ခြောက်နှစ်တာကာလ
ဟိုမှဒီမှ၊ လာကြသွားကြ
စားကြနားကြ၊ လှောင်ကြပြောင်ကြ
မှတ်ကြကျက်ကြ၊ ကာလများစွာ
မေ့စရာမရှိ၊ ထာဝရသတိရစရာ။
တစ်နှစ်တစ်နှစ်ရဲ့လူဦးရေ
ယောက်ျားလေးတွေက ခြောက်ရာကျော်
မိန်းကလေးတွေက တစ်ရာကျော်နဲ့
စိုပြည်ကာ ပျော်စရာကောင်းတဲ့ အနောက်အလောင်ဟာသများ
[ဪ-သူတို့တွေဟာ နောင်တစ်ချိန်မှာတော့ ]
တောက်ပြောင်သော ကာလများ ပိုင်ဆိုင်မယ့်သူတွေလေ။
ယောင်တောင်တောင် ပထမနှစ်
စာတွေကိုချစ်ရတဲ့ ဒုတိယနှစ်
ပြီးတော့ မေဂျာရဲ့လေးနှစ်ခရီး
'အီလက်ထရောနစ်'၊' လျှပ်စစ်'' စက်မှု'
'ဗိသုကာ''ချည်မျှင်'
စိတ်ပျက်ချင်စရာ စာသင်နှစ်တွေကို ဖြတ်ရင်း
'သတ္တုတူးဖော်ရေး'နဲ့' ရေနံ'၊' လေကြောင်းအင်ဂျင်နီယာ'နဲ့' မြို့ပြ'
'သတ္တုဗေဒ'နဲ့' ဓာတု'
အခက်တွေကို မမှုသလိုနဲ့
စက်မှုတက္ကသိုလ်ရဲ့ စာသင်နှစ်တွေထဲ
အားခဲကာ ဖြတ်သန်းခဲ့ကြဖူးမှာပေါ့။
'စာကြည့်တိုက်'' ဩဘာလမ်း'
ပြောကာလွမ်းရတဲ့ အချိန်ကာလ
'နွေးအေး' '၀ါဝါဦး' စတဲ့ စားသောက်တန်းတွေနဲ့
'လုံးဝခေသူမဟုတ်'ပါတဲ့
YIT ကျောင်းသား ပန်းချီရုပ်လေးကိုလည်း အမှတ်ရ
ချိုဆိမ့်ပေါ့ကျ အပူအအေးတွေလည်း တမ်းတလို့
ဟိုတစ်ခါက ကာလတွေ မှတ်မိနေကြမှာပါပဲ။
ကုက္ကိုပင်ကြီးတွေ အောက်က ခုံတန်းလျားတွေ
ပျောက်ကွယ်သွားပြီး ချောင်ထဲမှာရှင်နေတဲ့
တချို့သော စွယ်တော်ပင်တွေ
ငု၊ ပိတောက်၊ စိန်ပန်း၊ ယူကလစ်နဲ့
ပုဏ္ဍရိက်တန်းညီညီတွေ
ဟောလ်ခန်းမကြီးနဲ့ MCR, LCR
သီးသန့်စာသင်ဆောင်များနဲ့ သီရေတာတွေ
ဟိုးရှေးအတီအတေကနေ ခုထက်ထိ
တည်ရှိနေလို့ ဘယ်သူမေ့နိုင်မလဲ။
စဥ့်ကူ၊ အင်းလေး၊ ဇီဝက၊ ဒူးယား၊ ပုပ္ပါးနဲ့
အေကနေ အက်ဖ်အထိ ယောက်ျားလေးဆောင်တွေ
သဇင်နဲ့ ဂျီဟောလ်ဆိုတဲ့ မိန်းကလေးဆောင်တွေ
ကံ့ကော်ပင်တွေ အစီအရီနဲ့
တစ်နယ်စီကလာသူတွေလည်း
အမြဲတမ်းသတိရ အမှတ်ရစရာဖြစ်
ကျောင်းပြီးတဲ့ကာလတိုင်း အသစ်ဖြစ်နေမယ်ထင်ပါရဲ့။
ပါချုပ်၊ ဒုပါချုပ်၊ မော်ကွန်းထိန်း
ဋ္ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက
သရုပ်ပြ၊ ကျူတာ၊ လက်တွေ့ဆရာ ဆရာမနဲ့
ဋ္ဌာနတွေက ၀န်ထမ်းတွေ အသီးသီး ပြောင်းလဲ
ကျောင်းကြီးထဲ ဝေလိုက်ကြွေလိုက်နဲ့သစ်ရွက်လို
ကျောင်းသူကျောင်းသားတွေလည်း ပြောင်းလဲခိုက်
အဟောင်းတွေကစွန့်ပစ်၊ အသစ်တွေကချစ်ခင်
သည်လိုနဲ့ နှစ်စဉ် နှစ်စဉ်
