Thursday, July 7, 2011

"ပူပြီးရင်းပူ"


မပြောတော့ဘူးဟု နေမည်စိတ်ကူးထားသော်လည်း ရေးရတော့မည်ဟု စဉ်းစားရင်း မနေနိုင်သည့်အခါ ချရေးမိပြန်သည်။ သည်တစ်ခါလည်း ကျွန်တော်တို့ လုပ်ကွက်ထဲက သိရတာလေးပါ။

ကျွန်တော်အရင်ကလည်း ထိုကိစ္စပြောခဲ့ဖူးသည်။ သည်တုန်းက ညှာညှာတာတာ၊ ဝေ့ကာဝိုက်ကာ။ သည်တစ်ခါတော့ တည့်တည့်သာ ကိုယ်နားလည်သလိုသာ ပြောရတော့မည်။

ကျွန်တော်တို့ မြန်မာမိန်းကလေးများ စင်ကာပူမှာ ရည်းစားရ၊ ချစ်သူရ လွယ်ကြသည်။ အတွဲရသည် ဆိုပါတော့။ အတွဲလေးတွေရကြသည်က ပြဿနာမရှိသော်လည်း ကိုယ့်လူမျိုးကိုယ် မတွဲဘဲ တခြားနိုင်ငံသားတွေကို တွဲနေခြင်းက ပြဿနာရှိသည်။

သည်လိုပါ။ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ဘင်္ဂလားတစ်ယောက်က သူနှင့် ရွှေမတစ်ယောက်ကြိုက်နေကြောင်း၊ သူတို့ ဘယ်လိုတွေ့ကြောင်း၊ ဘာတွေလုပ်ကြောင်း ကျွန်တော့် အလုပ်သမားလေးများကို ခဏခဏပြောလာသည်တဲ့။ အမှန်အတိုင်းပြောရလျှင် ထိုအချိန်အထိ ကျွန်တော်လည်း မသိသေး။ သို့သော် သည်နေ့တော့ ကျွန်တော့် ကောင်လေးတွေ ပေါက်ကွဲထွက်ပြီး ကျွန်တော့်ကို ပြောပါတော့သည်။

"ကျွန်တော်တို့က အဲဒီ ရွှေမရဲ့ နံပါတ်ရှိတော့ ဖုန်းခေါ်တာပေါ့ အစ်ကိုရာ။ အဲဒါ သူက ဘာပြောလဲဆိုတော့ မြန်မာနဲ့ဆို စကားမပြောဘူးတဲ့။ ကျွန်တော်တို့က အေးအေးဆေးဆေးပြောပြပါတယ်။ ခင်ဗျား မြန်မာဆိုရင် ရှက်ပါလို့။ ကျွန်တော်တို့ ဆိုဒ်ထဲမှာ ခင်ဗျားဖုန်းနံပါတ်က ကုလားတွေ၊ ဘကုန်းတွေ လက်ထဲမှာ ပွနေပြီလို့။ သူတို့က ခဏခဏပြောလွန်းလို့ ကျွန်တော်တို့ မြန်မာတွေ ရှက်လွန်းလို့ သည်းမခံနိုင်တော့လို့ကို ဆက်ရတာလို့"

"ဒီတော့ သူက ဘာပြောလဲ"

"နင်တို့နဲ့ ဘာဆိုင်လဲတဲ့။ ကျွန်တော်တို့က ခင်ဗျားမရှက်ပေမယ့် ကျွန်တော်တို့ ရှက်တယ်လို့။ သူက မြန်မာဆို မပြောဘူးဆိုပြီး ရပ်သွားတယ် အစ်ကို။ ဒါနဲ့ နောက်တစ်ယောက်က ဖုန်းနောက်တစ်လုံးနဲ့ ခေါ်ပြီး နင်က မြန်မာဆို မပြောဘူးဆိုရအောင် ဘာ ကောင်မလဲ၊ ဘာလဲနဲ့ ဆဲပြီး ပြန်ချပစ်လိုက်တယ်"

သူတို့ ပြောတာနားထောင်ပြီး ဘာတွေဖြစ်ကုန်ပြီလဲဟု ကိုယ့်ဘာသာ အတွေးဝင်မိတော့သည်။ ကုန်ကုန်ပြောရလျှင် ဘကုန်း ဆိုသည်ကို စလုံးက ဂေလန်းဟု လူသိများသည့် Sex ကိစ္စ ပျော်ပါးသည့်နေရာမှာ တချို့ လက်မခံဟုပင် ပါးစပ်စကားကြားဖူးသည်။ သည်တော့ မြန်မာဆို စကားမပြောချင်ဘဲ ဘကုန်းကိုလူထင်လောက်အောင် မြန်မာမလေးတစ်ယောက်က စိတ်ဓာတ်ပြောင်းလဲနေသည်လား။

