Sunday, June 24, 2012

" ကျွန်တော်နှင့် အင်တာနက်အလန်းများ " ( ၃ ) [ သို့မဟုတ်] " သာဂိပြောသော Fuck You"



" Fuck You, Fuck You"

ဟ-ဘာလဲဟ ဆိုပြီး ကျွန်တော့်မျက်လုံး ပြူးသွားခဲ့သည်။ သာဂိ၏ Facebook Status မှာ ခပ်ကြမ်းကြမ်းတက်လာသော စာသားများ။

" သာဂိ........သာဂိ "

ကျွန်တော် g talk မှာ သာဂိကို ခပ်ကြမ်းကြမ်းခေါ်လိုက်သည်။ ဗျာ-အစ်ကို ဆိုပြီး ပြန်တက်လာသည်။ g talk ဖုန်းခေါ်လိုက်၏။

" သာဂိ ညီလေး။ မင်းဘာတွေလျှောက်လုပ်နေတာလဲ "

" ဘာဖြစ်လို့လဲ အစ်ကို "

" ဘာဖြစ်ရမှာလဲ။ မင်းအခုတင်လိုက်တဲ့ Status ကို မင်းနားလည်လား "

" ဆဲတာလေ အစ်ကို "

" ဟာ-ပြောင်လှချည်လား။ ဆဲတယ်ဆိုမှတော့ လူရှေ့သူရှေ့ မင်းက Status တင်မလို့လား "

" တင်းပြီးတင်လိုက်တာပါ အစ်ကို။ ကျွန်တော့်သူငယ်ချင်း ကောင်မလေးတွေ အဲဒါမျိုးကို အားရပါးရ တင်နေလို့ သူတို့မိန်းကလေးတွေတောင် တင်သေးတာ ငါလည်း ဘာဖြစ်လို့မတင်နိုင်ရမှာလဲ ဆိုပြီး တင်ချလိုက်တာ "

သာဂိကတော့ လုပ်ချလိုက်ပြန်ပြီ ဟု ကျွန်တော်တွေးသည်။ ပိုဆိုးသည်က သူ့သူငယ်ချင်းကောင်မလေး များက အားရပါးရတင်နေသောကြောင့်ဟု ဆိုသောစကားက ကျွန်တော့်ကို ပိုအံ့အားသင့်စေသည်။

" မင်းသူငယ်ချင်း ကောင်မလေးတွေက တင်တာ "

" ဟုတ်တယ် အစ်ကို "

ဘာတွေဖြစ်ကုန်ပြီလဲဟု ကျွန်တော်တွေးသည်။ ယောကျာ်းလေးများပင် တော်ရုံပြောမထွက်သော စကားကို မိန်းကလေးများက အားပါးတရသုံးနေသည်တဲ့လား။ ကျွန်တော့်မှာ ပြောစရာ စကားများ ရှိလာခဲ့သည်။

" သာဂိ။ မင်းကို ငါ ပြောပြမယ်။ တစ်ခါက ငါ့သူငယ်ချင်း တစ်ယောက်ပြောတာလေး ပြန်ပြောပြချင်တာပါ "

" ဟုတ်ကဲ့ အစ်ကို "