အင်ဂျင်နီယာတို့ ကျင်လည်ရာ ကျောင်းတော်ကြီး
အပေါင်းအဖော်တွေနဲ့ မငြီးတမ်းခရီးနှင်မြဲပေါ့လေ။ ။
ဟိုမှဒီမှ၊ လာကြသွားကြ
စားကြနားကြ၊ လှောင်ကြပြောင်ကြ
မှတ်ကြကျက်ကြ၊ ကာလများစွာ
မေ့စရာမရှိ၊ ထာဝရသတိရစရာ။
တစ်နှစ်တစ်နှစ်ရဲ့လူဦးရေ
ယောက်ျားလေးတွေက ခြောက်ရာကျော်
မိန်းကလေးတွေက တစ်ရာကျော်နဲ့
စိုပြည်ကာ ပျော်စရာကောင်းတဲ့ အနောက်အလောင်ဟာသများ
[ဪ-သူတို့တွေဟာ နောင်တစ်ချိန်မှာတော့ ]
တောက်ပြောင်သော ကာလများ ပိုင်ဆိုင်မယ့်သူတွေလေ။
ယောင်တောင်တောင် ပထမနှစ်
စာတွေကိုချစ်ရတဲ့ ဒုတိယနှစ်
ပြီးတော့ မေဂျာရဲ့လေးနှစ်ခရီး
'အီလက်ထရောနစ်'၊' လျှပ်စစ်'' စက်မှု'
'ဗိသုကာ''ချည်မျှင်'
စိတ်ပျက်ချင်စရာ စာသင်နှစ်တွေကို ဖြတ်ရင်း
'သတ္တုတူးဖော်ရေး'နဲ့' ရေနံ'၊' လေကြောင်းအင်ဂျင်နီယာ'နဲ့' မြို့ပြ'
'သတ္တုဗေဒ'နဲ့' ဓာတု'
အခက်တွေကို မမှုသလိုနဲ့
စက်မှုတက္ကသိုလ်ရဲ့ စာသင်နှစ်တွေထဲ
အားခဲကာ ဖြတ်သန်းခဲ့ကြဖူးမှာပေါ့။
'စာကြည့်တိုက်'' ဩဘာလမ်း'
ပြောကာလွမ်းရတဲ့ အချိန်ကာလ
'နွေးအေး' '၀ါဝါဦး' စတဲ့ စားသောက်တန်းတွေနဲ့
'လုံးဝခေသူမဟုတ်'ပါတဲ့
YIT ကျောင်းသား ပန်းချီရုပ်လေးကိုလည်း အမှတ်ရ
ချိုဆိမ့်ပေါ့ကျ အပူအအေးတွေလည်း တမ်းတလို့
ဟိုတစ်ခါက ကာလတွေ မှတ်မိနေကြမှာပါပဲ။
ကုက္ကိုပင်ကြီးတွေ အောက်က ခုံတန်းလျားတွေ
ပျောက်ကွယ်သွားပြီး ချောင်ထဲမှာရှင်နေတဲ့
တချို့သော စွယ်တော်ပင်တွေ
ငု၊ ပိတောက်၊ စိန်ပန်း၊ ယူကလစ်နဲ့
ပုဏ္ဍရိက်တန်းညီညီတွေ
ဟောလ်ခန်းမကြီးနဲ့ MCR, LCR
သီးသန့်စာသင်ဆောင်များနဲ့ သီရေတာတွေ
ဟိုးရှေးအတီအတေကနေ ခုထက်ထိ
တည်ရှိနေလို့ ဘယ်သူမေ့နိုင်မလဲ။
စဥ့်ကူ၊ အင်းလေး၊ ဇီဝက၊ ဒူးယား၊ ပုပ္ပါးနဲ့
အေကနေ အက်ဖ်အထိ ယောက်ျားလေးဆောင်တွေ
သဇင်နဲ့ ဂျီဟောလ်ဆိုတဲ့ မိန်းကလေးဆောင်တွေ
ကံ့ကော်ပင်တွေ အစီအရီနဲ့
တစ်နယ်စီကလာသူတွေလည်း
အမြဲတမ်းသတိရ အမှတ်ရစရာဖြစ်
ကျောင်းပြီးတဲ့ကာလတိုင်း အသစ်ဖြစ်နေမယ်ထင်ပါရဲ့။
ပါချုပ်၊ ဒုပါချုပ်၊ မော်ကွန်းထိန်း
ဋ္ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက
သရုပ်ပြ၊ ကျူတာ၊ လက်တွေ့ဆရာ ဆရာမနဲ့
ဋ္ဌာနတွေက ၀န်ထမ်းတွေ အသီးသီး ပြောင်းလဲ
ကျောင်းကြီးထဲ ဝေလိုက်ကြွေလိုက်နဲ့သစ်ရွက်လို
ကျောင်းသူကျောင်းသားတွေလည်း ပြောင်းလဲခိုက်
