ညိုမှောင်ပိတ်ဖုံး
အလင်းတွေ တဖြည်းဖြည်း ဆုံးသွားတဲ့အခါ
လေပြည်သယ်လာတဲ့မိုးက ပါးပါးလေးရွာတယ်။
တစ်လှည့်ပြန်အတိတ်
ဆိတ်ငြိမ် ပျောက်ကွယ်လုနီးပါး
ကမ်းနားမှာ အပြုံးချင်းထပ်တုန်း
နောက်တစ်ကြိမ် ၀ုန်းဒိုင်းကျဲ ရွာပြန်ရော။
ဒီလိုနဲ့ပဲ မိုးလေ
အပျော်တွေ ဖလှယ်နေတဲ့ ရင်ဘတ်တွေထဲ
ခပ်ရဲရဲတိုးဝင်
ပြီးတော့ လွမ်းဖို့ကောင်းအောင် ခွင်ဆင်လို့
မမြင်ရတဲ့ ကျွန်တော့်ရင်ထဲက အလွမ်းကိုနှိုး
ဟိုးအဝေးကို သတိရစေခဲ့ပြီ။
ရာသီတဲ့လား
နာရီရဲ့ အဝေးသွားချင်တဲ့ လူသားတွေရဲ့ နေ့တစ်နေ့မှာ
မေ့ရက်စရာမရှိအောင် အလွမ်းတွေ ပျိုးသလိုမျိုး
( ကြည့်ပါဦးလေ.......)
အရှေ့ဘက်ကမ်းခြေမှာ မိုးတွေရွာခဲ့တယ်။ ။
သားလတ်
၂၀း၄၇ နာရီ
၁၁.၂.၂၀၁၃
[ East Coast မှာ သူငယ်ချင်းများနှင့် ဆုံခဲ့ရချိန် အတွက် ခံစားမှုပါ ]
2 comments:
ရာသီတဲ့လား
နာရီရဲ့ အဝေးသွားချင်တဲ့ လူသားတွေရဲ့ နေ့တစ်နေ့မှာ
မေ့ရက်စရာမရှိအောင် အလွမ်းတွေ ပျိုးသလိုမျိုး
( ကြည့်ပါဦးလေ.......)
အရှေ့ဘက်ကမ်းခြေမှာ မိုးတွေရွာခဲ့တယ်။
တကယ်ပဲ အရှေ့ဘက်ကမ်းခြေမှာ
မိုးတွေရွာခဲ့သလား အကိုရေ...
ဒါဆိုရင်တော့ လွမ်းစရာသိပ်ကောင်း
နေတော့မှာပဲ....
ကဗျာလေးက မှတ်မှတ်ရရလေးဖြစ်တာမို့
ဖတ်ပြီး ရင်ထဲဘာလိုလို....သယ်ရင်းတွေနဲ့
ဆုံရတာသိပ်ပျော်သလား အကို...
ဘာကြောင့်လဲ မသိ...ညလေးတော့ ခုတလော
သူငယ်ချင်း အပေါင်းအသင်းအရမ်းမင်နေတယ်
အဲဒါ ကောင်းတာလား မကောင်းတာလား
မသိတော့ပါဘူးးးးးးးးးးး
ကဗျာလေး အားပေးသွားတယ်ရှင်
Post a Comment