" တစ်ခါက စင်ကာပူက အလုပ်တစ်ခုမှာ အိန္ဒိယလူမျိုးတစ်ယောက်နဲ့ မလေးတစ်ယောက်နဲ့ ရန်ဖြစ်ရော။ ဖြစ်တော့ ထိုးတာကြိတ်တာ မဖြစ်ခင်ဘဲ ရုံးကို ရောက်သွားတယ်တဲ့။ ရုံးက HR က မန်နေဂျာ အမျိုးသမီးဆီမှာ သွားပြီးရှင်းရတာပေါ့။ အဲဒီမှာ နှစ်ဖက်စလုံးက သူမှားတယ်၊ ငါမှန်တယ် ရှင်းကြတာပေါ့ကွာ။ အဲဒီမှာပဲ မန်နေဂျာမက မလေးကို နှစ်သိမ့်ပြီး လွှတ်လိုက်တယ်။ ဆုံးမတော့ ဆုံးမလိုက်တာပေါ့ကွာ။ ဒါပေမဲ့ အိန္ဒိယလူမျိုးက မကျေနပ်ဘူး။ အမှန်က သူက မမှားဘူး။ ဒါပေမဲ့ သူကစထိုးသလို ဖြစ်သွားတာ။ အဲဒါကို သိတဲ့ မန်နေဂျာမက သူ့ကိုချည်း လှိမ့်ဆူတော့တာပေါ့။ ရန်ဖြစ်ရင် စင်ကာပူက ပြန်ရတာကိုး။ မင်းလည်း သိတဲ့အတိုင်းပဲ။ စလုံးမှာက ဆူတာဆဲတာကို Fuck You လို့ပဲ သုံးတာလေ။ ဒါပေမဲ့ တစ်ဖက်မှာ အဓိပ္ပါယ်က Fuck ဆိုတာ ခပ်ရိုင်းရိုင်း ပြောရရင် ယောကျာ်းနဲ့ မိန်းမ ဟိုဒင်းဟိုဟာလုပ်တာ။ ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ သံဝါသ ပြုတာပေါ့ကွာ။ အဲဒါကို အခြေအနေနဲ့ အချိန်အခါ နားမလည်တဲ့ အိန္ဒိယလူမျိုးက မန်နေဂျာ အမျိုးသမီးကို ဘာပြောလိုက်တယ် မှတ်လဲ "

" ဘာပြောလိုက်လို့လဲ အစ်ကို "

သာဂိကား စိတ်ဝင်တစား မေးရှာသည်။

" နင်က ငါ့ကိုတော့ Fuck ပြီး ဟိုကောင့်ကိုပါ Fuck လေတဲ့။ ငါ့ကိုချည်း Fuck တာတော့ ဘယ်တရားမလဲ။ ဟိုကောင်လည်း ငါနဲ့ဖြစ်တာ။ ဟိုကောင်စလို့ ငါက ပြန်လုပ်တာ။ အဲဒါကို ဟိုကောင့်ကို မ Fuck ဘဲ ငါ့ကို Fuck တယ်ဆိုတာ နင်တို့ မတရားဘူးတဲ့။ Fuck တယ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးက မျှတမှ ကောင်းမှာပေါ့ တဲ့။ ဟာ-ဘာပြောကောင်းမလဲ သူက ဆက်တိုက်ချည်းပဲ တစ် Fuck Fuck နဲ့ ပြောတာ။ ဟိုဘက်က HR မန်နေဂျာမ ခမျာ အမျိုးသမီးဆိုတော့ နေစရာကို မရှိတော့ဘူး။ မျက်နှာကို နီရဲပြီး ထွက်ပြေးရတဲ့ အဆင့်ရောက်ရော။ သူ့လက်အောက်က ဒုမန်နေဂျာခေါ်ပြီး ရှင်းခိုင်းလိုက်ရရောတဲ့။ ဒုမန်နေဂျာက ယောကျာ်းလေးလေ "

" ဟား....ဟား....ဟား "

သာဂိကား အော်ကြီးဟစ်ကျယ် ရယ်ပါတော့သည်။ ကျွန်တော်က စကားစကို ခဏရပ်၏။

" တကယ်တော့ အဲဒီ အိန္ဒိယလူမျိုးပြောတာ ဆူတာကို ပြောတာပါ။ စလုံးမှာ ဆူတာက မင်းလည်း သိတဲ့အတိုင်းပဲ။ Fuck တယ်လို့ပြောတာကိုး။ ဒါပေမဲ့ အဲဒါက ယောကျာ်းလေးချင်းကြားမှာလေကွာ။ မိန်းမတစ်ယောက်ရဲ့ ရှေ့မှာ အဲဒီလို သွားပြောရင်တော့ စဉ်းစားသာကြည့်တော့။ အဲဒါဆူတယ် ဆိုတဲ့ အဓိပ္ပါယ်ထက် တခြား ဟိုဒင်းဟိုဟာ ပြုတယ် ဆိုတဲ့ အဓိပ္ပါယ်က ပိုများနေတယ်။ ဒီတော့ စလုံးမ ခမျာ အဲဒီ အိန္ဒိယလုပ်တာနဲ့ ထွက်ပြေးရပါလေရော။ ဒီ Fuck ဆိုတဲ့ စကားက နေရာနဲ့ လူကိုကြည့်ပြီး သုံးရတာမျိုးကွ။ တချို့ကလည်း စိတ်အရမ်းတိုလို့ ဆဲတာဆိုပြီး သုံးကြတာ။ ဒါပေမဲ့ ဒီလိုစကားမျိုးတွေက လူရှေ့သူရှေ့ကို သယ်မလာသင့်ဘူး။ အထူးသဖြင့် အစ်ကိုတို့လို ယောကျာ်းလေးတွေတောင် အချင်းချင်းကြားမှာပဲ အလုပ်ကိစ္စတို့၊ ဘာတို့မှာ တင်းပြီးပြောမှ သုံးတာ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ် သုံးလေ့မရှိဘူး။ တော်တော်စိတ်ဆိုးလို့ သုံးကြတာ။ အဲဒါကို မိန်းကလေးတွေ သုံးတယ်ဆိုတော့ အစ်ကို စဉ်းစားလို့တောင် မရဘူး "

