Wednesday, February 1, 2012

"ကျွန်တော့်မှတ်စု" ( ၁၀ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ စက်မှုတက္ကသိုလ်တွင် အဆောင်နေကျောင်းသူကျောင်းသားများအား တစ်နှစ်တစ်ခါ အထူးညစာ ကျွေးပြီး ယင်းညတွင် နှစ်လည်ညစာစားပွဲ အထိမ်းအမှတ် အဖြစ် နေ့ကျောင်းသား၊ ကျောင်းသူကော၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများပါ ပါဝင်တင်ဆက်ကြသည့် ခမ်းနားသိုက်မြိုက်လှသော အနုပညာတင်ဆက်ပွဲ တစ်ခု ကျင်းပလေ့ရှိသည်။ ( ယခုနောက်ပိုင်းတွင် ယင်းတင်ဆက်မှု အစဉ်အလာ ကျန်သေးသလား၊ မကျန်တော့ဘူးလား မသိရပါ။ )
[ '၀တ္ထုရေးသော မမြင့်ခိုင်' ဆောင်းပါးမှ- မမြင့်ခိုင်၊ ရင်ခွင်သစ်မဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၄ခုနှစ်]

+ သူတို့ကျောင်း၌ သောကြာနေ့တိုင်း ထုတ်ဝေသည့် စာကူးစက်နှင့် လှိမ့်ထားသော ' စက်မှုသတင်းစဉ်' စာစောင်ရှိသည်။
၁၉၇၀ခုနှစ်ဝန်းကျင်- သဇင်က စဥ့်ကူနှင့်ပေါင်း၊ ၄ နာရီမှ ၆ နာရီအထိ မုန့်လုံးရေပေါ်ကျွေး။ [တန်ဆောင်တိုင်ည]။ မြသီရိက ပေါင်မုန့်အုန်းနို့ဆမ်းကျွေး။ ဒီ၊ အီး၊ အက်ဖ်နဲ့ မြသီရိက ပေါင်းတယ်။
အေ၊ဘီ၊စီက ဂျီဟောနဲ့ပေါင်းတယ်။ ညနေပိုင်း ကြာဆံဟင်းခါးနဲ့ ရှောက်သီးသုပ်၊ ညပိုင်းမှာ အဆိုအက၊ မြသီရိက ဂျီဟောမှာလာပေါင်း။ ည ၉ နာရီအထိ။ မနက် ၆ နာရီမှာ ဒူးယားဆောင်က ကထိန်သင်္ကန်းကပ်ပြီး မုန့်ဟင်းခါးကျွေး။

+ ရွှေရတု - Chemical က ယိုးဒယားမုန့်ဟင်းခါး။ Textile က လွယ်အိတ်၊ Mining က လက်ဖက်ရည်ဆိုင်မှာ ဒူးယားရောင်း။ လာဝယ်ပြီး သောက်တဲ့သူတွေကို ရုပ်ရှင်မင်းသမီးတွေက မီးညှိပေး။ Mech: ကလက်ဖက်ရည်။ တက္ကသိုလ် ဓမ္မာရုံရှေ့မှာ ရဟတ်လှည့်။

+ ရွှေရတုနားနီးလေလေ အလုပ်ရှုပ်လေ ဖြစ်လာသည်။ စက်မှုအသင်းက ဆိုင်ခန်းကိစ္စ၊ ရောင်းချရေး အစီအစဉ်များ၊ ဒါတွေအတွက် အစည်းအဝေး ခဏခဏလုပ်သည်။

+ စက်မှုသတင်းစဉ်ကလည်း ရွှေရတုအတွက် အထူးထုတ်ပြုလုပ်ပြီး တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံသို့ သွားရောင်းရန် စီစဉ်ထားသည်။ တစ်စောင်- ၅၀ါး

+ မဂ္ဂဇင်းစာအုပ်များထုတ်ပေးသောအခါ ကျောင်းသားကတ်ပြပြီး ထုတ်ရသည်။ မဂ္ဂဇင်းစာအုပ်များ ဖြန့်ချိဖို့ အစည်းအဝေး လုပ်ရသည်။
[ 'ကံ့ကော်တန်းက လွမ်းချင်းရှည်' လုံးချင်း ၀တ္ထုမှ - မောင်စိန်ဝင်း(ပုတီးကုန်း)]


5 comments:

လွင်ပြင်လှိုင်းငယ် said...

မှတ်စုလေးကို အားပေးသွားပါတယ်

စံပယ်ချို said...

အကိုရဲ့မှတ်စုလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး...
ဒါလေးတွေ ပြန်တွေးတော့ ပျော်သလိုလို လွမ်းသလိုလိုဖြစ်နေရောပေါ့နော်။

Angelhlaing(May everybody be happy and healthy! said...

မှတ်စုဆိုတဲ့ အတိုင်း စုထားချင်စရာ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေပါလား အကို..

Han Kyi said...

ဒူးယားရောင်းပြီး မင်းသမီးတွေက မီးညှိပေးတဲ့ စိတ်ကူးကို သဘောကျပါဘိ ကိုဆူးသစ်ရယ်...အဲဒီခေတ်က ဒူးယားစီးကရက်ဆိုတာကလည်း အတော့်ကို လူကြိုက်များခဲ့တာကိုး...ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုတွေထဲမှာ မကြာခဏဆိုသလို ဒူးယားသောက်တာ ထည့်ထည့်ရေးလွန်းတာ သတိထားမိတယ်...

အေးဗျာ...အချိန်တွေ ပြောင်းသွားပေမယ့် သမိုင်းနဲ့ မှတ်စုဆိုတာ ဟောင်းမသွားတဲ့ အရာတွေပါပဲ...နောက်ထပ်လာမယ့် မှတ်စုတွေကိုလည်း အားပေးလျှက်ပါ...

Related Posts Plugin for WordPress, Blogger...