Saturday, November 3, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " (၆)

 
+ မြတ်စွာဘုရားဟောကြားခဲ့သောတရားတော်များကို သံဃာတော်များမှတစ်ဆင့် နာကြားခဲ့ဖူးသည်။ အထူးသဖြင့် ၀ိပဿနာတရားတော်များဆိုလျှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့သမျှထဲမှ တတ်နိုင်သမျှ မှတ်သားထားခဲ့သည်။ နိဗ္ဗာန်ရောက်ဖို့ဆိုလျှင် သောတာပန်၊ သကဒါဂမ်၊ အနာဂမ် နှင့် ရဟန္တာဆိုသည့် အဆင့်များ သတ်မှတ်ထားတာရှိသည်။ သောတာပန် ဖြစ်ဖို့ ဒိဋ္ဌိနှင့် ၀ီစိကိစ္စ ကွာဖို့လိုသည်ဟု ဆို၏။ ဒိဋ္ဌိမှာ ၃ မျိုးရှိသည်။ ငါစွဲစွဲသော သက္ကာယဒိဋ္ဌိကို ခွာဖို့ပင် ကျွန်တော့်အဖို့ တော်တော်ခက်၏။ ကျန် ၂ မျိုးကို ထားတော့။ သည်တစ်မျိုးနှင့်ပင် နိဗ္ဗာန်ကိုရောက်ဖို့ ခက်နေ၏။ ပထမအဆင့် သောတာပန်ဖြစ်ဖို့ပင် ကျွန်တော်က ဝေးနေသေးသလို ခံစားရသည်။ ဝေးမှာပေါ့။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့တိုင်းရင်းသား၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့ရေ၊ ငါ့မြေ သည်လိုအတွေး၊ သည်လိုခံစားချက်များက အချိန်တော်တော်များများမှာ လွှမ်းမိုးထားသည်။ နိဗ္ဗာန်တော့ သည်ဘ၀ ဝေးလေ မည်လားမသိ။ ဝေးလည်းဝေးပါစေတော့။ ထိုငါအစွဲများကိုတော့ သေသည်အထိ မိမိရရ ဆုပ်ကိုင် ထားချင်သေးသည်။ ( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ လက်သည်းဆိတ်ရင်တော့ လက်ထိပ်နာမှာပဲ။ အခုငါ့လက်ထိပ်တွေသာမက ငါ့နှလုံးသားကပါ နာနေပြီ။
( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ Facebook မှာ အခုတလောဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ Status တင်နေတယ်ဆိုတာ လက်ယားလို့၊အားလို့တင်နေတာမဟုတ်ဘူး။ သူရဲကောင်းဖြစ်ချင်လို့တင်နေတာလည်း မဟုတ်ဘူး။ ကိုယ့်နိုင်ငံကိုချစ်လို့၊ ကိုယ့်လူမျိုးကိုချစ်လို့တင်နေတာ။ ( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ သူငယ်ချင်းတို့- ကျွန်တော်တို့က နိုင်ငံတကာမှာ။ မြန်မာပြည်မှာ လက်ရှိရှိမနေကြဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေးတဲ့ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံအတွက်ပူတယ်။ မြန်မာနိုင်ငံကို ချစ်တယ်။ ဒီလိုပဲ မြန်မာပြည်ဖွား ဘယ်ဘာသာဝင်မဆို ကျွန်တော်တို့လိုပဲ ခံစားရမယ်လို့ ထင်မိတယ်။ အခုကိစ္စဟာ ဘာသာရေးမဟုတ်ဘူး။ ဒါကို သေသေချာချာမြင်လာပြီလို့ ယုံကြည်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေ Facebook ပေါ်မှာ Status တင်ပြီး အခုအချိန်မှာ တစ်တပ်တစ်အားပါဝင်နေတာကို ကြိုက်လို့ Like လုပ်ချင်လုပ် မလုပ်ချင်နေ၊ ဒါမှမဟုတ် Unfriend လုပ်ချင်ပါတယ်ဆိုလည်း စိတ်မဆိုးဘူး။ Welcome ပဲ။ အဲဒီ အကြမ်းဖက်မှုကိစ္စတွေကို လုံးဝ(လုံးဝ)ရှုတ်ချတယ်။ ( ဇွန်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ မနေ့က လုပ်ကွက်ထဲကနားနေဆောင်မှာ Safety တွေစကားလက်ဆုံကျနေတုန်း စင်ကာပူနိုင်ငံသား အိန္ဒိယနွယ်ဖွား Safety တစ်ယောက်ကမေးသည်။ သူတို့ကုမ္ပဏီက မြန်မာပြည်မှာ Project ရှိသည်တဲ့။ ထိုအတွက် ကျွန်တော်က မြန်မာနိုင်ငံသားဖြစ်၍ ကျွန်တော့်ကို စပ်စုပါသည်။ မြန်မာပြည်မှာ နယ်တွေဘက်မှာ မီးက နေ့ဝက်ပဲပေးတာဟုတ်လားတဲ့။ အင်တာနက်ရလား တဲ့။ နည်းနည်းတော့ ခွကျသည်။ မီးကိစ္စ ကျွန်တော်မဖြေ။ နိုင်ငံခြားကုမ္ပဏီများ မီးပိတ်နေသည်ကို ကျွန်တော် မတွေ့ဖူး။ ထို့ကြောင့် မီးကိစ္စကို ကျွန်တော်မဖြေ။ အင်တာနက်ကိစ္စကိုတော့ ရပါတယ်ဟုဖြေလိုက်၏။ သူတို့ အလုပ်လုပ်မည့်လုပ်ငန်းက ပိုက်လိုင်းဆိုလျှင် တောထဲမှာ။ သည်တော့ သိပ်တော့မလွယ်ဟု ကျွန်တော်ပြောလိုက်သည်။ မင်းတို့ကုမ္ပဏီမှာတော့ ရှိချင်ရှိမှာပေါ့။ မရှိလည်း အင်တာနက် ကဖီးများ ရှိသည်ဟု ကျွန်တော်ပြောချလိုက်သည်။ ငတိက တစ်ဆင့် တက်လာ၏။ ကောင်မလေးတွေရော ရပါ့မလားဟုဆိုသည်။ သူကမြန်မာပြည်မှာ အင်တာနက်၊ မိန်းကလေး မရဟု အထင်နှင့်မေးခြင်းပါ။ ကျွန်တော်နှာစေးလိုက်ပါသည်။ ငါမသိဘူးကွာဟု။ ကျွန်တော်စဉ်းစားနေမိပါသည်။ ကျွန်တော်တို့နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေလာလျှင် ထိုကဲ့သို့ ဘေးထွက်ဆိုးကျိုးများစွာပါလာပေဦးတော့မည်ဟု။ ( ဇွန်လ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )
 
