Sunday, October 3, 2010

"တစ်နေ့နေ့ပေါ့"

ချစ်သူရယ် ...........
နီရဲနေတဲ့နှုတ်ခမ်း
အနမ်းပန်းခြွေခွင့်
တစ်နေ့တော့ဖြင့်ပေးသနားစေချင်ပါတယ်။

ချစ်သူရယ် ..........
သွေးကြောဖြာနေတဲ့ပါး
နှာဖျားနဲ့တို့ကပ်
သနပ်ခါးနံ့လေးရှုရှိုက်ခွင့်
တစ်နေ့တော့ဖြင့်ပေးသနားစေချင်ပါတယ်။

ချစ်သူရယ် ..........
နက်မှောင်ရှည်လျားတဲ့ဆံနွယ်များ
ယုယစွာထွေးပိုက်ထားခွင့်
တစ်နေ့တော့ဖြင့်ပေးသနားစေချင်ပါတယ်။

ချစ်သူရယ် ...........
သွယ်လျဖြူဖွေးတဲ့လက်ဖ၀ါး
နူးညံ့စွာဆုပ်ကိုင်ထားပြီး
နှလုံးသွေးများရဲ့စီးဆင်းလှည့်ပတ်ခွင့်
တစ်နေ့တော့ဖြင့်ပေးသနားစေချင်ပါတယ်။

ချစ်သူရယ် ...........
ကိုယ့်ရင်ခွင်မှာမှီအိပ်
တေးချိုချိုနဲ့ချော့သိပ်လို့နွေးထွေးစွာဖက်ထားခွင့်
တစ်နေ့တော့ဖြင့်ပေးသနားစေချင်ပါတယ်။

ချစ်သူရယ် ..........
နှလုံးသားကလာတဲ့ကဗျာစကား
နှလုံးသားကနားနဲ့ကြားနိုင်ခွင့်
တစ်နေ့တော့ဖြင့်ရောက်ရှိနိုင်ပါစေလေ ။ ။

သားလတ်


( ' အနမ်းတစ်ရှိုက်ဖြစ်တည်ရာရင်ခွင်ဦး ' ကဗျာစာအုပ်မှ )

1 comments:

Anonymous said...

တစ်နေ့ နေ့ ပေါ့....ချစ်သူရယ်
နှလုံးသားက လာတဲ့ကဗျာစကား
နှလုံးသားက နားနဲ့ ကြားနိုင်ခွင့်
တစ်နေ့ တော့ဖြင့် ရောက်နိုင်ခွင့်
ရှိချင်ပါသည် ဟု ကဗျာဖတ်သူမှ ကိုယ့်ဘာသာ
ဆုတောင်းမိရင်း ..ကဗျာရေးသူ ဆန္ဒများလည်း
ပြည့်နိုင်ပါစေ ရယ်လို့ ။။
ခင်မင်လျှက်....ခင်မာလာအောင်....:)

Related Posts Plugin for WordPress, Blogger...