန်တော်နားလည်သလို ချရေးကြည့်ဖြစ်ခဲ့ပါသည်။ ထို့နောက် ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့် အသိုင်းအ၀ိုင်းမှသည် ကျွန်တော့် အတွေးများ၊ ခံစားချက်များမှ တစ်ဆင့် '၀တ္ထုတို' များ ဖြစ်လာပါတော့သည်။ ထိုကျွန်တော့် ၀တ္ထုတိုများကို ခံစားနိုင်ရန် စာဖတ်ပရိသတ်များအတွက် စာမျက်နှာသစ် ဖွင့်လှစ်ကြည့်မိပါသည်။
"ဆောင်းပါး" အတွက် စကားချီး
'ဆောင်းပါးဆိုသည်မှာ လက်ဆောင်ပါးခြင်း တစ်မျိုးဖြစ်သည်' ဟုဆိုကြကြောင်း အဖေပြောခဲ့ဖူးသည်။ ရှေးစာရေးဆရာကြီးများ၏ အမှာစကားဖြစ်ကြောင်း ရှင်းပြခဲ့ဖူး၏။ ကျွန်တော်တို့လက်တွေ့ကြုံနေရသော ဘ၀ထဲမှာ လူတစ်ယောက်ဆီမှ အခြားလူများ သင်ခန်းစာယူစရာ များစွာရှိနေပါလိမ့်မည်။ လူတစ်ဦးနှင့် တစ်ဦး အတွေးအခေါ်၊ အယူအဆ၊ ဖြတ်သန်းရသောဘ၀ မတူကြ၍ ဆင်ခြင်စရာ အဖြစ်အပျက်များက တူကြမည်မဟုတ်။ ကျွန်တော်သည်လည်း လူထဲကလူတစ်ဦးပင်ဖြစ်ရာ ကျွန်တော်ဖြတ်သန်းခဲ့သမျှ ဘ၀ထဲမှ အဖြစ်အပျက်များတွင် ကျွန်တော်ဆင်ခြင် တွေးတော မိသမျှကို ဆောင်းပါးနှင့် ချပြရင်း လက်ဆောင်ပါးချင် ပါသည်။
ထိုသို့လက်ဆောင်ပါးရာ၌ ကဏ္ဍများခွဲရမည်ဖြစ်၍ ကျွန်တော့်ဆောင်းပါးများကိုလည်း ကဏ္ဍများစွာ ခွဲကြည့် မိပါသည်။ အနုပညာ၊ စာပေ၊ ဘလော့ စသည့် အကြောင်းအရာမျိုးစုံ ရောပြွန်းနေသော ဆောင်းပါးများကို 'အထွေထွေ' တွင်ထည့်ထားပါမည်။ လူငယ်များကို ရည်ရွယ်၍ဆွေးနွေးချင်သော ဆောင်းပါးများကို 'လူငယ်' နှင့် 'ညီလေးဖတ်ဖို့ရေးတဲ့စာ' တွင် ထည့်သွင်းပါမည်။ ဆောင်းပါးရေးရာ၌ စာပုံစံ နှင့် စကားပြောပုံစံ ဟူ၍ ရေးတတ်ရာ အဆင်ပြေသလို တင်ပြသွားပါမည်။ မူလက လူငယ်များအတွက် ရည်ရွယ်ရေးသားသော်လည်း လူကြီးများပါ ဖတ်ရှုနေကြသည်ကို ကျွန်တော်ပြန်လည်သိရပါသည်။ သို့သော် လူငယ်များကို ရည်ရွယ်ရင်း ဖြစ်၍ 'လူငယ်' ဟုသာ အမျိုးအစားခွဲထည့်လိုက်ပါသည်။ ကျွန်တော့်တွင် ညီလေးတစ်ယောက် ရှိ၍ သူ့ကို တိုင်တည်ပြောချင်သော စာများရှိလာသောအခါ စာပုံစံမှသည်၊ စကားပြောပုံစံသို့ ကျွန်တော်ပြောင်းလဲ ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးများကိုတော့ 'ညီလေးဖတ်ဖို့ရေးတဲ့စာ' တွင် ထည့်သွင်းထားပါသည်။