ကျွန်တော်ခဏ နားသည်။ ပြီးတော့ ဆက်ပြောနေမိ၏။

" မင်းမှတ်မိမလားတော့ မသိဘူး။ မာနော့ပ်လေ။ Mr. Who Say လေ" ( သူနှင့် ပတ်သက်ပြီး ကျွန်တော် Mr. Who Say ဆိုသော ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါသည် )

" ဟာ- သိတယ် အစ်ကို။ ဘာဖြစ်လို့လဲ "

" အစ်ကိုတို့ အခုလုပ်နေတဲ့ ပရောဂျက်မှာ မနက်ဖက်မှာ ရွတ်ရတဲ့ Take 5 ဆိုတာရှိတယ်။ Safety နဲ့ပတ်သက်တာပေါ့ကွာ။ အဲဒါ အလုပ်သမားတွေ အလှည့်ကျ ရွတ်ရတယ်။ တစ်ရက်ကို တစ်ယောက် ဦးဆောင်ပြီး ရွတ်ရတာ။ တရုတ်၊ အိန္ဒိယ၊ မြန်မာ စုံအောင်ပေါ့။ ခက်တာက မင်းသိတဲ့ အတိုင်းပဲ။ မာနော့ပ်က ထိုင်း။ နဂိုကတည်းက အင်္ဂလိပ်စာ သိပ်မရဘူး။ ဒါနဲ့ မာနော့ပ်ကို ရွတ်ခိုင်းရင် သူက အင်္ဂလိပ်စာ မကောင်းလို့ မရွတ်ပါရစေနဲ့လို့ ငြင်းတယ်။ ဒါနဲ့ တစ်ရက်မှာ အစ်ကို Site ထဲသွားတုန်း ဘကုန်းလေးတစ်ယောက်က မာနော့ပ်နားမှာ အလုပ်လုပ်နေတော့ သူက မာနော့ပ်ကို စချင်တာနဲ့ အစ်ကို့ကို Safety မာနော့ပ်ကို Take 5 ရွတ်ခိုင်းလေလည်း ဆိုရော မာနော့ပ်က ဘာပြောတယ်ထင်လဲ "

" ဘာပြောလဲ အစ်ကို "

" သူက အားရပါးရကို ထပြောတာနော်။ အဲဒီ ဘကုန်းလေးကို Fuck You တဲ့။ အကျယ်ကြီးပဲ "

သာဂိရယ်သည်။

" အစ်ကိုလည်း မင်းလိုပဲ ရယ်မိတယ်။ သူက တကယ်ကို စိတ်တိုသွားတာကိုးကွ။ သူမနိုင်တဲ့ အင်္ဂလိပ်စာကို ချောက်တွန်းပြီး ပြောခိုင်းတယ်လို့ သူထင်သွားတော့ ချွန်တဲ့ကောင်ကို ဆဲတာပေါ့။ အစ်ကို ပြောချင်တာက မာနော့ပ်ဟာ အလုပ်သမားလေးပါကွာ။ သူက Site ထဲမှာ ဆဲတာ သူမကျေနပ်တာ ရှိလို့လေ။ သူဆဲတာ၊ သူ Fuck You လို့ပြောတာ သူ့အဆင့်နဲ့ဆို ပြောစရာ မရှိပါဘူး။ အခုဟာက မင်းသူငယ်ချင်း ကောင်မလေးတွေက ပညာတတ်တွေ မဟုတ်ဘူးလား "

" ကျွန်တော် သဘောပေါက်ပြီ အစ်ကို။ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် သူငယ်ချင်း ကောင်မလေးတွေကို ကျွန်တော် ကြည့်ပြီး ဆုံးမလိုက်ပါမယ် "

