+ ဘူကုန်းမှာ မနေ့က Client က လုပ်သည့်
+ လွန်ခဲ့သည့်နှစ်က ပရောဂျက်မန်နေဂျာက ပြောဖူးသည်။ နောင်နှစ် ဧပြီလဆိုလျှင် အလုပ်က အရမ်းကျပ်ပြီတဲ့။ ယခု ဧပြီကိုကျော်၍ ဇူလိုင်ကို ရောက်လာသည်။ အချိန်ဆိုသည်က မြန်လွန်းလှ၏။ အလုပ်ကျပ်သည်ကတော့ မပြောနှင့်တော့။ ဘာပဲဖြစ်ဖြ စ် ထိုအရမ်းကျပ်ပါသည် ဆိုသော ကာလကို ကျွန်တော်တို့ ဖြတ်သန်းရင်း ဒုက္ခများကို တောင့်ခံထား နိုင်ခြင်းကပင် ကျေနပ်စရာ ကောင်းပါသည်။ နောင်နှစ် သည်လိုအချိန်ဆိုလျှင် အရင်နှစ်က ပရောဂျက် အရမ်းပင်ပန်းတဲ့အချိန်လေဟု ပြော ကြရင်း အနားယူချင် ယူနေလိမ့်မည်ဟု မျှော်လင့်မိသည်။ ( ဇူလိုင်လ ၄ ရက်၊ ၂၀၁၂ ခုနှစ် )
+ ကိုယ်က သင်တန်းတွေ များစွာ ပေးခဲ့ဖူးသူမို့ သင်တန်းတက်ရလျှင် အနည်းနှင့်အများ နည်းနည်းတော့ ညစ်မိသည်။ အိပ်ငိုက်မိလျှင် တော်တော်ခံရခက်သည်။ သင်တန်းဆရာ တစ်ယောက် လို ဖြတ်သန်းခဲ့ဖူး၍
သင်တန်းဆရာ တစ်ယောက်အနေဖြင့် ကိုယ်ပြောချင်တာ ပြောနေရလျှင်
ကျေနပ် ဖို့ ကောင်းသည်။ သင်တန်းသားဆိုသည်က စာလည်း ဖတ်ရသေးသည်။
အိပ်ငိုက်ချင်လည်း မနည်း ထိန်းထားရ၏။ ထို့ပြင် စာမေးပွဲဆိုတာကြီးကပါ ပါလာသေး၍
သင်တန်းဆို ပင်ပန်းသည် ချည်းသာ ပြေးမြင်နေတော့သည်။ တစ်ခုပဲ
ကိုယ့်ကိုယ်ကိုဖြေသိမ့်ရ၏။ သင်တန်းတစ်တန်းတက်တိုင်း ပညာ များ စွာရသည်က အမြတ်မဟုတ်လား။ ထိုအမြတ် နှင့်ပင် သင်တန်းမှာ ပင်ပန်းရကျိုးတော့ နပ်သည် ထင်သည်။ ( ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ် )
+ တစ်ခါတစ်ခါ၌ လောကကြီးမှာ အံဝင်ခွင်ကျ မဖြစ်မှုများက ရှိတတ်သည်ဟု ကျွန်တော် သိပါသည်။ သို့သော် တည့်တည့်ကြီးလွဲပါက တစ်မျိုးတော့ ခံစားရ၏။ ကျွန်တော်တို့ ကိုးကွယ်သော ဘုန်းဘုန်းက ပြောဖူးပါသည်။ ၀က်သား ဟင်းမြင်တာနှင့် စားချင်စိတ်တန်း ပေါက်အောင် ခံစားရလျှင် ကျန်းမာရေး တော်တော်ကောင်းပါသည် တဲ့။ ကျွန်တော် ထမင်းဆိုင်မှာ ထမင်းသွားစားတိုင်း ၀က်သားဟင်း ကိုမြင်လျှင် တော်တော် စားချင်စိတ် ပေါက်ပါသည်။ ယခုတလော ကျန်းမာရေး တော်တော် ကောင်းသည် ဟု ကိုယ့်ဘာသာ မှတ်ချက်ချမိပါသည်။ တစ်နေ့က ကျွန်တော်တို့ အလုပ်သူဋ္ဌေး က ကျွန်တော်တို့ ကုမ္ပဏီ ညစာစားပွဲနှင့် ပတ်သက်၍ Adminက မလေးမနှင့် အစီ အစဉ်များကို ညှိနေသည်။ ညနေရောက်တော့ အပြန်လမ်းမှာ မလေးမက ကျွန်တော့် ကို မည်သို့စီစဉ်ထားကြောင်း ရှင်း ပြသည်။ နေရာက တော်တော် အဆင်ပြေ၏။ ဘူ ဖေးဟု ဆိုသည်။ ပိုအဆင်ပြေ၏။ သို့သော် နောက်ဆုံးကျမှ သူကပြောသည်။ စိတ် ချ၊ ၀က်သား လုံးဝ မပါဘူးတဲ့။ သူက သူ့ ဘာသာ အဆင်ပြေမည်ဖြစ်သော်လည်း ထိုတ စ်ခုကတော့ ယခုတလော ကျန်းမာရေး တော် တော်ကောင်းနေသည့် ကျွန်တော့်အတွက် တေ့တေ့ဆိုင် ဆိုင် လွဲမှားသော အံဝင်ခွင်ကျ မဖြစ်မှုပင်။ ( ဇူလိုင်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ် )