တစ်ခုတော့ဝန်ခံချင်ပါသည်။ ကျွန်တော့်ဆောင်းပါးများသည် ကျွန်တော်ဖတ်မိသမျှစာ၊ ကျွန်တော်ကြုံရသမျှ အတွေ့အကြုံများပေါ်တွင် ကျွန်တော်ဆင်ခြင်မိသမျှ၊ တွေးတောခံစားမိသမျှ မျှဝေလိုခြင်း(Share) သက်သက် သာဖြစ်ပါသည်။ ဆရာလုပ်လိုခြင်း အလျဉ်းမရှိပါ။ လူငယ်ဘ၀ကို ဖြတ်သန်းဆဲဖြစ်၍ ဆရာကြီး သိပ်လုပ်လျှင် ကျွန်တော်လည်း မကြိုက်ပါ။ သေချာသည်ကကျွန်တော်သည် စေတနာမှ စေ့ဆော်သောကြောင့်သာ ဆောင်းပါး ရေးပါသည်။ ထို့ကြောင့် ကျွန်တော့်ဆောင်းပါးများသည် စေတနာ အရင်းခံနှင့် ရေးထားခြင်း ဖြစ်ကြောင်း ၀န်ခံလိုပါသည်။
ကျွန်တော့်အနေဖြင့် ဘာသာပြန်ဆောင်းပါးမျိုးလည်း တင်ပြမည်ဖြစ်ပြီး၊ တိုက်ရိုက်ဘာသာပြန်ခြင်းမျိုး မဟုတ်ဘဲ၊ ကျွန်တော့်အယူအဆများကိုပါ ထည့်သွင်းရေးသားရခြင်းကို ပိုမိုနှစ်သက်သူဖြစ်၍ ထိုဆောင်းပါး မျိုးလည်း ပါလာပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ လူတိုင်း ကျွန်တော်နှင့် အတွေးအခေါ်၊ အယူအဆ မတူနိုင်ကြပါ။ ကျွန်တော့်အယူအဆများ မှန်သည်ဟု မဆိုလိုပါ။ တချို့နှင့် အယူအဆ လုံးဝသော် လည်းကောင်း၊ နည်းနည်းသော်လည်းကောင်း လွဲနိုင်ပါသည်။ ကြိုက်သလို ဆုံးဖြတ်နိုင်ပါသည်။ ကျွန်တော် ကတော့ လက်ဆောင်ပါးခြင်းသာ ဖြစ်ပါသည်။
ထိုလက်ဆောင်များကို ကြိုက်သူယူပါလိမ့်မည်။ မကြိုက်သူ ထားခဲ့ပါလိမ့်မည်။ ကျွန်တော့်စေတနာထဲမှ တစ်ခုခုရသွားလျှင် ကျွန်တော့်ဆောင်းပါးများ ချပြရကျိုး နပ်ပြီထင်ပါသည်။
ကျွန်တော် လူမှန်းသိတတ်စအရွယ် စာတွေ နည်းနည်းဖတ်ပြီး ၀ါသနာက တားမရသောအခါ စာရေးဖို့ တွန်းအားက ဖြစ်လာတော့သည်။ ထို့နောက် ရန်ကုန်စက်မှုတက္ကသိုလ်တက်စဉ် ကျွန်တော့် ခံယူချက်က အင်ဂျင်နီယာဖြစ်ဖို့ထက် စာရေးဆရာဖြစ်ဖို့ကို ပိုမိုအားသန်လာပါတော့သည်။ ထိုအခါ၌ ကျွန်တော့်အတွက် အဓိက လိုအပ်ချက်မှာ စာများများဖတ်ဖို့ဖြစ်ကြောင်းသိလာခဲ့ပြီး မှတ်ရန် နှင့် စုရန် လိုလာခဲ့ပြီဟု သိခဲ့ပြန်ပါသည်။ ထို့နောက်တွင်တော့ ရသမျှစာအုပ်များကိုဖတ်၍ ကျွန်တော့်အတွက် လိုမည်ထင်သည် များရော၊ ကျွန်တော့်ဘာသာ ကြိုက်သည်များရော စု၍ နည်းနည်းချင်းကူးထားခဲ့မိပါသည်။ ယခုအခါ ကျွန်တော့်ဘလော့ဖတ်သူများပါ ဗဟုသုတရစေရန် နှင့် ခံစားနိုင်စေရန် ကျွန်တော်စုထားသမျှကို မျှဝေလိုက်ပါသည်။ ကျွန်တော့်ထက် စာဖတ်အားကောင်းသူများလည်း တချို့စာများ ဖတ်ပြီးကောင်း ဖတ်ပြီးနိုင်ပါသည်။ သို့သော် မဖတ်ရသေးသူများ အတွက်တော့ တစ်စုံတစ်ရာ အကျိုးရှိနိုင်ကောင်းသည်ဟု ထင်မြင်မိ၍ ကျွန်တော့်မှတ်စုများကို ဖော်ပြလိုက်ပါသည်။
