Thursday, February 12, 2015

" မသေလူ "



+ နှစ်တစ်ရာ ပြည့်ပေမယ့်
တစ်ခေတ်တစ်ခါမျှ မမေ့ပါလေ။

+ ပြည်သူဟာ သူ
သူဟာ ပြည်သူဆိုတဲ့
ကြည်ဖြူ ရာ ညီတူလမ်းတွေထဲ
ချွေးတွေနဲ့နေ။

+ တိုင်းပြည်အတွက်ဆိုတော့
နှိုင်းမမီတဲ့  စိတ်အဟုန်မြှင့်ကာ
အကုန်တင့်အောင် သူ့ခန္ဓာရင်းပါတော့
မှန်စွာသင်းပါတဲ့ ဂုဏ်သတင်းတွေ
စုန်ရင်းဝေတာ ယနေ့အထိ။

+ ဘယ်သူရှိလေမလဲ
တူရဲစရာ လူမရှိ
လွတ်လပ်ရေးအတွက် ပူဆဲမှာ သူမချိလေတော့
အင်္ဂလိပ်ကအစ ဂျပန်မကျန်
အတန်တန် သူတွန်းလှန်ပါလို့
မနက်ဖြန် မြန်မာပြည် အနာဂတ်လှစေဖို့အတွက်
သူ့ဘ၀ကို သူခြွေပေးလေသမျှ
နေမရပါ ပြည်သူအပေါင်းမှာဖြင့်
ကောင်းသတင်းတွေကို တသသဆို
ဆောင်းနှင်းတွေလို တစ်စတစ်စ ပြိုတဲ့အလွမ်းတွေနဲ့
အမှောင်ဆမ်းတဲ့ မြန်မာပြည်လမ်းပေါ်က
အရောင်ဖြန်းကာ အလင်းနဲ့ ထိစေတဲ့
အောင်ဆန်းလို့ သိ။      ။

သားလတ်
၂၁း၂၉  နာရီ ( စင်ကာပူစံတော်ချိန် )
၂.၂.၂၀၁၅
[ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲအထိမ်းအမှတ်အဖြစ်ခံစားရေးဖွဲ့ပါသည်။]

0 comments:

Related Posts Plugin for WordPress, Blogger...