+ အခုမှ အလုပ်က ပြန်ရောက်လို့ အခုမှပဲ Facebook ကနေတက်ပြီး အလေးပြု ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဒီနေရာ ကနေ လေးလေးနက်နက် အလေးပြုပါတယ်ခင်ဗျား။ ( ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၂ ခုနှစ် )
+ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ကျွန်တော်နှင့် ခင်သော မလေးတရုတ် ဦးလေးကြီး တစ်ယောက်ရှိသည်။ သူကလည်း ကျွ န်တော့်လို ဘေးကင်းရေးဝန်ထမ်းပင် ။ အလုပ်အတူ တွဲလုပ်တာ ကြာသည့်အခါ သူ ကကိုယ့်ကို ကူညီ၊ ကိုယ်က သူ့ကိုကူညီနှင့် တော်တော် ရင်းနှီးခဲ့လေသည် ။ သို့သော် တစ်ရက်ကျတော့ သူဆေးခန်း ပြနေကြောင်းနှင့် လည်ချောင်းက အသားစကို စစ်နေကြောင်း၊ ကင်ဆာဖြစ်လျှ င် သူ့အတွက် နေရဖို့ သိပ်မကျန်တော့ ကြောင်း ပြော၍ ကျွန်တော် စိတ်မကောင်း ဖြစ် သွားသည်။ သို့သော် သူ့ဆေးစစ်ချက် ထွက်လာသောအခါ ကင်ဆာမဟုတ်၍ သူတော်တော် ပျော်သွားတာ သတိထားမိသည်။ သည်လိုနှင့် အလုပ်အတူ ဆက်လုပ်ကြရင်း တစ်ရက်မှာတော့ သူကပြောလေသည်။ ယခုလက်ရှိ ကု မ္ပဏီက အလုပ်ထွက်လေပြီတဲ့။ နောက်တစ်ပတ်ဆိုလျှင် နောက်ဆုံးအပတ်ပင်။ တ ခြား လုပ်ကွက်သို့ သူပြောင်းရပေတော့မည်။ သည်တစ်ခါတော့ သူနှင့်ကျွန် တော် တကယ် မတွေ့နိုင်တော့။ ပြန်စဉ်းစားမိပါသည်။ ပထမ တစ်ကြိမ်တုန်းက သူ့ကို ကျွန်တော် သေခွဲခွဲရပြီဟု ထင်မိချိန်။ ယခုကျတော့ မထင်မှတ်ဘဲ ရှ င်ခွဲခွဲရပြန်သည်။ လူတွေမှာ ခွဲခွာရခြင်းကား ပုံစံသာပြောင်းပြီး တစ်နေ့မှာ ခွဲခွာရမည် ဆိုသည်ကတော့ ပုံသေကားချပ်လို ဘယ်တော့မှမပြောင်း လဲဟု ကျွန်တော် ဆင်ခြင်မိပါသည်။ ( ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် )
+ အခုမှ အလုပ်က ပြန်ရောက်လို့ အခုမှပဲ Facebook ကနေတက်ပြီး အလေးပြု ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆ
+ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ကျွန
ဆူးသစ်
၂၁း၀၆ နာရီ
၁၄.၂.၂၀၁၃
[ အထက်ဖော်ပြပါပုံမှာ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေး၏ ရသာချို ဘလော့တွင် တင်ထားသော ပုံကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ]
6 comments:
အေးဗျ...အနှီ စတေးတပ်ဟောင်းလေးတွေ ပြန်ဖတ်ကြည့်ရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းကို ပြန်မြင်လာသလိုလိုရယ်...ကျွန်တော်ကျတော့ ဖဘပေါ်မှာ တင်လေ့သိပ်မရှိဘူး...ပါဆင်နယ်ဒေတာတွေကို သီးသန့်ဖိုင်ဖွဲ့ပြီး ရေးဖြစ်တယ်...
အိုးးးးးးးးး
အကိုတော့် စာတွေက
ဘယ်အချိန်ပဲ ဖတ်လိုက်ဖတ်လိုက်
ဘာအကြောင်းအရာ တွေပဲဖြစ်ဖြစ် စိတ်ဝင်စားစရာတွေချည်းရယ် :)))
ဂွတ်နိုက်ထ်ပါ ....
တစ်ချို့နေ့ရက်လေးတွေရဲ့
အမှတ်တရတွေပေါ့ အစ်ကိုရာ
ကွေကွင်းခြင်းဆိုတာ ရှောင်လွှဲလို့မှ မရတာ။
အဲ့ဒီ ခံစားချက်တွေကို နားလည်နေပေမယ့် တစ်ကယ် ကြုံတွေ့လာချိန်မှာ ခံနိုင်ရည်ရှိဖို့ တော်တော် ကြိုးစားရမယ်နော်..အကို ...
လာရောက်ခဲ့ပါတယ်ဗျာ သူငယ်ချင်းဆိုဒ်မှခြေရာလေးတွေ့လို့လိုက်လာခဲ့တယ်နော် စာတွေလည်းဖက်သွားပါတယ်...
http://cryingheard.blogspot.com/
Post a Comment