Thursday, October 13, 2011

" မွေးနေ့ "


တစ်ရက်တည်းပဲနော်
ဒါပေမဲ့.........
တစ်နှစ်ကြီးသွားတာ။

နောက်ကြောင်းတွေလှည့်ကြည့်တော့ အများကြီး
ရှေ့ကိုကြည့်တော့ရော....
အင်း...ကျန်တော့ကျန်နေသေးပါလား။

နေ့တွေကုန်သွားတယ်
ဒါပေမဲ့.......နေ့တွေကျန်သေးတယ်

ဘ၀တွေလွန်မြောက်သွားတယ်
ဒါပေမဲ့.......ဘ၀တွေကျန်သေးတယ်။

တွဲလက်တွေကပိုများလာခဲ့လည်း
လက်နှစ်ဖက်နဲ့ မြဲမြဲဆွဲရင်း
ချစ်ခြင်းကို သက်တမ်းချဲ့ထားတယ်
နှလုံးသားကို အစွမ်းကုန်ဖွင့်ထားတယ်
မျက်လုံးကို အဝေးဆုံးကြည့်ထားတယ်
ဒီလိုနဲ့....ခရစ်နှစ်တစ်နှစ်ကိုတစ်ခါ
ငါ့ကိုယ်ငါ ပြန်ပြန်မွေးထားတယ်။ ။

သားလတ်
ည ၉:၄၃ နာရီ
၁၂.၁၀.၂၀၁၁

( ကျွန်တော့်အခင်ဆုံးသူငယ်ချင်းများထဲမှ တစ်ယောက်၏ ၁၂.၁၀.၂၀၁၁တွင် ကျရောက်သောမွေးနေ့အတွက် အမှတ်တရ ရေးပေးခဲ့သော ကဗျာဖြစ်ပါသည်။ )

5 comments:

Anonymous said...

အဖြူရောင်ရေးတဲ့ မွေးနေ့အမှတ်တရကဗျာလေးဖတ်ပြီး သံဝေဂရမိပါတယ်ဗျာ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Cameron said...

အမည်မသိမွေးနေ့ရှင်တစ်ယောက် သည်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာအထိ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ချစ်ခင်သူနှင့်အတူ ဘ၀လမ်းကိုလျှောက်နိုင်ပါစေ။

Angelhlaing(May everybody be happy and healthy! said...

မွေးနေ့ရှင် အကိုတစ်ယောက် ပျော်ရွင်ဖွယ် မွေးနေ့လေး ပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း....


တွဲလက်တွေကပိုများလာခဲ့လည်း
လက်နှစ်ဖက်နဲ့ မြဲမြဲဆွဲရင်း
ချစ်ခြင်းကို သက်တမ်းချဲ့ထားတယ်
နှလုံးသားကို အစွမ်းကုန်ဖွင့်ထားတယ်
မျက်လုံးကို အဝေးဆုံးကြည့်ထားတယ်
ဒီလိုနဲ့....ခရစ်နှစ်တစ်နှစ်ကိုတစ်ခါ
ငါ့ကိုယ်ငါ ပြန်ပြန်မွေးထားတယ်။ ။...

ကဗျာလေး ခံစားအားပေး လျှက်ပါအကို...

စံပယ်ချို said...

ဘ၀တွေလွန်မြောက်သွားတယ်
ဒါပေမဲ့.......ဘ၀တွေကျန်သေးတယ်
တွဲလက်တွေကပိုများလာခဲ့လည်း
လက်နှစ်ဖက်နဲ့ မြဲမြဲဆွဲရင်း
ချစ်ခြင်းကို သက်တမ်းချဲ့ထားတယ်
နှလုံးသားကို အစွမ်းကုန်ဖွင့်ထားတယ်
မျက်လုံးကို အဝေးဆုံးကြည့်ထားတယ်

အဲဒီစားသားလေးတွေကြိုက်တယ်.............

Han Kyi said...

နေ့တွေကုန်သွားတယ် ဒါပေမယ့် နေ့တွေကျန်နေသေးတယ်...

ခက်တာက နေ့တွေဘယ်လောက်ကျန်နေသေးတယ်ဆိုတာ မသိတာဘဲ ကိုဆူးသစ်ရေ...ကျန်နေသေးတယ်ဆိုတဲ့ နေ့သစ်တွေမှာ ဘာတွေလုပ်ရမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ နေ့ဟောင်းတွေကုန်ခဲ့တာ များနေပါပေါ့လား...

Related Posts Plugin for WordPress, Blogger...