Sunday, June 10, 2012

" ပင်လယ်ကို မေးထိုးထားတဲ့ မြို့ "


တောင်ရိပ်နဲ့ပင်လယ်
မြင်တယ်ဆိုကတည်းက ကြည်နူးစရာ။

နှလုံးသားမှာ ချစ်စရာတွေ ပြည့်တဲ့မြို့
မေတ္တာနဲ့ဖြည့်လို့ ကြိုတဲ့အခါ
ဟိုမှာ တောင်ရိပ်ညိုညို
ဒီမှာ ပင်လယ်ကမ်းစိုစို
အို-အပြန်လမ်းဆို လွမ်းသလို ဖြစ်တော့မယ်။

ပင်လယ်ကို မေးထိုးထားတဲ့ မြို့လေ
ညို့နေတဲ့ တောင်ရိပ်ကို မှန်းဆပြီး
ပင်လယ်ကမ်းဘေးက လမ်းမကြီးထက်
တမ်းတပြီး မက်ချင်စရာ
နွမ်းလျခရီးအတွက် အလှတွေလို့ဆိုမလား
ညနေခင်း နေရီရီဈေးတန်းနားမှာ
ချွေးလေးတွေတောင် ခန်းသွားခဲ့ဖူးတယ်။

ပြန်လာဦးမှာပါ
ကံကြမ္မာ မဖုံးသာတဲ့နေ့
မမေ့စရာ မြို့တစ်မြို့ဆီ
ကာရန်သီ ရင်ခုန်လှုပ်ရှား
တောင်ရိပ်ကိုစားရင်း ကျေနပ်
ပင်လယ်ဘေးက မြေမှာ မတ်တတ်ရပ်မယ်
အသက်နဲ့ခန္ဓာပြတ်ကွယ်မသွားခင် တစ်ချိန်မှာ။         ။

သားလတ်
၂၉.၃.၂၀၀၅
၂၂း၂၂ နာရီ

[ စစ်တွေသို့ ]

['မြ'တည်းခိုခန်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်တွင် ရေးသည်။]

[ကျွန်တော် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၂၀၀၅ ခုနှစ်တုန်းက အလုပ်တာဝန်အရ ရောက်ခဲ့တဲ့ အချိန်မှာ စစ်တွေ တက္ကသိုလ်နားက 'မြ' တည်းခိုခန်းမှာ တည်းနေတုန်း ညဘက်မှာ စစ်တွေမြို့နဲ့ ပတ်သက်ပြီး ခံစားရေးဖွဲ့ထားတာပါ။ စစ်တွေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။ စစ်တွေမှာ စစ်တွေ မဖြစ်ပါစေနဲ့။ အချစ်တွေ ဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီကဗျာကို တင်လိုက်ပါတယ်။]

9 comments:

နွေတေးရှင် (မင်းဧရာ) said...

သည်လောက်လှတဲ့ နေရာက ပြန်ရတဲ့အခါ အလွမ်းပဲဘယ်နေမလဲ အကိုရာ......။

လူတစ်လုံး သူတစ်လုံးဖြစ်လို့ ကံကြမ္မာမဖုံးသာတဲ့ တစ်နေ့မှာ အဲသည့်ပြည် အဲသည့်ရွာ ကျွန်တော်တို့ဆုံကြဦးမှာ အကို။

3rdthameetaw said...

အေးချမ်းကြပါစေလို့သာ..

3rdthameetaw said...

အေးချမ်းကြပါစေလို့သာ

စံပယ်ချို said...

ခေါင်းစဉ်ပေးထားပုံလေးကလှလိုက်တာရှင်
ကဗျာလေးကလဲအသက်ဝင်လှတယ်
(ကျွန်မရေးထားတဲ့ နှလုံးသားမတူသူများကကွန်မက်လေးရေးခဲ့တာအရမ်းကိုသဘောကျမိပါတယ်
လိုချင်တဲ့နေရာတန်းနေအောင်ကိုရောက်သွားတယ်
ကျေးဇူးတင်ပါရှင်)

အမ်တီအန် said...

အစစအားလုံးအဆင်ပြေအေးချမ်းပါစေလို့ ဆုတောင်းနေမိပါတယ်..။

Candy said...

ကဗျာလေးက ချစ်စရာလေးနော်
အားလုံးအေးချမ်းပါစေ :(

Han Kyi said...

၂၀၀၂ လောက်ကတော့စစ်တွေကို တစ်ခေါက်ရောက်ဖူးတယ်...သူငယ်ချင်းတွေနဲ့ ငပလီကိုသွားရင်း ရောက်ဖြစ်တာပါ...ဒေသအနေအထားက စည်ကားသင့်သလောက်မစည်ကားတာကိုတော့ အမှတ်ထင်ထင်ရှိမိပါရဲ့ဗျာ...တည်းတာကလည်း ငပလီက မြပြင်ရွာမှာ တည်းခဲ့တာဆိုတော့ ရွာသူရွာသားတွေ လုပ်စားကိုင်စားကြရတာတွေလည်း မြင်ခဲ့ဖူးပါတယ်...သတိထားမိသလောက်ကတော့ ပင်ပင်ပန်းပန်း လုပ်စားနေကြရတာချည်းပါပဲ...

ထမင်းတစ်လုပ်အတွက် ရုန်းကန်နေကြရတဲ့ကြားက ဒေသမငြိမ်းချမ်းပြန်တော့ ဘယ်လောက် ကသီလင်တဖြစ်ကြမယ်ဆိုတာ စဉ်းစားမိတိုင်း ရင်လေးတယ် ကိုဆူးသစ်ရေ...

တိုင်းပြည်ကြီး ငြိမ်းချမ်းစေချင်ပါပြီဗျာ...

Angelhlaing(May everybody be happy and healthy! said...

ပင်လယ်ကို မေးထိုးတဲ့ မြို့...လှတယ်အကို..
ခုတော့ အေးချမ်းသွားပြီ လို့ မျှော်လင့်ရတာပဲအကို...

ကိုရင် said...

ကဗျာလေး တော်တော်လှတယ်ဗျ..

Related Posts Plugin for WordPress, Blogger...