အဟောင်းတွေကစွန့်ပစ်၊ အသစ်တွေကချစ်ခင်
သည်လိုနဲ့ နှစ်စဉ် နှစ်စဉ်
အင်ဂျင်နီယာတို့ ကျင်လည်ရာ ကျောင်းတော်ကြီး
အပေါင်းအဖော်တွေနဲ့ မငြီးတမ်းခရီးနှင်မြဲပေါ့လေ။ ။
သားလတ်
၃၁.၇.၁၉၉၄
၃၁.၇.၁၉၉၄
[ ကျောင်းတက်နေတုန်းက ရေးထားတဲ့ ကဗျာလေးပါ။ အခု Facebook မှာ Friends of YTU 2000 ဆိုတဲ့ Page တစ်ခုလုပ်လိုက်ပြီးတဲ့နောက် သူငယ်ချင်းတွေနဲ့ ကျောင်းကို သတိရစိတ်နဲ့ ပြန်ဖော်ပြီး ခံစားလိုက်တာပါ။]
7 comments:
သူငယ်ချင်းတွေကိုသတိရနေတာလား
ဆရာ-ဆရာမတွေလား
ကျောင်းတက်နေတဲ့အချိန်က အသည်းလေးကိုလား
တစ်ခုခုပါပဲ...
မိဂျက်လဲ ချစ်သက်တမ်း၆နှစ်ပြည့်တာပဲ
အကိုက ကဗျာတွေအရေးကောင်းတာပဲ
အားတိုင်းကဗျာရေးပါလား...
အမျိုးသမီးပုံလေးတင်ပါနော်.
တွေ့ဖူးချင်လို့ပါရှင်
RC (2)ကိုလွမ်းတွားဘီ..
မှတ်မိတေးတယ်..RITကကောင်လေးတွေကလေ
နာတို.အင်ကြင်းဆောင်ရှေ.တချင်းလာဆိုကြလို့
နာတို.လဲလက်စားချေတဲ.အနေနဲ. RITကကောင်လေးတွေအဆောင်ရှေ.တချင်းသွား
ဆိုကြတာရော..ဟိဟိ..ပြီးတော.နာကECဆိုတော.
လေနာ.အတန်းကကောင်မလေးတွေကိုရီးဇား
စာတစောင်လာပေးရင်..အဲ.ကောင်လေးတွေအ
တန်းကကောင်မလေးဒေကို(၂)စောင်တွားပြန်
်ပေးကြတာရော..ဟိဟိ နာလဲရန်ကုန်တက္ကသိုလ်
တက်မှဖဲရိုက်တတ်..အရက်တောက်တတ်..
ဂစ်တာတီးတတ်...
လွမ်းတယ်အေ..သူငယ်ချင်းတွေကို
တက်ခဲ့ဘူးတဲ့ ကျောင်းတော်ကို လွမ်းသလို ရောက်ခဲ့ဖူးတဲ့ ကျောင်းတော်ကိုလည်း လွမ်းတယ်အကိုရေ....
အတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေ ဖတ်မိရင်လည်း လွမ်းကြမှာဘဲနော်
ကျောင်းသားဘဝဆိုတာ ပြန်လည်မရနိုင်တော့တဲ့ အိပ်မက်တစ်ခုမျှသာပါ။
မကြာသေးခင်ကပဲ တီတင့်တို့ရဲ့ တွေ့ဆုံပွဲလေးအတွက် ကြည်နူးမှုအဟုန် အရှိန်မပြေသေးချိန် မောင်ဆူးသစ်ရဲ့'ကျင်လည်ရာ' ကဗျာလေးကို ဖတ်လိုက်ရတော့ ဆုံဆည်းခွင့် မရသေးတဲ့သူငယ်ချင်းတွေကို ဆုံချင်ပြန်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးဖတ်ရင်း ကျောင်းတုန်းက သူငယ်ချင်းတွေကို သတိရလာမိတယ်။ ဒီကဗျာလေးကို သူငယ်ချင်းတွေ ဖတ်မိရင် ကျေနပ်ကြမှာပါ..။
တပျော်တပါးနဲ့ စာသင်သားအရွယ်က
အခုတော့ လွမ်းစရာနယ် ဖြစ်နေပြီပေါ့ အကို
ကြည်နူးခြင်း အသွယ်သွယ်တွေ နှင့်
စုံစည်းခွင့်ရပါစေ အကို။
Post a Comment