" ဆုံးမတယ်ဆိုတာက နည်းနည်းပြင်းပါတယ်ကွာ။ သူတို့ အမှန်မြင်အောင် ကိုယ်က ရှင်းပြတယ်ဆို လုံလောက်ပါတယ်ကွာ "

" ဟုတ်ကဲ့ အစ်ကို။ ဒါဆို ဒါပဲနော်။ ကျွန်တော်လည်း Status မှာ Fuck You ကိုတင်တာ မလုပ်တော့ပါဘူး "

" အေးပါကွာ။ မကောင်းပါဘူး။ မလုပ်ကြပါနဲ့။ အားလုံးက ပညာတတ်တွေပဲ "

ပြောပြီး ကျွန်တော် g talk ကို ပိတ်လိုက်ပါတော့သည်။

xxxxxxxxxxxxxxx


" Fuck You လား။ လုံးဝ မကျေနပ်ဘူး "

သာဂိ သူငယ်ချင်းမိန်းကလေး တစ်ယောက်က Facebook မှာ တင်ထားသည်။ သာဂိက Like ပေးထားတာ တွေ့၏။ သည်ကောင် တော်တော် ပြောင်တဲ့ကောင် ဟု တွေးသည်။ ပြောတော့ ကျွန်တော့်ကို သူက သူ့သူငယ်ချင်း ကောင်မလေးများကို ဆုံးမလိုက်မည် ဟု ဆိုခဲ့သည့်ကောင်။ ခုတော့ သူက ကြိုက်လွန်းမက ကြိုက်နေသည်။ တစ်ယောက်က Fuck You လုပ်လိုက် သာဂိက Like လုပ်လိုက်ဖြင့် Facebook ပေါ်မှာ Fuck You နှင့် Like လုပ်သည့် ပွဲတော်ကြီး ဖြစ်ထွန်းနေလေသည်။

ကျွန်တော် ဘာမျှမပြောဖြစ်။ ကြည့်ရုံသာ ကြည့်နေသည်။ ခက်တာက ကျွန်တော်နှင့် ခင်သော သာဂိက Like လုပ်တိုင်း ကျွန်တော့် Facebook စာမျက်နှာမှာ အနှီကောင်မလေးများ၏ Fuck You ကြီးက လာလာပေါ်နေသောအခါ နည်းနည်းတော့ နင်ရ၏။ ဖြစ်နိုင်လျှင် ကျွန်တော့် Facebook စာမျက်နှာကို Refresh လုပ်ပြီး သန့်စင်လိုက်ချင်တော့သည်။

သာဂိ သူငယ်ချင်း ကောင်မလေးများမှာလည်း အဘယ်ကဲ့သို့သော စိတ်ခံစားချက်ကြောင့် မသိ။ အားတိုင်းကို ထိုစကားကို တွင်တွင်ကျယ်ကျယ်ကို သုံးနေတော့သည်။

နိုင်ငံရေး၊ တိုင်းပြည်ရေးကို သတင်းဖတ်၍ ဝေဖန်သည်။ မကျေနပ်လျှင် Fuck ပြန်သည် တစ်ခါ။ သူတို့ အလုပ်ကိစ္စကို ရင်ဖွင့်သည်။ မကျေနပ်လျှင် Fuck ပြန်သည်တစ်ခါ။ သူတို့ သူငယ်ချင်း မိန်းကလေးများနှင့် ယောကျာ်းလေးများ အချေအတင် ငြင်းကြ၊ ခုံကြသည်။ မကျေနပ်လျှင် Fuck ပြန်သည်တစ်ခါ။ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါမှန်း မသိအောင် Fuck နေသည်မှာ ကျွန်တော်ဖြင့် မြင်ရ၊ ကြားရကြာလေ ရင်နာလေ ဖြစ်လာ၏။ စလုံးမများလို အင်္ဂလိပ်စကား ယဉ်ပါးနေသူများပင် ရိုင်းသည်ထင်၍ ထွက်ပြေးရသော စကားလုံးကို ကျွန်တော်တို့ မြန်မာမလေးများ အဘယ်ကြောင့် တွင်တွင်ကျယ်ကျယ် သုံးနေသည်ကို ကျွန်တော် အဖြေရှာ၍ပင် မရ။