' ကျွန်တော့်အကြိုက်ဆုံးများ ' အတွက် စကားချီး
လူတိုင်းမှာ အကြိုက်ဆုံးဆိုတာတော့ ရှိကြစမြဲပါ။ ကျွန်တော့်ဘ၀မှာလည်း အကြိုက်ဆုံးတွေ ရှိခဲ့တာပေါ့။ အခု ကျွန်တော်ပြောချင်တာက အဲဒီလို အကြိုက်ဆုံးတွေနဲ့ပတ်သက်ပြီး ကျွန်တော်ဘာတွေကြိုက်လဲဆိုတာတွေပါ။ နယ်ပယ်တွေ ရွေးပြီး ပြောမှာပါ။ တစ်ခုတော့ ရှိပါတယ်။ အကြိုက်ဆုံး ဆိုတာတွေအပြင် ကြိုက်တယ်ဆိုတာ ရှိသေးတော့ ကျွန်တော်ပြောချင်တဲ့ အကြိုက်ဆုံးဆိုတာတွေဟာ ကျွန်တော်ကြိုက်တာတွေထဲက ရွေးထားတဲ့ အကြိုက်ဆုံးဆိုတာကို ပြောချင်တာပါ။ ဒီဟာကို ကြိုက်လို့ ဟိုဟာကိုတော့ လုံးဝမကြိုက်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ တစ်မျိုးစီ ကြိုက်တာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးအရာတွေကို ရွေးပြီး တစ်ခုချင်းစီ ပြောပြချင်တာပါ။ ဖတ်ကြည့်၊ ခံစားကြည့်ပါ။ ကျွန်တော်ဝန်ခံချင်တာလေး ရှိပါတယ်။ 'ကျွန်တော့်အကြိုက်ဆုံးများ' ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်ပြောချင်တာတွေက အတ္တုပ္ပတ္တိမဟုတ်ပါဘူး။ သူတိုရဲ့ ရာဇ၀င်မဟုတ်ပါဘူး။ ကျွန်တော်ကြိုက်မိတဲ့ အကြောင်းတွေပါ။ ပြီးတော့ ကျွန်တော် မှတ်မိသလောက် ပဲ ပြောမှာပါ။ ဒိုင်ယာရီတို့၊ အင်တာနက်တို့ကနေ မရှာပါဘူး။ ဒါကြောင့် ကျွန်တော့်ခံစားမှုနဲ့ သူတို့နဲ့ ထပ်တူကျမှုတွေလောက်ပဲ ရွေးပြီး ပြောမှာပါ။ ဒီအတွက် စာဖတ်သူနဲ့ ကျွန်တော်နဲ့ အကြိုက်တော့ တူချင်မှတူမှာပါ။ ဒါပေမဲ့ ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော့်အကြိုက်ဆုံးတွေကို ဖတ်ပြီးတဲ့အခါ ခံစားမှု တစ်စုံတစ်ရာ ရနိုင်ကောင်းတယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်အကြိုက်ဆုံးတွေကို လှစ်ဟပြလိုက်ရပါတယ်။
'' ကျွန်တော်တို့သည် '' အတွက်စကားချီး