သည်နေ့စောင်များလျှော်ပြီးမနက်ကတည်းကလှမ်းထားခဲ့သည်။ နေ့ခင်းရောက်တော့ခြောက်လောက်ပြီဟု ထင်ကာ ပြန်ရုပ်စဉ်တချို့စောင်မှာငှက်ချေးများပေနေ၍ ပြန်လျှော်ပြီး ပြန်လှမ်းထားရပြန်သည်။ နည်းနည်းတော့ စိတ်ရှုပ်ရ၏။ ယခင် ရန်ကုန်မှာတုန်းကလည်း ဘုရားရှိခိုးနေစဉ် ညဘက်မှာ အိမ်မျက်နှာကြက်ပေါ်က အိမ်မြှောင်က ချေးပါချ၏။ တစ်ခါလည်း မဟုတ်။ ဘုရားရှိခိုးတိုင်းလိုလို။ လူကြီးများက ဆိုသည်။ ကံကောင်းတာပေါ့တဲ့။ အိမ်မြှောင်ချေးပါချလျှင် ကိုယ့်အပေါ်ကျက တကယ် ကံကောင်းသည်လား။ ကျွန်တော်တော့ မထင်။ ထိုရက်ပိုင်း တကယ် ကံကောင်း မကောင်း စောင့်ကြည့်နေခဲ့သည်။ နောက်တော့ ဘာမျှလည်း ထူးထူးခြားခြား ဖြစ် မလာ။ နောက်တော့ ပြန်တွေးသည်။ အိမ်မြှောင် ချေးပေတာသာ အဖတ်တင်ခဲ့၏။ ကံတော့ ထူးထူးခြားခြား မကောင်းခဲ့။ ယခုလည်း စောင်ပေါ်ချေးပါချသော ငှက်ကလေးများကြောင့် လူကံကောင်းမကောင်းတော့ မသိ။ လောလောဆယ် စောင်များထပ်လျှော်လိုက်ရသည်ကတော့ အပို ပင်ပန်းတာပင်။ ပြီးတော့ စဉ်းစားကြည့်သည်။ အိမ်မြှောင်ချေးပါချ၍၊ ဘာချေးပါချ၍ဟုဆိုကာ ကံကောင်းမည်ဆိုလျှင် လူတိုင်း တိရိစ္ဆာန်ချေးပါတာသာ စောင့်၍ အောက်က ထိုင်နေဖို့သာ ရှိတော့သည်ဟု။ ဖြစ်မှ မဖြစ်နိုင်တာပဲလေ။  (ဇွန်လ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် )
 
ဆူးသစ်
၁၇း၇၈ နာရီ
၃.၁၁.၂၀၁၂

 

4 comments:

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီး.....
အကိုရဲ့ status လေးတွေကိုဖတ်ပြီးတော့
တွေးစရာ ရေးစရာလေးတွေ များရပြီ....

ထို့အတူမေးစရာ တွေလည်း အများကြီးပေါ့
သို့ပေသိ ဘယ်သူ့ကိုများ သွားမေးကြရမလဲ

ရင်ထဲမှာ သိမ်းခဲ့ရတာပါဘဲ။

မိုးနတ်ကြယ်စင် said...

တွေးစရာလေးတွေရသွားလို့ ကျေးဇူးပါအကိုရေ..
တန်ဖိုးရှိတဲ့ ပို့စ်လေးပါနော်

3rdthameetaw said...

ကိုဆူးသစ်ရေ အမျိုးကိုချစ်တာတော့
လုံးဝ အားပေးတယ်ရှင်
ကျမ လည်း ဘာသာရေးတွေကိုလေ့လာ
မှတ်သားပေမယ့်
ကုလားတွေကိုသတ်ချင်တဲ့အထဲမှာ
ကျမ ကိုယ်တိုင်ရှေ့ဆုံးက လို့ တောင်
ပြောရမယ်
အရင်ကတော့ ကျမ တို့ မြို က မွတ် ကုလားတွေကို
အဲ့လိုမမုန်းဘူး သူတို့ ဆိုင်တွေလဲ အားပေးတယ်
ခင်ခင်မင်မင် လည်း ဆက်ဆံဖြစ်တယ်
ခုတော့ လုံးဝ ခါးခါး သီးသီး ကိုဖြစ်သွားတာ
ကြည့်ကိုမကြည့်ချင်တော့ဘူး
တရားလွန်လွန်းလို့ လေ

Candy said...

အစ်ကို့စတေးတပ်တွေအကုန်လုံးက စိတ်ဝင်စားဖို့ကောင်းတယ်.. အတွေးလေးတွေပေးတယ် :)

Related Posts Plugin for WordPress, Blogger...