ပိုဆိုးသည်က သကောင့်သား သာဂိကား Facebook ပေါ်မှ သူ့သူငယ်ချင်း ကောင်မလေးများ၏ Fuck You ကို တစ်ချိန်လုံး ထိုင်၍ Like နေသလား ထင်ရအောင် စိတ်ရှိတိုင်း Like ၍သာ နေတော့သည်။ ကျွန်တော် လိုက်လို့မမီတော့။ တစ်ခါတစ်ခါတော့ သည်ကောင် သူ Status မတင်ရတိုင်း သူများတင်သမျှ Like နေသည်လားဟုတောင် ကျွန်တော်ထင်မိသည်။ သူနားလည်နေတာပဲလေဟု ကျွန်တော် စိတ်ကို ပြန်လျှော့ရ၏။

တစ်ခါတော့ သူ့ကို g talk မှာ တွေ့၍ ကျွန်တော်မေးကြည့်သည်။ မင်းဘာလုပ်တာလဲ ဆိုတော့ အစ်ကို မသိပါဘူး ဆိုပြီး စကားစ ဖြတ်ထားခဲ့ရာ ကျွန်တော်လည်း မေးမနေတော့။ သူ့သဘောသူဆောင်လေတော့ ဟုသာ တွေးရလေတော့သည်။ ထို့ပြင် သည်ဘက်ခေတ် လူငယ်များ မသိသော လောကနီတိ ဆိုသည်ကိုလည်း ပေးဖတ်ချင်မိသေးသည်။

" ကိုယ်ရိုင်းလျှင် အဖ ယုတ်သည်။ နှုတ်ရိုင်းလျှင် အမိ ယုတ်သည် " ဆိုသော လောကနီတိ စကားကို သူတို့မသိတော့။ သိလည်း မျက်ကွယ် ပြုကြလေပြီဟု ကျွန်တော်တွေးမိသည်။ မတတ်နိုင်တော့။

xxxxxxxxxxxxxxxxx

ထိုကာလလေးများ၏ နောက်၊ သိပ်မကြာခင် အချိန်အတောအတွင်းမှာ သာဂိ၏ Status တစ်ခုသည် Facebook ပေါ်ရှိ သူနှင့်ခင်သူများကြားမှာ ပေါ်ပေါ်ထင်ထင်၊ ကြီးကြီးမားမား၊ လှုပ်လှုပ် ခတ်ခတ် ဖြစ်အောင် ကို တက်လာလေသည်။

ကျွန်တော်ကား သာဂိ ဘာလုပ်လိုက်သနည်း ဆိုသည်ကို တွေးရင်း ပြုံးရ၏။ သာဂိ၏ Status ကို ဖတ်၍ သည်ကောင် သည်လိုလားဟု တွေးကာ ရယ်ရ၏။ သာဂိ၏ အကြံကို ပြန်သုံးသပ်ရင်း ဒါကြောင့် သည်ကောင် တစ်ချိန်လုံး သူ့သူငယ်ချင်း မိန်းကလေးများ၏ Fuck You ကို Like နေတာကိုးဟု ဆိုကာ ခုမှ ပြန်စဉ်းစားရင်း သာဂိကို ချီးကျူးရတော့၏။ သာဂိကား အချဉ်မဟုတ်ပါချေ တကား။ ကြည့်ပါဦးလေ။ သာဂိ၏ Status ကို။