ကျွန်တော့်ဘ၀၏ ဖြတ်သန်းခဲ့သော အတိတ်ပုံရိပ်များတွင် ကျေနပ်စရာအကောင်းဆုံး ကာလများထဲမှ တစ်ခုကို ပြပါဆိုလျှင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို ထုတ်နုတ် ပြရပေမည်။ တက္ကသိုလ် ကျောင်းသားဘ၀၏ ပျော်စရာ၊ ကြည်နူးစရာအားလုံး ကျွန်တော်တို့ရခဲ့သည်ဟု ထင်သည်။ ထိုအရာ အားလုံးကို ပြန်လည်တူးဆွခြင်းဖြင့် ကျွန်တော်တို့၏နှလုံးသားများ တစ်ခါပြန်လည်၍ လန်းဆန်း တက်ကြွ လာမည်ဟု ကျွန်တော်ယုံပါသည်။ တစ်ခုဝန်ခံချင်ပါသည်။ ယခုရေးမည့်စာစုသည် ကျွန်တော်မှတ်မိသမျှကို ပြန်လည် ဖော်ထုတ်ပြခြင်းဖြစ်၍ ဒိုင်ယာရီထဲမှမှတ်တမ်းများကို ပြန်ချပြခြင်း မဟုတ်ပါ။ ထို့ကြောင့် အချို့ အမှတ်အသားများ လွဲခဲ့လျှင် အနူးအညွတ် တောင်းပန်ပါသည်။ နားလည်ပေးစေချင်သကဲ့သို့ နားလည် ပေးလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်က ဖြတ်သန်းခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ဆိုသည်ကို အများ ခံစားနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ''ကျွန်တော် တို့သည် '' ဆိုသော စာစုကို ထုဆစ်ပုံဖော်လိုက်ပါသည်။
" ရသအက်ဆေး " အတွက် စကားချီး
ကျွန်တော်တို့ငယ်ငယ်က မြန်မာစာသင်ရသည့်အခါ စာစီစာကုံးရေးခဲ့ကြဖူးသည်။ အင်္ဂလိပ်စာ သင်သည့် အခါတွင် အက်ဆေး (Essay) ဟုဆို၏။ စာပေ၀ါသနာပါစ ကျွန်တော်သည် ကဗျာများသာ လှိမ့်ရေးခဲ့သည်။ ထို့နောက်မှ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး စသည်ဖြင့် ရေးခဲ့ဖူးသည်။ နောက်ပိုင်းမှာ ' အက်ဆေး ' ဆိုသော စကားလုံးကို မဂ္ဂဇင်းစာမျက်နှာများပေါ် မြင်လာရသည်။ ' ရသအက်ဆေး ' ဟုလည်းဆို၏။ ကျွန်တော် နားလည်သလောက် အဓိပ္ပါယ်ဖွင့်ရလျှင် အက်ဆေးသည် ဆောင်းပါးလို အချက်အလက် အများကြီးမပေးပါ။ ၀တ္ထုတိုလို ဇာတ်လမ်း မရှိပါ။ စာစီစာကုံးလို ပုံစံခွက်ထဲ ထည့်မထားပါ။ မိမိပြောချင်သောအရာကို စကားပြေဖြင့် တင်ပြခြင်းသာ ဖြစ်ပါသည်။ ထိုအရာကို အက်ဆေးဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော် စာရေးခဲ့သည့်သက်တမ်းအတွင်း ' ရသအက်ဆေး ' တချို့ရေးခဲ့ပါသည်။ လက်ချိုးရေတွက်၍ ရအောင် နည်းပါး ပါသည်။ ထို ' ရသအက်ဆေး ' များကို ပြန်လည်ခံစားရင်း အသစ်များကိုလည်း အခွင့်သင့်သလို ရေးသားနိုင်ရန် အားထုတ်ကြည့်ပါဦးမည်။ ကျွန်တော့်မူလ စိတ်ရင်းခံအတိုင်း မိမိခံစားရသမျှ အနုပညာဖြင့် ဖန်တီးထားသည်ကို မျှဝေလိုခြင်းသက်သက်ဖြင့်သာ တင်ပြလိုက်ပါသည်။
