Monday, January 10, 2011

"အနာဂတ်ဆီ"

အချစ်ရေ....
နေရတဲ့ဘ၀မှာ
ခံစားမှုဆိုတာ များစွာရှိမှာပေါ့။

ပြက္ခဒိန်တစ်ခု ပြီးသွားချိန်
ခရီးသွားရင်း ကြုံရတဲ့အိမ်ကလေးမှာ
ဒုက္ခဆိုတာဘာလဲ
ပျော်စရာဆိုတာ ဒါပဲလို့
တစ်ခါတည်း ခွဲခြားလို့မရ
အဲဒါကပဲ ဘ၀ဖြစ်နေတာနော်။

ဘယ်တော့မှ နောက်မဆုတ်ကြေး
နှစ်ယောက်တည်းလုပ်ထားတဲ့တေးတွေ ဆိုရအောင်
ကိုယ့်ပုခုံးဘေးမှာ နှောင်ဖွဲ့မှီတွယ်
အောင်မြင်တဲ့ အနာဂတ်ဆီ ကိုယ်ချီသယ်သွားမယ်
ချစ်ခြင်းသီဖွဲ့ နှလုံးသားရယ်
ယုံကြည်အားကိုးတဲ့ စိတ်ဓါတ်ရယ်
အရိပ်လို ထက်ကြပ်မကွာထည့်ရင်း
ကိုယ်တို့ရဲ့ ခရီးပြင်းကို ဆက်ရအောင်ကွယ် ။ ။

သားလတ်
၂၀း၅၀ နာရီ
၂၆.၁၂.၂၀၁၀



ကျွန်တော့်ဇနီးကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ရေးပေးခဲ့သော ကဗျာ ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် စလုံး၏ Gtalk တွင်တင်ထားပါသည်။

3 comments:

Anonymous said...

ကဗျာလေးက အလန်းလေးပဲ
ဖတ်ပြီး မနာလိုတောင် ဖြစ်သွားတယ်
အကို့ပါရမီဖြည့်ဖက်လေးဆို ဘယ်လောက်တောင် ကြည်နူးနေမလဲ

အင်္ဂါဟူး said...

သူများကို လက်ဆောင်ပေးတဲ့ကဗျာကိုပဲ ဖတ်သွားလိုက်တယ်....

Sunny said...

ဒီကဗျာလေးဖတ်ပြီး ကိုအောင်ရဲ့  “ယုံပါ” သီချင်းကိုတောင် သတိရမိတယ်.. အဲဒီသီချင်းက သူ ဆိုပြခဲ့ဖူးတယ်လေ.. :)

Related Posts Plugin for WordPress, Blogger...