" သူငယ်ချင်းတို့- ကျွန်ုပ်သာဂိသည်ကား အသင်တို့၏ Fuck You စကားလုံးပါသော Status များ၊ Comment များ၊ အားလုံးကို အားရပါးရ Like လုပ်ခဲ့ပါ၏။ အထူးသဖြင့် ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်း မိန်းကလေးများက Fuck You ဟု သူတို့ဘာသာ လုပ်လျှင်သော်လည်းကောင်း၊ သူတို့က အခြားယောကျာ်းလေးများကို Fuck You ဟု Comment မှာ ရေးသွားလျှင်သော်လည်းကောင်း၊ ကျွန်ုပ်မှာ နှစ်ခြိုက်လွန်းသောကြောင့် Like လုပ်ရလေ၏။ အသင်တို့ကား မည်သည့်အဓိပ္ပါယ်နှင့် ရေးသည်ကို မသိသော်လည်း ကျွန်ုပ် သာဂိအဖို့မှာကား ထိုသို့ အသင်သူငယ်ချင်း မိန်းကလေးများ၏ Fuck You စာလုံးကို မြင်တိုင်း ရင်ခုန်ရ၏။ ရင်တုန်ရ၏။ တုန်၍ ရသမျှ အကုန်တုန်၏။ ကောင်းလှပေသည်တကား။ အသင်တို့သည် မကျေနပ်ချက်များကို ပေါက်ကွဲမည် ဆိုပါက နောင်အချိန်တွင် တခြားနေရာသို့ မသွားပါနှင့်။ ကျွန်ုပ်သာဂိ၏ Facebook စာမျက်နှာသို့သာ လာ၍ Fuck You ဟု အော်ပါလေ။ ကျွန်ုပ်သာဂိသည်ကား အသင်တို့၏ မကျေနပ်ချက်များကို နားလည်သော်ငြား မပြောသင့်သော စကားကို ပြောသည်ဟု ထင်၍ Fuck You ၏ အဓိပ္ပါယ်ကို ကျွန်ုပ်လူပျိုသာဂိနှင့် သံဝါသပြုချင်၍ ထိုသို့ဆိုသည်ဟု မှတ်ယူမည် ဖြစ်ပါကြောင်းနှင့် အကယ်၍ ကိုယ့်စာမျက်နှာတွင် ကိုယ့်ဘာသာ Fuck You ဟုပြောလျှင်လည်း လာဖတ်သူများနှင့် သံဝါသပြုချင်၍ ထိုသို့အော်ဟစ်နေသည်ဟု ထင်မြင်ကာ ထိုသို့ လူအများသိအောင် မိမိစိတ်ကို မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်သူများကို ဂုဏ်ပြုချင်၍ အားရပါးရ လာ၍ Like မည် ဖြစ်ပါကြောင်း "

ထို Status ၏ နောက်တွင် နောက်ထပ် နောက်ဆက်တွဲက လိုက်လာသည်မှာ......

" မှတ်ချက်- ကျွန်ုပ်၏ ချစ်လှစွာသော ယောကျာ်းလေး သူငယ်ချင်းများကတော့ ထိုသို့ မိမိတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ချင်လျှင် Fuck You ဟု ခဏခဏ ပြောသော မိန်းကလေး သူငယ်ချင်းများ၏ စာမျက်နှာသို့ သွား၍ Fuck You ဟု ရင်ဖွင့်သင့်ပါကြောင်း နှင့် သို့မှသာ နှစ်ဦးနှစ်ဖက် မကျေနပ်ချက်များကို ကျေကျေနပ်နပ်ကြီး ဖွင့်ဟကာ Fuck You ဟု နှစ်ဦးနှစ်ဖက် အဆင်ပြေပြေဖြင့် အာသာဖြေနိုင်မည် ဖြစ်ပါကြောင်း ကျွန်ုပ်သာဂိက မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ "

အာဂ သာဂိပါတကား။ သူ့ကိုယ်သူ သူငယ်ချင်းများ အမုန်းခံ၍ Fuck You ဆိုသည့် ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးကို သူငယ်ချင်းများကြား ရပ်တန့်စေရန် ကြိုးစားခဲ့လေသည်။

သူ့သူငယ်ချင်း ကောင်မလေးများ အမြင်မှန်ရမရတော့ မသိ။ ကျွန်တော်ကတော့ သူ့သူငယ်ချင်း ကောင်မလေးများ လူပျို သာဂိကိုတော့ဖြင့် နေရင်းထိုင်ရင်း အလုပ်အကျွေး မပြုတန်ကောင်းရာဟု တွေးမိနေသေးတော့သည်။ ။

သားလတ်
၂၀း၁၀ နာရီ
၂၄.၆.၂၀၁၂

[ ကျွန်တော် သည်ပို့စ်ကို ရေးမည်ကြံတော့ ထို Fuck You ဆိုသော စကားလုံးကို တော်တော် ချင့်ချိန်၍ မည်သို့ချပြရပါမည်နည်းဟု တွေးခဲ့သည်။ သို့သော်နောက်ဆုံး ကျွန်တော့်စာကို ပို၍ ထင်ရှားအောင် ပြုချင်၍ ထိုမူရင်း စကားလုံးအတိုင်း သုံးခြင်းကသာ ပိုသင့်တော်သည်ဟု ဆုံးဖြတ်၍ သုံးလိုက်ပါသည်။ ထိုစကားလုံး၏ ရိုင်းပြမှုမှာ ကျွန်တော်ပြောချင်သော ဆိုလိုရင်းကို ပိုမိအောင် ရည်ရွယ်ရင်း ဖြစ်ပြီး ထိုအတွက် စာဖတ်သူများကို အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကျွန်တော့်ကို နားလည်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ]

12 comments:

သိင်္ဂါကျော် said...

