Thursday, May 3, 2012

"ကျွန်တော့်မှတ်စု" (၁၁)


+       ယောကျာ်းကောင်း ယောကျာ်းမြတ်တို့၏ တန်ဆာဆင်ခြင်း အင်္ဂါခြောက်ပါး
      
        - ဦးခေါင်းထက်မှာ မြတ်စွာဘုရား၏ ခြေတော်ရာနှင့်တန်ဆာဆင်ရမည်။
        - နားနှစ်ဖက်မှာ ဗဟုသုတဖြင့် တန်ဆာဆင်ရမည်။
        - ခံတွင်းမှာ သစ္စာစကားဖြင့် တန်ဆာဆင်ရမည်။
        - လက်ရုံးနှစ်ဖက်မှာ အောင်မြင်ခြင်းဖြင့် တန်ဆာဆင်ရမည်။
        - လက်နှစ်ဖက်မှာ လှူဒါန်းပေးကမ်းခြင်းဖြင့် တန်ဆာဆင်ရမည်။
        - စိတ်နှလုံးမှာ ရဲစွမ်းသတ္တိဖြင့် တန်ဆာဆင်ရမည်။

( စာဏကျနီတိကျမ်း တတိယတွဲ-လယ်တီပဏ္ဍိတ ဦးမောင်ကြီး )

+      မိန်းမကောင်းဖြစ်ရန် လိုသောအချက်

၁။ အပြောအဆိုယဉ်ကျေးရန်
၂။ ဗဟုသုတစုဆောင်းဖို့မမေ့ရန် နှင့် အမြဲသတိရှိရန်
၃။ ကုသိုလ်ပြုဖို့မမေ့ရန်
၎။ သန့်ပြန့်ဖြီးလိမ်းခြင်းနှင့် စနစ်တကျဝတ်စားတတ်ရန်
၅။ မြန်မာ့ယဉ်ကျေးမှု အလှအပကို ဦးစားပေး၍ မယုတ်မလွန်ဝတ်ရန်
၆။ အလှအပကို အလွန်မက်မောခြင်းမရှိရန်
ရ။ အတွင်းစကားကို အပြင်ပြောလေ့မရှိရန်
၈။ မကောက်ကျစ်မစဉ်းလဲရန်
၉။ အသွားအလာနှင့် အပျော်အပါး ဆင်ခြင်သွားလာတတ်ရန်
၁၀။ ဖွယ်ဖွယ်ရာရာ ချက်တတ်ခြင်းနှင့် အိမ်တွင်းသန့်ရှင်းစွာ နေတတ်ရန်
၁၁။ အသုံးအစွဲဆင်ခြင်တတ်ခြင်းနှင့် ချွေတာသုံးတတ်ရန်
၁၂။ မိဘဆုံးမမှုကို နာခံတတ်ရန်
၁၃။ ပျင်းရိမှုမရှိ၊ ဖျတ်လတ်စွာလုပ်တတ်ရန်
၁၄။ အချစ်ကို နားနှင့်ရွေးချယ်ပြီး အလွယ်တကူလက်ခံမှုမရှိရန်
၁၅။ ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင်နေတတ်ရန်

( အဆိုပါ မိန်းမကောင်းဖြစ်ရန် လိုသောအချက်များကို ကျွန်တော်ရှာဖွေနေမှန်းသိ၍ ကျွန်တော်နှင့်ခင်သော ညီမငယ်တစ်ဦးမှ သူမှတ်ယူထားသည်ကို   ပြန်လည်မျှဝေခြင်းဖြစ်ပြီး မည်သည့်စာအုပ်မှ ကိုးကား ထားသည်ကို ရေးမထားသောကြောင့် ဖော်ပြနိုင်ခြင်း မရှိပါ။ သို့သော် အဆိုပါ အချက်များသည် အမှန် တကယ်လည်း လိုက်နာကျင့်သုံးသင့်သည်ဟု ထင်မြင်မိသောကြောင့် စာအုပ်အကိုးကို မသိသော်လည်း မှတ်ယူနိုင်ရန် ဖော်ပြ လိုက်ပါသည်။ )

9 comments:

smsett said...

နားနှစ်ဖက်ကြား လက်ရုံးနှစ်ဖက်ကြား တို့ကိုတန်ဆာဆင်ြ­ခင်းပြီးတော့ြေ­ခထောက်နှစ်ဖက်ကြားကိုလည်းတန်ဆာဆင်ပါဦးဆရာ။

Cameron said...

ဗဟုသုတအဖြစ်မှတ်သားသွားပါသည်....။

mstint said...

တီတင့်ဖတ်ဖူးခဲ့ပေမယ့် သိရှိ မှတ်သား လိုက်နာသင့်တဲ့ တန်ဘိုးရှိ စာသားလေးတွေမို့
နောက်တစ်ကြိမ် ဖတ်သွားတယ် ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

PhyoPhyo said...

ကိုယ့်ဘာသာ သိပ်အကောင်းစားကြီးလို့ ဘယ်တုန်းကမှမထင်ပေမယ့် ဒီအချက်လေးတွေနဲ့ တိုက်ကြည့်တော့ မဆိုးဘူးလိုပဲ။ ရာနှုန်းပြည့်မဟုတ်တောင် အဲဒီအတိုင်းကြိုးစားပါတယ်။ ဆက်ပြီးလည်း ကြိုးစားသွားပါမယ်။
ကျေးဇူးအများကြီး။

3rdthameetaw said...

ကောင်းတယ် ဗျို့ ..ဖတ်ရတာတန်ဖိုးရှိလိုက်တာ
ရေးသားထားတာလေးကျေးဇုးတင်မိတယ်

3rdthameetaw said...

ကောင်းတယ် ဗျို့  အရမ်းကိုတန်ဖိုးရှိတာလေးဖတ်ခွင့်ရလို့  ကျေးဇူးတင် တယ်

3rdthameetaw said...

ကောင်းတယ် ဗျို့  အရမ်းကိုတန်ဖိုးရှိတာလေးဖတ်ခွင့်ရလို့  ကျေးဇူးတင် တယ်

3rdthameetaw said...

ကောင်းတယ် ဗျို့  အရမ်းကိုတန်ဖိုးရှိတာလေးဖတ်ခွင့်ရလို့  ကျေးဇူးတင် တယ်

3rdthameetaw said...

ကောင်းတယ် ဗျို့  အရမ်းကိုတန်ဖိုးရှိတာလေးဖတ်ခွင့်ရလို့  ကျေးဇူးတင် တယ်

Related Posts Plugin for WordPress, Blogger...