"၀တ္ထုတို" အတွက် စကားချီး
လူ့ဘ၀သည် ရှုပ်ထွေးလှ၏။ တစ်ဘ၀ဟု ဆိုသော်လည်း ဖြစ်စဉ်များက များပြားလှသည်။ အနိမ့်အမြင့်၊ အဆင်းအတက်၊ အကွေ့အဖြောင့် စုံလင်လှ၏။ လူထဲမှာနေရသော လူမှုဘ၀များမှာ ခံစားစရာ ရသ စုံလှ၏။ တချို့က ငိုရသည်။ တချို့က ရယ်ရသည်။ တချို့က ကြည်နူးရသည်။ တစ်ချို့က ကြေကွဲရသည်။ သည်သို့ဖြင့် လူတိုင်းလူတိုင်း မရိုးနိုင်သော ဖြစ်စဉ်များကြားမှာ ရှင်သန်နေကြရသည်။ ထိုအဖြစ်အပျက်များမှ ကျွန်တော်တို့ ဘာတွေ ရခဲ့ပါသနည်း။ တခြားလူ၏ အဖြစ်အပျက်၊ မိမိ၏အဖြစ်အပျက် စသဖြင့် တွေ့ကြုံရသည်များကို ခံစားထိတွေ့ရင်း '၀တ္ထုတို' ဆိုသော အနုပညာကို ကျွန်တော့် စာပေ၀ါသနာ လမ်းကြောင်းမှာ ဖန်တီးချင်ခဲ့ပြီး ကျွန်တော်နားလည်သလို ချရေးကြည့်ဖြစ်ခဲ့ပါသည်။ ထို့နောက် ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့် အသိုင်းအ၀ိုင်းမှသည် ကျွန်တော့် အတွေးများ၊ ခံစားချက်များမှ တစ်ဆင့် '၀တ္ထုတို' များ ဖြစ်လာပါတော့သည်။ ထိုကျွန်တော့် ၀တ္ထုတိုများကို ခံစားနိုင်ရန် စာဖတ်ပရိသတ်များအတွက် စာမျက်နှာသစ် ဖွင့်လှစ်ကြည့်မိပါသည်။
"ဆောင်းပါး" အတွက် စကားချီး
'ဆောင်းပါးဆိုသည်မှာ လက်ဆောင်ပါးခြင်း တစ်မျိုးဖြစ်သည်' ဟုဆိုကြကြောင်း အဖေပြောခဲ့ဖူးသည်။ ရှေးစာရေးဆရာကြီးများ၏ အမှာစကားဖြစ်ကြောင်း ရှင်းပြခဲ့ဖူး၏။ ကျွန်တော်တို့လက်တွေ့ကြုံနေရသော ဘ၀ထဲမှာ လူတစ်ယောက်ဆီမှ အခြားလူများ သင်ခန်းစာယူစရာ များစွာရှိနေပါလိမ့်မည်။ လူတစ်ဦးနှင့် တစ်ဦး အတွေးအခေါ်၊ အယူအဆ၊ ဖြတ်သန်းရသောဘ၀ မတူကြ၍ ဆင်ခြင်စရာ အဖြစ်အပျက်များက တူကြမည်မဟုတ်။ ကျွန်တော်သည်လည်း လူထဲကလူတစ်ဦးပင်ဖြစ်ရာ ကျွန်တော်ဖြတ်သန်းခဲ့သမျှ ဘ၀ထဲမှ အဖြစ်အပျက်များတွင် ကျွန်တော်ဆင်ခြင် တွေးတော မိသမျှကို ဆောင်းပါးနှင့် ချပြရင်း လက်ဆောင်ပါးချင် ပါသည်။
ထိုသို့လက်ဆောင်ပါးရာ၌ ကဏ္ဍများခွဲရမည်ဖြစ်၍ ကျွန်တော့်ဆောင်းပါးများကိုလည်း ကဏ္ဍများစွာ ခွဲကြည့် မိပါသည်။ အနုပညာ၊ စာပေ၊ ဘလော့ စသည့် အကြောင်းအရာမျိုးစုံ ရောပြွန်းနေသော ဆောင်းပါးများကို 'အထွေထွေ' တွင်ထည့်ထားပါမည်။ လူငယ်များကို ရည်ရွယ်၍ဆွေးနွေးချင်သော ဆောင်းပါးများကို 