တစ်ချို့ အဆင့်မရှိတဲ့ အမေရိကန် ရုပ်ရှင်တွေထဲ လမ်းဘေးက black တွေ စကားပြောရင် ဒီစကားလုံးကို ခဏ ခဏ သုံးလေတော့ ဒါတွေကြည့်ပြီး အကျင့်များ ပါသွားကြလေသလား.. ☹

mstint said...

ဒီလိုအသုံးအနှုံးတွေမမြင်ချင်မှအဆုံးပဲ မောင်ဆူးသစ်ရေ။ ခေတ်ရေစီးကြောင်းနဲ့အတူ အသုံးပြုသူတို့အတွက်တော့ ထမင်းစားရေသောက်ဖြစ်နေတယ် ထင်ပါရဲ့နော်။ မန်နေဂျာမလေးဖြေရှင်းရတဲ့ကိစ္စကလည်းမလွယ်ဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဟုတ်တယ်ဗျို့ အဲ့ဒါမျိုးတွေ မြင်ရ တွေ့ရ ကြားရတာတော်တော်များတယ်။အီးလိုဆဲတာကို ခေတ်မီတယ်ထင်တဲ့ ကောင်မလေးတွေလဲရှိတယ်။

စံပယ်ချို said...

အနောက်တိုင်းရုပ်ရှင်တွေထဲမှာတော့မကြာခဏတွေ့ရ
ကြားနေရတယ်
လူအများစုက မကောင်းတာတွေကို အကျင့်ပါလွယ်သလိုပါပဲ
မကောင်းဘူးဆိုတာသိလဲ မစွန့်နိုင်ကြဘူးရှင်

Angelhlaing(May everybody be happy and healthy! said...

ကျေးဇူးပါ အကို...

အမ်တီအန် said...

လူချင်းမမြင်ရဘူးဆိုတိုင်း လွယ်လွယ်လေးနဲ့ ဆဲနေကြတာ အတော် စိတ်ပျက်စရာ။ မိန်းကလေးတွေကပါ ဖက်ရှင်တစ်ခုလို လိုက်ဆဲ၊ Likeလုပ်သူတွေကလဲ ပျော်ပျော်ကြီး likeနဲ့၊ အဲ့လို status တွေ တွေ့ရင် ဝေးဝေးက
ရှောင်နေလိုက်ပါတယ်။ သူရို့မိဘတွေက မဆုံးမထားကြဘူးလားမသိ..။

အမ်တီအန် said...

လူချင်းမမြင်ရဘူးဆိုတိုင်း လွယ်လွယ်လေးနဲ့ ဆဲနေကြတာ အတော် စိတ်ပျက်စရာ။ မိန်းကလေးတွေကပါ ဖက်ရှင်တစ်ခုလို လိုက်ဆဲ၊ Likeလုပ်သူတွေကလဲ ပျော်ပျော်ကြီး likeနဲ့၊ အဲ့လို status တွေ တွေ့ရင် ဝေးဝေးက
ရှောင်နေလိုက်ပါတယ်။ သူရို့မိဘတွေက မဆုံးမထားကြဘူးလားမသိ..။

မဒမ်ကိုး said...

နားနဲ့မဆန့်အောင်စိတ်ပျက်မိပါရဲ့

ခနွဲ said...

အခုခေတ် ကလေးတွေက ပိုရိုင်းလာကြတယ်ထင်တယ်....ကျွန်တော်လည်း ငယ်ပါသေးတယ်.....ဒါပေမယ့်ပေါ့လေ......

မီဒီယာတွေရဲ့ လွှမ်းမိုးမှုလို့ ထင်မိတယ်ခင်ဗျ...

Han Kyi said...

