Friday, May 15, 2015

"မကျရှုံးတဲ့ငါ"

 သူများနိုင်ငံမှာ ငါဟာ
ဘယ်တော့မျှ မကျရှုံးစေရဘူး။

ငါဆိုနေမယ်
မြန်မာနိုင်ငံတော်သီချင်းကို။

ငါတမ်းတနေမယ်
ငါချစ်တဲ့အမိမြေကို။

ငါမှန်းဆနေမယ်
ငါ့မိဘ၊ငါ့ဇနီး၊ငါ့ညီအစ်ကို၊ငါ့ဆွေမျိုး၊ငါ့သူငယ်ချင်း
ငါနဲ့ပတ်သက်တဲ့အရာအားလုံးကို။

ငါတိုင်တည်နေမယ်
ငါလေးစားတဲ့ဗိုလ်ချုပ်ကို။

ငါစီးမျောပစ်မယ်
ငါ့သွေးချင်းတွေရဲ့ဧရာဝတီထဲကို။

ငါဦးခိုက်နေမယ်
ငါတို့ယဉ်ကျေးမှုနယ်မြေပုဂံကို။

မှတ်ထား......
မင်းတို့တိုင်းပြည် မင်းတို့နိုင်ငံသား
မင်းတို့နှလုံးသားကသိပ်ချစ်သလို
ငါတို့တိုင်းပြည် ငါတို့နိုင်ငံသား
ငါတို့နှလုံးသားကလည်းသိပ်ချစ်ပါတယ်။
ငါတို့တိုင်းပြည် ငါတို့နိုင်ငံသား
ငါတို့နှလုံးသားကိုလည်း သူတို့ချစ်ပါတယ်။

စိတ်ချ.......
သူများနိုင်ငံမှာ ငါဟာ
ဘယ်တော့မျှ မကျရှုံးစေရဘူး။ ။
သားလတ်
၁၆း၄၈ နာရီ
၂၀.၆.၂၀၁၃

1 comments:

Cameron said...

အင်အားသိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကိုလာဖတ်သွားပါတယ်...။ လာမလည်ဖြစ်တာကြာပြီ..။ ခုဘလော့လဲမရေးဖြစ်တော့ပါဘူး...။ ပို့စ်အဟောင်းတွေပြန်ဖတ်ရင်း ကိုဆူးသစ်လာပြီးကော်မန့်ပေးသွားတာကိုဖတ်မိလို့ သတိတရလာဝင်လည်သွားပါတယ်...။ခုချိန်ထိ ပို့စ်တွေကို ပုံမှန်တင်နေနိုင်သေးတာကိုလည်းချီးကျူးပါတယ်...။ အမြဲအားပေးလျက်ပါ...း)

Related Posts Plugin for WordPress, Blogger...