Saturday, October 8, 2011

" မျှော်လင့်စရာ မရှိတော့သော မျှော်လင့်ခြင်း "


ငိုကြွေးခြင်းရေများစွာဟာ
လိုချင်တပ်မက်မှုကုလားအုပ်ရဲ့ဘို့ထဲမှာပါလာတာမေ့လို့
ဒုက္ခသဲမုန်တိုင်းတွေကြားမှာလျှောက်မိနေတယ်။

ပျော်ရွင်ဝမ်းသာခြင်းစမ်းရေဟာ
ကန္တာရတစ်ဘက်မှာ အိပ်ပျော်နေဆဲ
ကုလားအုပ်တစ်ကောင်တည်း ခရီးနှင်မြဲလေ။

လမ်းတစ်လျှောက် ပင်ပန်းခြင်းကိုမျိုချလို့
စိတ်ဓါတ်အစာအိမ်ကို အားဖြည့်ခဲ့ရ
ခရီးဆုံးရဲ့အစ မြင်လိုက်ရခိုက်
ကုလားအုပ်အသည်းနှလုံးတွေ သံချေးလိုက်လို့
ချွတ်တိုက်မရတော့ဘူးထင်ပါရဲ့။

ကြည့်စမ်းပါဦးလေ
မျှော်လင့်ခြင်းကန္တာရဟာ
ဆန္ဒမီးတောင်အရှင်ရဲ့ခြေရင်းမှာအဆုံးသတ်ဆဲ
ဝမ်းနည်းခြင်းလေပြင်းတွေ
သူ့အပါးမှာတိုက်ခတ်နေတယ်လေ။ ။

သားလတ်

(၁၉၉၄ ခုနှစ်၊ ဩဂုတ်လ၊ ရွှေသမင်မဂ္ဂဇင်း)
[ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]


5 comments:

စံပယ်ချို said...

ကြည့်စမ်းပါဦးလေ
မျှော်လင့်ခြင်းကန္တာရဟာ
ဆန္ဒမီးတောင်အရှင်ရဲ့ခြေရင်းမှာအဆုံးသတ်ဆဲ
ဝမ်းနည်းခြင်းလေပြင်းတွေ....
စကားလုံတွေသုံးထားတာအရမ်းလှတယ်...
ကဗျာကောင်းလေးဖတ်ခဲ့တယ်

mstint said...

"လမ်းတစ်လျှောက် ပင်ပန်းခြင်းကိုမျိုချလို့
စိတ်ဓါတ်အစာအိမ်ကို အားဖြည့်ခဲ့ရ" ဆိုသလို အသက်ရှင်နေသ၍တော့ မရှိတဲ့အားအင်ကို ဖြည့်ဆည်းရင်း ဘဝခရီးဆုံးတိုင် မျှော်လင့်ခြင်းများစွာနဲ့ လျှောက်လှမ်းရအုံးမှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဘ၀ အတွက်ရှေ့ဆက်ရမယ့် အရိပ်တွေ ထင်နေတဲ့
ကဗျာလေး ကို ဖတ်သွားတယ်အကို ။

သုံးထားတဲ့စကား လုံးလေးတွေကလည်း
ကဗျာရဲ့ ဆိုလိုရင်းကို စာဖတ်သူကို အလွယ်တကူသိစေပြန်တယ်။

ကျွန်တော့် mail ကိုထားခဲ့တယ်အကို
အကို သိစေချင်တဲ့ အကြောင်းအရာ လေးတွေကို
အလွယ်တကူ ပို့လို့ရအောင်လို့ပါ သိသင့်တယ် လို့ထင်တဲ့ အကြောင်းအရာ ဗဟုသုတ အထူးသဖြင့် ကဗျာ တွေနဲ့ပတ်သက်လို့ပေါ့ အကို အကုန်ပို့ပေးပါ
အကို့ မေး ကို အက်ရအောင်လည်း ကျွန်တော်က မသိဘူးအကိုရ အဲဒါကြောင့် ကျွန်တော့် မေး ကိုပဲထားခဲ့တယ် ကျေးဇူးပြုပြီး အက် ပေးပါဗျာ။

moekyawthu.1981@gmail.com

Angelhlaing(May everybody be happy and healthy! said...

ဖတ်နေရင်း လျှောက်နေတဲ့ လမ်းတွေအကြောင်း စဉ်းစားမိရင်း... အတွေးတွေနဲ့ ချာချာလည်သွားတယ်အကို...
ခံစားအားပေးလျှက်ပါအကို...
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်ခင်ဗျာ

Related Posts Plugin for WordPress, Blogger...