Monday, May 9, 2011

"ကျွန်တော့် မှတ်စု" (၁)


+ အလင်းရောင်၏ အမြန်နှုန်းသည် တစ်စက္ကန့်တွင် မိုင်ပေါင်း ၁၈၆၀၀၀မျှ ရှိသည်။ ဤမြန်နှုန်းဖြင့် တစ်နှစ်ခန့်ကြာအောင် သွားရသောခရီးကို အလင်းနှစ်တစ်နှစ်ဟု သတ်မှတ်ကြ၏။ တစ်နာရီတွင် စက္ကန့်ပေါင်း ၃၆၀၀၊ တစ်နေ့တွင် ၂၄ နာရီ၊ တစ်နှစ်လျှင် ၃၆၅ ရက်။ မိုင်ပေါင်း မည်မျှရှိမည်ကို တွက်ကြည့်ကြပါတော့။ ကမ္ဘာနှင့် အနီးဆုံး ကြယ်ပင်လျှင် အလင်းနှစ်ပေါင်းများစွာ ဝေးသေး၏။

အချို့သောကြယ်များသည် ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၀၀ ခန့်မျှဝေး၏။ အချို့က အလင်းနှစ် ၁၀၀၀ခန့် ဝေး၏။ အချို့က အလင်းနှစ် ၃၀၀၀ခန့် ဝေး၏။

[ ဟက်ကာ- အပေါ်စီးက ကြည့်တော့။ ရွှေမြန်မာ ဂျာနယ် (၆၅)၊ ၈.၃.၁၉၉၉]

+ လူတွေကိုးကားလေ့ရှိတဲ့ စကားတစ်ရပ်က လူတိုင်းလူတိုင်းဟာ လူ့ဘ၀သက်တမ်းမှာ ကိုယ်နှစ်သက် စွဲလမ်းခဲ့တဲ့ အသက်အရွယ် အချိန်တစ်ခုမှာ တွယ်ကပ်ခိုအောင်းပြီး အဲဒီအရွယ်မှာ ဆက်လက် နေထိုင်လေ့ရှိတယ်တဲ့။ စိတ်ပညာ ဆရာတို့ရဲ့ လက်စွဲစကားပေါ့ရှင်။

[ကြည်အေး- အင်္ဂလန်၌ကားအမြန်မောင်းခြင်း ဆောင်းပါးမှ]၊ ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၉၉

+ လူမိုက်သည် သူလုပ်နေသော ယခုအကုသိုလ် အကျိုးမပေးသေးခင် ရှေးကုသိုလ်ကံအရ ကြီးပွား ချမ်းသာနေသည်။ ထိုအကုသိုလ် အကျိုးပေးသောအခါ လွန်စွာ ဆင်းရဲရ၏။ သူတော်ကောင်းသည်လည်း ယခုပြုသော ကုသိုလ်ကံ အကျိုးမပေးသေးမီ ရှေးကုသိုလ်ကြောင့်ဆင်းရဲနေရ၏။ ထိုကုသိုလ် အကျိုး ပေးသောအခါ များစွာ ချမ်းသာရသည်။

ဂေါတမ ဗုဒ္ဓ ( ဓမ္မပဒ )


1 comments:

Angelhlaing(May everybody be happy and healthy! said...

အားကျထှာ....နော်...သူများတွေများ ..အဟီးးး
အကိုရေ...ကောင်းသောနေ့လေးဖြစ်ပါစေ။

Related Posts Plugin for WordPress, Blogger...