Sunday, July 15, 2012

" အနေဝေးလည်း....... "


ခဏလေးတော့ ဝေးမယ်
အချိန်တွေလည်း နည်းနည်းပေးရမယ်
ဒါပေမဲ့........မငိုကြေးနော်။

ရင်ခုန်သံက လှိုင်းတွေဖြစ်ရင်
ပင်လယ်ဘက်ကို တိုးဝင်မယ်
ပြီးမှ....ချစ်သူ့ရင်ခွင်ဆီကိုနော်။

ထိတွေ့လို့မရဘူး
အသိအငွေ့တွေတော့ အမြဲကျန်မယ်
ရင်ထဲမှာခံစားချက်တွေ ရှိနေသရွေ့နော်။

ဒဏ်ရာနဲ့မဟုတ်ဘူး
ပြန်လာမှ တိုးချစ်မယ်
အခိုးအငွေ့အဖြစ်နဲ့ နမ်းပါရစေဦးနော်။

ဘယ်တော့မှ ယဉ်ပါးမသွားဘူး
အမြဲတမ်း ရိုင်းရိုင်းလေးရွေ့လျားနေမယ်
ကိုယ်တို့ရင်ထဲက မေတ္တာလှိုင်းတွေ အသက်ရှည်သရွေ့ပေါ့နော်။ ။

သားလတ်
၂၂း၅၈ နာရီ
၁၅.၇.၂၀၁၂

(ကျွန်တော်နှင့် ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးအတွက်ပါ)

19 comments:

mstint said...

ရင်တွင်းခံစားချက်ကဗျာလေးကောင်းတယ်။ ပါရမီဖြည့်ဖက်လေးလည်းကဗျာလေးဖတ်ပြီး ကြည်နူးနေမှာအသေအချာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ခဏလေးတော့ ဝေးမယ်
အချိန်တွေလည်း နည်းနည်းပေးရမယ်
ဒါပေမဲ့........မငိုကြေးနော်----

စစချင်း စိတ်ဝင်ဖို့ကောင်းလှတယ့် ကဗျာလေး
လာရောက်ဖတ်ခဲ့ပါပြီရှင်
ကိုဆူးသစ်မဟေသီသဘောကျမှာပါ
(အကိုဆူးသစ်ကိုကိုလွင်ပြင်ကျေးဇူးတင်နေတာ
တစ်နှစ်ပြည့်ထဲမှာရေးထားပါတယ် စာတွေပြင်ပေးလို့)
ကိုဆူးသစ်မဟေသီသဘောကျမှာပါ

The Sea Breeze said...

ဝေးနေရတဲ့ ခဏဆိုတာ ရှည်ကြာလွန်းလှတယ်၊ မယ်တရွာ မောင်တမြို့ နေရတဲ့ ကျွန်တော်တို့လို ဘ၀တွေ ဘယ်လောက်တောင် များနေပြီလဲ။

ကုမာရ စက်ပြင်း

The Sea Breeze said...

ဝေးနေရတဲ့ ခဏဆိုတာ ရှည်ကြာလွန်းလှတယ်၊ မယ်တရွာ မောင်တမြို့ နေရတဲ့ ကျွန်တော်တို့လို ဘ၀တွေ ဘယ်လောက်တောင် များနေပြီလဲ။

ကုမာရ စက်ပြင်း

The Sea Breeze said...

ဝေးနေရတဲ့ ခဏဆိုတာ ရှည်ကြာလွန်းလှတယ်၊ မယ်တရွာ မောင်တမြို့ နေရတဲ့ ကျွန်တော်တို့လို ဘ၀တွေ ဘယ်လောက်တောင် များနေပြီလဲ

ကုမာရ စက်ပြင်း

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တာ..အကို... ချစ်ခြင်းမေတ္တာတွေ စီးဆင်းနေတဲ့... ကဗျာ ချိုချိုလေး...:):)

အလင်းသစ် said...

