ချုပ်ထိန်းမှုတွေက ပွင့်ထွက်တယ်
ပြူ တင်းပေါက်အပြင်တောင်လွင့်ထွက်လို့
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကိုတွဲရသလိုမျိုး။
အခန်းငယ်တွေကနေ ထွက်ထားတယ်
ဝင်ချင်တဲ့အချိန်မှဝင်တဲ့အခါ
မေ့ရမှာတွေကိုမေ့လို့ရသွားတယ်
မေ့ရမှာတွေကိုမေ့လို့ရသွားတယ်
ကိုယ်ရှာတဲ့ဒုက္ခဆိုတာ ကိုယ်သာသိခဲ့တာပေါ့
ကြီးကြီးမားမားတွေ ဆုံးရှုံးရတယ်ဆိုတာ
တစ်ခါတစ်ခါတော့ ငြိမ်းချမ်းခြင်းရဲ့အနှစ်သာရတွေကိုရဖို့များလား။
ခပ်တုံးတုံးတွေကိုပဲ ဖက်တွယ်ထားသလိုမျိုး
ကိုယ့်မြှုံးနဲ့ကိုယ် ပိတ်မိနေတာ
မာနတွေမျို ချတာများတော့ ကိုယ်ကပဲမျိုးတုန်းတော့မယောင်
နဂါးတွေအမောက်ထောင်တတ်တယ်ဆိုတာ
ကျားတွေဟိန်းဟောက်နေတာနဲ့အတူတူပဲလေ။
ရွေးချယ်ခွင့်တွေကြားမှာ
ကိုယ့်ကိုယ်ကိုအသုံးချ ခံနေတာ ကြာသွားလားမသိ
စာမျက်နှာတွေလည်း ပြဲဆုတ်လို့
စကားလုံးတွေကလည်း မလှပလို့
လိုင်းတွေအတားခံရတာခဏခဏဆိုတော့လည်း
အမှောင်ထဲကနေပဲ ပြေးထွက်လိုက်တော့တယ်
သေချာတယ်...
ငါ့စိတ်တွေ လွတ်မြောက်ခြင်းနယ်မှာ နားတော့မယ်။ ။
သားလတ်
၂၃း၃၆ နာရီ ( စင်ကာပူစံတော်ချိန် )
၁၈.၂.၂၀၁၅
Photo Ref: http://www.pageresource.com
Photo Ref: http://www.pageresource.com
2 comments:
ကဗျာလေးလာရောက်ခံစားသွားတယ် ဆူးသစ်ရေ.... သရုပ်ဖော်ပုံလေးနဲ့ ခံစားချက်ကဗျာလေး အံဝင်ဂွင်ကျတယ်။
အားပေးသွားတယ်ရှင်
Post a Comment