Monday, January 21, 2013

" မှန်ထဲကငါ "


ဘယ်သူ မြင်နိုင်မလဲ
ငါ့ရင်ထဲက စစ်မှန်ခြင်း
အဟုန်ပြင်းပြင်းနဲ့ ခွင်းထွက်ခဲ့တာ
ရူးသွပ်ခြင်း အနုပညာအဖြစ်ပေါ့။

ညတွေမှာပဲ ဘ၀က ဖြစ်ဖြစ်လာသလား
နှလုံးသားက အာဟာရ ပြည့်တဲ့အချိန်
ငါ့ရင်ဘတ်အိမ်မှာ ခံစားချက်တွေ လျှံတက်
မနက်ဖြန်ရဲ့ မနက်ကို ငါမသိဘူး
အနုပညာဆိုတာက ခန္ဓာကို ၀င်ပူးတာလေ
အရုဏ်နေက ခဏခဏ သေတယ်။

ငွေကြောင့် အနုပညာဖြစ်လာတာ မဟုတ်ဘူး
အောင်မြင်ဖို့လည်း အနုပညာတွေ ထပ်ထပ် မသစ်ဘူး
ချစ်လွန်းလို့ အံကျလာတဲ့ အနုပညာ
တချို့ကလည်း.....
ထောင့်တစ်နေရာကနေ ဆွဲဖြဲဖို့စောင့်နေတယ်။

မင်းတို့သာ အမှန် - ငါက အမှား
မင်းတို့သာ စာနာတတ်သူ - ငါက ကိုယ်ချင်းစာတရား မရှိတဲ့ကောင်
မင်းတို့သာ ပညာတတ် - ငါက အသိဥာဏ်မဲ့
ခပ်အဲ့အဲ့ ထွက်လာတဲ့ အသံတွေကြား
မင်းတို့လုပ်မှ ငါမှားတော့တယ်
မင်းတို့စာနာပြမှ ငါကိုယ်ချင်းစာတရား မဲ့တော့တယ်
မင်းတို့ တွေးခေါ်ပြမှ ငါငတုံးဖြစ်တော့တယ်။

မှန်တစ်ချပ်လိုပဲ
အနုပညာထဲ ၀င်ရပ်ပြီးတဲ့အခါ
မနက်ဖြန်မှာ ငါဟာ
မင်းတို့မှန်ချင်ရင် မှားပေးဦးမယ်
မင်းတို့စာနာတတ်ချင်ရင် ကိုယ်ချင်းစာစိတ်မဲ့ပေးဦးမယ်
မင်းတို့တွေးခေါ်ပြချင်ရင် တုံးပေးဦးမယ်
ငါချစ်တဲ့ အနုပညာအတွက်ဆို
ငါဟာ ငါဟုတ်ချင်မှ ဟုတ်လိမ့်မယ်။               ။

သားလတ်
၁၁း ၂၆ နာရီ
၂၁.၁.၂၀၁၃

5 comments:

လွင်ပြင်လှိုင်းငယ် said...

ငွေကြောင့် အနုပညာဖြစ်လာတာ မဟုတ်ဘူး
အောင်မြင်ဖို့လည်း အနုပညာတွေ ထပ်ထပ် မသစ်ဘူး
ချစ်လွန်းလို့ အံကျလာတဲ့ အနုပညာ
တချို့ကလည်း.....
ထောင့်တစ်နေရာကနေ ဆွဲဖြဲဖို့စောင့်နေတယ်။

ကဗျာလေးကကောင်းလိုက်တာ ။

Candy said...

မင်းတို့မှန်ချင်ရင် ငါမှားပေးဦးမယ်...

ခံစားသွားတယ်အစ်ကို :)

မိုးနတ်ကြယ်စင် said...

ဘယ်သူ မြင်နိုင်မလဲ
ငါ့ရင်ထဲက စစ်မှန်ခြင်း
အဟုန်ပြင်းပြင်းနဲ့ ခွင်းထွက်ခဲ့တာ
ရူးသွပ်ခြင်း အနုပညာအဖြစ်ပေါ့။

ညတွေမှာပဲ ဘ၀က ဖြစ်ဖြစ်လာသလား
နှလုံးသားက အာဟာရ ပြည့်တဲ့အချိန်
ငါ့ရင်ဘတ်အိမ်မှာ ခံစားချက်တွေ လျှံတက်
မနက်ဖြန်ရဲ့ မနက်ကို ငါမသိဘူး
အနုပညာဆိုတာက ခန္ဓာကို ၀င်ပူးတာလေ
အရုဏ်နေက ခဏခဏ သေတယ်။

ငွေကြောင့် အနုပညာဖြစ်လာတာ မဟုတ်ဘူး
အောင်မြင်ဖို့လည်း အနုပညာတွေ ထပ်ထပ် မသစ်ဘူး
ချစ်လွန်းလို့ အံကျလာတဲ့ အနုပညာ
တချို့ကလည်း.....
ထောင့်တစ်နေရာကနေ ဆွဲဖြဲဖို့စောင့်နေတယ်။

ကောင်းလိုက်တာနော်..တကယ်ပဲတပုဒ်လုံးကို
နှစ်သက်မိတယ်..အရမ်းကို like ပါတယ်အကိုရေ
မိုးနတ်လေးစားပါအိ....
ပြောချင်နေတဲ့စကားတွေကို အကိုကထပ်တူ
ခံစားရင်ထဲက ပြောပေးသွားတာပဲ...
ကျေးဇူးကမ္ဘာပါ အကိုတော်...:)
ခင်တဲ့...မိုးနတ်

3rdthameetaw said...

ကဗျာလေး လာဖတ်သွားတယ် ကိုဆူးသစ်ရေ
ပျော်ရွှင်ပါစေ ကဗျာအားမာန်တွေ ရပါစေရှင်

နွေတေးရှင် (မင်းဧရာ) said...

သည်ကဗျာလေးကို ဖတ်မိတော့
ကိုလွှမ်းမိုး သီးချင်းလေးကို ကျွန်တော့်အတွေးထဲမှာ ဆိုလိုက်မိတယ် အစ်ကိုရာ ( ညီးလေးလည်း အစ်ကိုကြီးလိုပဲ ဒုက္ခပေးတဲ့ မောင့်မနှင်းဆီ )ဆိုတဲ့နေ
ရာလေးပေါ့။
ရုန်ကန်ရဦးမပေါ့ အစ်ကို။

Related Posts Plugin for WordPress, Blogger...