Sunday, December 25, 2011

" ခရစ်စမတ် ပြီးရင် "


ခရစ်စမတ်ပြီးရင်
အပစ်အခတ်တွေ ရပ်ပါစေ။

ခရစ်စမတ်ပြီးရင်
ချစ်တတ်သူတွေ ပိုပေါများပါစေ။

ခရစ်စမတ်ပြီးရင်
ညစ်ပတ်တတ်သူတွေ သန့်စင်ပါစေ။

ခရစ်စမတ်ပြီးရင်
ကျစ်တတ်တဲ့သူတွေ မျှဝေနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
ရစ်တတ်တဲ့သူတွေ စိတ်အေးငြိမ်းပါစေ။

ခရစ်စမတ်ပြီးရင်
(ငွေ) ညှစ်တတ်တဲ့သူတွေ ကူညီစိတ်မွေးနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
(ကောင်းတဲ့) နှစ်သစ်တစ်နှစ် ကပ်လိုက်လာနိုင်ပါစေ။

ဒီဇင်ဘာ ဆောင်းနဲ့ ခရစ်စမတ်အပြီးမှာ
ပီပြင်စွာကောင်းတဲ့ အသစ်တွေထပ်ဖြစ်လာနိုင်ပါစေ။ ။

သားလတ်
၂၅.၁၂.၂၀၁၁
၁၁:၂၀ နာရီ

7 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ကဗျာ

Angelhlaing(May everybody be happy and healthy! said...

ထပ်တူထပ်မျှ ဆန္ဒပြုလျှက်ပါအကို...

စံပယ်ချို said...

ကဗျာထဲကအတိုင်း ဖြစ်အောင်
ကြိုးစားရမယ်
Merry Christmas and Happy New Year.

Cameron said...

ဆုတောင်းလေးတွပြည့်ပါစေ....။ မယ်ရီခရစ္စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်မှုများပိုင်ဆိုင်ပါစေ....။

mstint said...

ခရစ်စမတ်ဆုတောင်းလေးအတွက်
ထပ်ဆင့်တောင်းဆုပြုသွားတယ် ဆူးသစ်ရေ။
Merry Christmas & Happy New Year!!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာရှင်နဲ့ထပ်တူ ဆုတောင်းပါတယ်ရှင်
နှစ်သစ်ဟာ ကောင်းသော အခွင့်အရေး၊ ကောင်းသော စိတ်နှလုံး၊ ကောင်းသော ငြိမ်းချမ်းခြင်းများနဲ့ ပြည့်ဝစေချင်မိပါတယ်။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်ogm

ဆောင်းနှင်းရွက် said...

Merry Christmas &
Happy New Year par .. :))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Related Posts Plugin for WordPress, Blogger...