ကျွန်တော့် ဘလော့ " အဖြူရောင် လမ်းကလေး " ပေါ်မှာ ဟိုးရှေ့ဆုံးကနေ စလို့ ယနေ့အထိ မှတ်ချက် (Comments) လာပေးသူများနှင့် သူတို့၏ မှတ်ချက်များကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားချင်၍ ယခု " သူတို့ပြောတဲ့ ကျွန်တော့်ပို့စ်များ " ကို တင်ပြလိုက်ပါသည်။
+ ကျွန်တော့်အကြောင်း ဖတ်မိမှ သိတယ်။ လေးစားပါတယ်။ ဂုဏ်ယူ ၀မ်းသာ
ဖြစ်မိပါတယ်။
ထိုထက်ပို ရင်းနှီးခွင့် ရချင်မိပါသည်။ စာဖတ်ခြင်းကို ကုမရသော ရောဂါ
တစ်ခုလို ခံစားနေရပြီး။ စာရေးရန် ငယ်စဉ် (14 နှစ်သားလောက်) ကတည်းက
စိတ်ကူးထားသော်လည်း လက်တွေ့မှာ အတွေးဗလာ အရေး နထ္ထိဖြင့် ဘလော့ဂ် စာအုပ်
ဂျာနယ်။ ပုံနှိပ် စာလုံးမြင်သမျှ ရန်သူလို လိုက် တိုက်ခိုက် နေသော
ကျွန်တော် မိုးယံ မှ ရင်ဘတ်ကြီးဖြင့် ဖောက်လုပ်ထားသော အဖြူရောင်
လမ်းပေါ်တွင် မ၀ံ့မရဲ လျှောက်ခဲ့သေးတယ်။
ငြိမ်းချမ်းပါစေ on "ကျွန်တော့်အကြောင်း"
မိုးယံ
+ တစ်နေ့ နေ့ ပေါ့....ချစ်သူရယ်
နှလုံးသားက လာတဲ့ကဗျာစကား
နှလုံးသားက နားနဲ့ ကြားနိုင်ခွင့်
တစ်နေ့ တော့ဖြင့် ရောက်နိုင်ခွင့်
ရှိချင်ပါသည် ဟု ကဗျာဖတ်သူမှ ကိုယ့်ဘာသာ
ဆုတောင်းမိရင်း ..ကဗျာရေးသူ ဆန္ဒများလည်း
ပြည့်နိုင်ပါစေ ရယ်လို့ ။။
ခင်မင်လျှက်....ခင်မာလာအောင်....:) on "တစ်နေ့နေ့ပေါ့"
Khinmarlaraung
+ ရောရောင် ကြည်နူးရင်း ဆင်းတာလာ
.....Series ဆိုတော့...
စောင့်ယုံသာ ရှိတော့သပေါ့လေ။။။
...ခင်မင်လျှက်..ခင်မာလာအောင်....:) on " ကျွန်တော်တို့သည် "(၁)
Khinmarlaraung
+ ကောင်းပါ့ဗျာ။ ဒါမျိုးလေးတွေဖတ်ပြီး ကြည်နူးရတာပေါ့၊
လူ့သက်တမ်းရဲ့ ထက်ဝက်ကို ကျော်လာပြီ ဆိုတော့ အတိတ်ကပျော်စရာတွေစဉ်းစားရတာ
အရသာ ရှိနေပြီလေ။ အခုတောင်နားထောင်နေတာက ဗဒင် သီချင်းလေ၊ သိတယ်မလား 'နေရာ'
အယ်ဘမ်လေ။ ဆက်လုပ်ပါဦး ပျိုပျိုမေရဲ့။ on " ကျွန်တော်တို့သည် "(၁)
tmm1973
+ တစ်ကယ့်ကို နှစ်ခြိုက်စရာကောင်းတဲ့ နေရာလေးပါ။ ဒါပေမယ့် ငှက်တွေ အရမ်းများရင် နားငြီးမလားလို့ on "နှစ်ခြိုက်နေရာ"
မိုးယံ
+ အဲဒီဟင်းလင်းပြင်သူမကိုပဲ
ဟိုလူကဆွဲ၊ ဒီလူကဆွဲနဲ့
လဲနေရင်လဲထူ
တွဲလို့ကူသူကကူရဲ့
ဒီလိုနဲ့ပဲသူမဟာ
ဘာမှမရှိတဲ့ပလာကြီးဖြစ်သွားတော့တယ်လေ ။ ။
တစ်ညိုးကြီးနော် (ကိုယ့်အတွေးကိုပြောပါတယ်) on "အဇ္ဈတ္တ"
မိုးယံ
+ လေးစားမိပါတယ်ရှင့်၊
ပျော်ရွှင်ချမ်းမြေ့ပါစေ၊
စာတွေနိုင်သလောက် ဖတ်လိုက်ပါဦးမယ်။ on "ကျွန်တော့်အကြောင်း"
PhyoPhyo
+ စကားချီးရယ် ကျွန်တော့်အကြောင်းရယ်ကို
လာတိုင်း ဖတ်မိတယ်..။
ဖတ်မိတိုင်းလဲ အတွေးတစ်ခု ရစေတယ်..။
ကျေးဇူးတင်ပါ၏။။ on "ကျွန်တော့်အကြောင်း"
မေပယ်လ်
+ စာရေးဆရာ ပီသပါစနော်။
ဖတ်တဲ့ကျွန်ုပ်တောင် ဘုရားကျောင်းလေးထဲ
လိုက်ပါသွားရင်း သိုးမဲလေးတစ်ကောင်
ခဏလေးဖြစ်ခဲ့သေးရဲ့။ ခံစားတတ်လွန်းပါဘိ။ :)
သီချင်းလေးနားထောင်ပြီး ပြန်သွား တယ်ဝေ့။
ကဗျာက ကဗျာပါဘဲ၊ သီချင်းကသီချင်းပေါ့။
အမှန်တရားသည် လည်းအမှန်တရားအတိုင်းဘဲ..
ဘယ်သူဘာပြောပြော..ပျော်ရွှင်ပါစေ။။ ခင်မင်လျှက်....ခင်မာလာအောင်..:) on ကျွန်တော်ခဏခဏရောက်ဖြစ်သောဘုရားကျောင်း
Khinmarlaraung
+ မြင်တတ်တဲ့သူများကျတော့လည်း အားကျဖို့ကောင်းလောက်အောင် အမြင်စူးရှ သကိုး on "ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့တရားပွဲ"
မိုးယံ
ဆူးသစ်
၁၄း၄၆ နာရီ
၃.၂.၂၀၁၃
1 comments:
:))))
Post a Comment