အနောက်တိုင်းမှာတော့ ယောက်ျားတွေချည်း သီးသန့်ရှိနေတဲ့နေရာမျိုးမှာ သုံးတဲ့ ယောက်ျားစကားဆိုတာ ကြားဖူးတာပဲ ကိုဆူးသစ်ရေ...ထုံးစံအတိုင်း အောက်ပိုင်းစကားတွေပဲ ဖြစ်မှာပေါ့...သူရို့ဆီမှာက စိတ်ခံစားချက်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပစ်တာကို အတော်ဦးစားပေးကြတာမဟုတ်လား...ဒါပေမယ့် အနှီ F word ကိုတော့ တကယ်အဆင့်အတန်းရှိတဲ့ ( ပညာတတ်ကို မဆိုလိုပါ ) လူတွေက အထိုက်အလျောက် ရှောင်ကြတာ သတိထားမိပါတယ်...

ကိုယ့်လူမျိုးကလည်း သူများနိုင်ငံက မကောင်းတာ ဟူသမျှကို ဒိုင်ခံပြီး လေလံဆွဲထားသလား ထင်ရအောင် အတုယူကြတာကိုးဗျာ...ကျန်တာတွေ အတုယူစရာ ဒီလောက်များနေတာကျတော့ နမူမစိုက်ကြဘဲကိုး...

အနောက်တိုင်း ရုပ်ရှင်တွေထဲမှာလည်း အဆင့်နိမ့်တဲ့ လူတန်းစားတွေကပဲ ဆဲနည်းပေါင်းမျိုးစုံအောင် ဆဲကြတာ သတိထားမိပါရဲ့...အောက်တန်းလွှာတွေက God Damn it လို့ ဆဲကျတာတောင် Blasphemy လို့ခေါ်တဲ့ ဘုရားကိုပစ်မှားခြင်းလို့ သတ်မှတ်ပြီး အဆင့်ရှိ အသိုင်းအ၀ိုင်းမှာ G Damn it လို့ ၀ိနည်းလွတ်ဆဲကြတယ်ဆိုကိုးဗျ...

ကွန်မန့်အတော်ရှည်သွားတယ်ဗျာ...ခပ်ရှင်းရှင်းပြောရရင်တော့ ကျွန်တော့်ကိုလာပြီး ဘယ်လိုသဘောမျိုးနဲ့ပဲ ဖြစ်ဖြစ် F နဲ့လာဆဲရင်တော့ နရင်းထအုပ်မိမှာ သေချာတယ်...ကိုရင်သာဂိလိုတော့ သဘောထားကြီးနိုင်မှာ မဟုတ်ဘူးထင်တယ်း)

သက်ဝေ said...

Well said...
Thanks.

နွေတေးရှင် (မင်းဧရာ) said...

အင်း......
ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး အကိုရာ
ပိုစ့်ကိုဖတ်လိုက်တော့ ပထမ ဦးဆုံး အကိုရဲ့ ဇာတ်လိုက်ကြော်ကြီး သာဂိ ရဲ့ ဘွင်းဘွင်းရှင်းရှင်း ရှိမှု့ကို တွေ့လိုက်ရသလို ငယ်ထိပ်ကို ဖနောင့်နဲ့ပေါက်ပြီး ဆုံးမနေတဲ့ သူ့ပင်ကိုယ်ဟန်ကိုလည်း
မြင်လိုက်မိပါရဲ့ အကိုရာ....

သို့ပေသည့် ပြောစရာကျန်နေတာက မြန်မာမိန်းခလေး များဖြစ်၏.....
ဘယ်လိုအမြင်တွေ ဘယ်လိုအတွေးအခေါ်တွေနဲ့ အတုယူသင့်တာတွေကို မယူကြပါဘဲ အတုမယူသင့်တာ တွေကိုမှ တနင့်တပိုး သယ်ယူနေကြသလဲဆိုတာကို နားမလည်ဘူး ဖြစ်နေရပါတယ်....

အဲ...အခုလိုများ ကျွန်တော်တို့ပြောနေကြတာတွေ များ သင်းတို့ တစ်တွေတွေ့သွားကြမယ်ဆိုရင် ကျွန်တော့်တို့ တစ်တွေအား အတွေးအခေါ် ခေါင်းပါးလွန်းနေသူတွေလို့ ပြောနေကြမှာကိုလည်း မြင်မိနေသေးရဲ့ အကိုကြီးရေ....။

Related Posts Plugin for WordPress, Blogger...