ဘယ်တော့မှ ယဉ်ပါးမသွားဘူး
အမြဲတမ်း ရိုင်းရိုင်းလေးရွေ့လျားနေမယ်
ကိုယ်တို့ရင်ထဲက မေတ္တာလှိုင်းတွေ အသက်ရှည်သရွေ့ပေါ့နော်။ ။

အကိုရေ ဒီအပိုဒ်လေးတော့ တကယ်ကြိုက်မိတယ်။။။

အလင်းသစ် said...

I like this poem !!!!

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက လှလိုက်တာ ။

သတိုး said...

"ဝေးနေဆဲ စက္ကန့်လေးတွေ စိန်... စီ ထားဦး ပေါ့ အချစ်ရယ်"
.... အဲဒီ သီချင်းဟောင်းလေးကို သတိရမိတယ် ကိုဆူးသစ်။ အလွမ်းများဝေးပါစေဗျာ။

ခင်မင်သော သတိုး

Candy said...

လှိုင်းလေးနဲ့ ဥပမာပြ စပ်ဆိုထားတာ သဘောကျတယ် အစ်ကိုရေ :D :D

3rdthameetaw said...

ကောင်းတယ်ဗျာ..နှလုံးသာနူးညံသူတွေ
ခံစားလို့အသက်ဝင်နေတဲ့ကဗျာလေးတွေပါပဲ

3rdthameetaw said...

ကောင်းတယ်ဗျာ..နှလုံးသာနူးညံသူတွေ
ခံစားလို့အသက်ဝင်နေတဲ့ကဗျာလေးတွေပါပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေး ကောင်းလိုက်တာ..
တကယ်ကို သဘောကျသွားတယ်။
ဒဏ်ရာနဲ့မဟုတ်ဘူး
ပြန်လာမှ တိုးချစ်မယ်
အခိုးအငွေ့အဖြစ်နဲ့ နမ်းပါရစေဦးနော်။ ဆိုတာလေးလည်း သဘောကျတယ်
စကားလုံးတွေ အကုန်လုံးက တကယ့်ခံစားချက်အပြည့်ပါဘဲ။
အမြန်ဆုံးပြန်လည် ဆုံဆည်းခွင့်ရကြပါစေရှင်.

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးက ကြည်နူးစရာ ကောင်းလိုက်တာ။ ပါရမီဖြည့်ဖက်ကလေးတော့ ဒီကဗျာလေးဖတ်ပြီး ကျေနပ်ပျော်ရွှင်နေလိမ့်မယ် ဖြစ်ခြင်း။

ခင်မင်စွာနဲ့
မြတ်ပန်းနွယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးက ကြည်နူးစရာ ကောင်းလိုက်တာ။ ပါရမီဖြည့်ဖက်လေးတော့ ဒီကဗျာဖတ်ပြီး ကျေနပ်နေလိုက်မယ်ဖြစ်ခြင်း။

ခင်မင်စွာနဲ့
မြတ်ပန်းနွယ်

အလွမ်းမြို့ said...

ကဗျာလေးက အသက်ဝင်တယ်။
အားပေးနေမယ်။
ခင့်ချိတ်သွားတယ်နော်။

လရိပ်အိမ် said...

ကဗျာလေးကြိုက်တယ်

ikilomikemike said...

ခဏ
ခဏ ဆိုတဲ့ စကား နဲ့
ခဏ ခဏ ခွဲသွားတဲ့
ခဏ တာအိမ်မက် ထဲက
ခဏ ချစ်ရတဲ့ သူ………
ခဏ ခဏ လွမ်း ရ လို့
ခဏ ခဏ မျက်ရည်တွေ ဝေ ခဲ့ရပေါ့………….
ခဏ လောက် ပြန်ခဲ့ပါ ငါ့ရဲ့ ရင်ခွင် ဆီ
ခဏ လောက် ထပ်ချစ် ခြင်လို့………………

ကုမာရ စက်ပြင်း
၀၉း၁၀ နာရီ ( GMT +3:30)
၁၇-၀၇-၂၀၁၂

Related Posts Plugin for WordPress, Blogger...