Saturday, October 13, 2012

" မနက်ဖြန် ခန္ဓာ "


မနေ့ကလိုတော့ မဟုတ်
ရုတ်တရက်ပဲ ငါ ပြောင်းလဲသွားတယ်
( ပြီးမှ..) မနက်ဖြန်တွေထဲ ၀ဲလှည့်ရင်းပေါ့။

ဘယ်သူမှ မခေါ်ဘဲ လာထားတာ
ခြေရာတွေများခဲ့ပြီ ဒီလောက
ဩကာသလောက်ကိုပဲ တရားလို့ထင်နေမလား
တစ်နှစ်ပြီးတစ်နှစ် ငါ့ကိုစားလာတာလေ။

နေရဦးမယ်
( ပြီးတော့..) ဖွေရဦးမယ်
( အဲဒီနောက်..) ထပ်ပြီး ဘ၀ရှည်ရဦးမယ်လို့
သံသရာဟောစာတမ်းတွေ ရေးချင်ရေးကြမယ်
( သေချာတာက..)
မေတ္တာတေးတွေလည်း အသစ်ကြားချင်တယ်
ချစ်စရာလေးတွေလည်း အစစ်ဖွားချင်တယ်
ညစ်စရာလေးတွေလည်း လွှင့်ပစ်ထားချင်တယ်
( မွေးနေ့ရယ်..)
မနက်ဖြန် ငါ့ခန္ဓာအသစ်ကို ရာဇ၀င်ထဲ သယ်ဆောင်ဖြစ်ချင်တယ်။            ။

သားလတ်
၁၂.၁၀.၂၀၁၂
၁၉း၂၆ နာရီ

[ STRUCTURE-01, HDS 5, BUGIS PROJECT တွင်ရေးသည်။ ]
{ ကျွန်တော့်အခင်ဆုံး သူငယ်ချင်းတစ်ယောက်၏ ၁၂.၁၀.၂၀၁၂ တွင် ကျရောက်သော မွေးနေ့အတွက် အမှတ်တရ ရေးပေးခဲ့သောကဗျာဖြစ်ပါသည်။}


                                                               

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...


မွေးနေ့ရှင်ရော ကဗျာရေးသူပါ ကိုယ်စိတ် ကျန်းမာပြီး မနက်ဖြန်တိုင်းမှာ မေတ္တာတေးသံတွေ ကြားနိုင်ပါစေ..

မြတ်နိုးသူ said...


မနေ့ကလိုတော့ မဟုတ်
ရုတ်တရက်ပဲ ငါ ပြောင်းလဲသွားတယ်
( ပြီးမှ..) မနက်ဖြန်တွေထဲ ၀ဲလှည့်ရင်းပေါ့။

ဘယ်သူမှ မခေါ်ဘဲ လာထားတာ
ခြေရာတွေများခဲ့ပြီ ဒီလောက
ဩကာသလောက်ကိုပဲ တရားလို့ထင်နေမလား
ကဗျာလေးအားပေးသွားပါတယ်

3rdthameetaw said...

တရားသဘောလေးတွေလည်းပါ့တယ်ဗျနော်
အင်းလေ..ဘုန်းကြိးဝတ်မယ့်သူဆိုတော့
အဲလောက်တော့သိမှာပေါ့ အတွေးတွေ
တော်တော်ကိုလေးနက်နေပြီ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

တရားရိပ်ကလေးတွေ လွှမ်းနေတဲ့ ကဗျာလေးကို မြတ် လာဖတ်သွားပါတယ်။

( ကိုဆူးသစ်ရေ.. မြတ် ခရီးထွက်နေတာမို့ ဘလော့ကို ခဏခဏ တက်မကြည့်ဖြစ်လို့ ကော်မန့်က ချက်ချင်းPublishedမလုပ်ဖြစ်ဘဲ ကြန့်ကြာနေတာပါ။ အခု လုပ်ထားပါတယ်နော်။ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ နောင်လည်းအားပေးပါဦး။ )

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

Related Posts Plugin for WordPress, Blogger...