'လူငယ်' နှင့် 'ညီလေးဖတ်ဖို့ရေးတဲ့စာ' တွင် ထည့်သွင်းပါမည်။ ဆောင်းပါးရေးရာ၌ စာပုံစံ နှင့် စကားပြောပုံစံ ဟူ၍ ရေးတတ်ရာ အဆင်ပြေသလို တင်ပြသွားပါမည်။ မူလက လူငယ်များအတွက် ရည်ရွယ်ရေးသားသော်လည်း လူကြီးများပါ ဖတ်ရှုနေကြသည်ကို ကျွန်တော်ပြန်လည်သိရပါသည်။ သို့သော် လူငယ်များကို ရည်ရွယ်ရင်း ဖြစ်၍ 'လူငယ်' ဟုသာ အမျိုးအစားခွဲထည့်လိုက်ပါသည်။ ကျွန်တော့်တွင် ညီလေးတစ်ယောက် ရှိ၍ သူ့ကို တိုင်တည်ပြောချင်သော စာများရှိလာသောအခါ စာပုံစံမှသည်၊ စကားပြောပုံစံသို့ ကျွန်တော်ပြောင်းလဲ ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးများကိုတော့ 'ညီလေးဖတ်ဖို့ရေးတဲ့စာ' တွင် ထည့်သွင်းထားပါသည်။
တစ်ခုတော့ဝန်ခံချင်ပါသည်။ ကျွန်တော့်ဆောင်းပါးများသည် ကျွန်တော်ဖတ်မိသမျှစာ၊ ကျွန်တော်ကြုံရသမျှ အတွေ့အကြုံများပေါ်တွင် ကျွန်တော်ဆင်ခြင်မိသမျှ၊ တွေးတောခံစားမိသမျှ မျှဝေလိုခြင်း(Share) သက်သက် သာဖြစ်ပါသည်။ ဆရာလုပ်လိုခြင်း အလျဉ်းမရှိပါ။ လူငယ်ဘ၀ကို ဖြတ်သန်းဆဲဖြစ်၍ ဆရာကြီး သိပ်လုပ်လျှင် ကျွန်တော်လည်း မကြိုက်ပါ။ သေချာသည်ကကျွန်တော်သည် စေတနာမှ စေ့ဆော်သောကြောင့်သာ ဆောင်းပါး ရေးပါသည်။ ထို့ကြောင့် ကျွန်တော့်ဆောင်းပါးများသည် စေတနာ အရင်းခံနှင့် ရေးထားခြင်း ဖြစ်ကြောင်း ၀န်ခံလိုပါသည်။
ကျွန်တော့်အနေဖြင့် ဘာသာပြန်ဆောင်းပါးမျိုးလည်း တင်ပြမည်ဖြစ်ပြီး၊ တိုက်ရိုက်ဘာသာပြန်ခြင်းမျိုး မဟုတ်ဘဲ၊ ကျွန်တော့်အယူအဆများကိုပါ ထည့်သွင်းရေးသားရခြင်းကို ပိုမိုနှစ်သက်သူဖြစ်၍ ထိုဆောင်းပါး မျိုးလည်း ပါလာပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ လူတိုင်း ကျွန်တော်နှင့် အတွေးအခေါ်၊ အယူအဆ မတူနိုင်ကြပါ။ ကျွန်တော့်အယူအဆများ မှန်သည်ဟု မဆိုလိုပါ။ တချို့နှင့် အယူအဆ လုံးဝသော် လည်းကောင်း၊ နည်းနည်းသော်လည်းကောင်း လွဲနိုင်ပါသည်။ ကြိုက်သလို ဆုံးဖြတ်နိုင်ပါသည်။ ကျွန်တော် ကတော့ လက်ဆောင်ပါးခြင်းသာ ဖြစ်ပါသည်။
ထိုလက်ဆောင်များကို ကြိုက်သူယူပါလိမ့်မည်။ မကြိုက်သူ ထားခဲ့ပါလိမ့်မည်။ ကျွန်တော့်စေတနာထဲမှ တစ်ခုခုရသွားလျှင် ကျွန်တော့်ဆောင်းပါးများ ချပြရကျိုး နပ်ပြီထင်ပါသည်။
"ကျွန်တော့် မှတ်စု" အတွက်စကားချီး