ကျွန်တော်တို့ စဉ်းစားစရာ ကိစ္စတွေ များစွာရှိလာချေပြီ။ Site ထဲမှာ ကျွန်တော့်အလုပ်သမားလေးတွေ ဖားမတွေ အကြောင်းပြောလျှင် ဆင်ခြင်ဖို့ ကျွန်တော် သတိပေးဖူးသည်။ ရုံးမှာ ဖားယောက်ျားလေးတွေ ရှိနေသောကြောင့်ပါ။ ဖားတွေနှင့် မပျော်ပါနှင့်ဟု ကျွန်တော့်အလုပ်သမားလေးတွေကို သွားပြောလျှင်တော့ ရိုက်တောင် လွှတ်ပေဦးမည်။ ကိုယ့်ဘက်သူ့ဘက် တွေးကြည့်ချင်စရာ။ သူတို့ကတော့ ပြောဖူးသည်။ ဖားတွေကိုက ပျော်တာပါတဲ့။

ခုတော့ ရှက်စရာ ကောင်းသည့် အဖြစ်အပျက်များက မြန်မာများကြားမှာ တစ်ခုပြီးတစ်ခုရောက်လာချေပြီ။ ရင်နာလှပါသည်။ တွဲတာလည်း ကြည့်တွဲကြစေချင်သည်။ စလုံးမှာ မြန်မာတွေ အများကြီးဆိုသည်ကို မမေ့ကြပါနှင့်ဦး။ ငွေရှာသည် ဆိုပြီး သည်လို နည်းနှင့် လုပ်နေလျှင် ဒုက္ခတွေ တစ်ပုံကြီးတော့ ရသွားနိုင်စရာ ရှိသည်။ ၀ိုင်းဝန်း အဖြေရှာဖို့တော့ လိုနေပြီ ထင်၏။ ခင်မင်ရင်းနှီးသူ အချင်းချင်းလည်း လက်တို့၍ ပညာပေးသင့်နေပြီ ထင်ပါသည်။ ဖားမတွေနှင့် ပျော်သူများက ဖုန်းကတ်ဝယ်ပေး၊ မုန့်လိုက်ကျွေးဆို အိုကေသည်တဲ့။ ရွှေမလေးတချို့ကရော ဖုန်းကတ်တစ်ကတ်၊ ထမင်းတစ်ပန်းကန်နှင့် ဘ၀ကို ထိုးကျွေးမည်လား။ ရင်မောရပါသည်။

လောလောဆယ်တော့ မြန်မာပြည်မှာ မိုးနှင့် ဆက်တိုက်ကြုံ၍ ပြန်လာသော ကျွန်တော်၊ စင်ကာပူကို ပြန်ရောက်ကတည်းက မိုးမရွာဘဲ အိုက်စပ်ပူလောင်နေသည့်ကြား ရင်ထဲကို အပူလှိုင်းအကြီးကြီးများ ဖြတ်နေသလို ခံစားနေရလေသည်။ ။

ဆူးသစ်
၇.၇.၂၀၁၁
၂၃:၀၆ နာရီ


8 comments:

မိုးယံ said...

အဲဒီ မိန်းမကို ဘင်္ဂလားဒေ့ရှ်ပို့လိုက်ပါ။ ကိုယ်နဲ့ မဆိုင်လို့သာ သဘောထားလိုက်ပါတော့.. ကိုယ်တွေကလည်း ခဲနဲ့ ပေါက်သတ်လို့ ရတာမဟုတ်ဘူးဆိုတော့ မြန်မာပြည်သူ တစ်ယောက် ဟာ မြန်မာပြည်ရဲ့ ဂုဏ်ကို ဆောင်နိုင်တယ်.. ဂုဏ်ကို နိမ့်ချ နိုင်တယ်ဆိုတာလောက်တော့ သူမသိလေရော့သလား။

ငွေအိမ်စံ said...

အကိုရေ...
ဆိုက်ပရပ်စ်မှာလည်း ရှိတယ်ဗျ...
မြန်မာတော့မဟုတ်ဘူး...
တရုတ်တွေနဲ့ ဗီယက်နမ်တွေ..
ဖုန်းကဒ် တကဒ်ပေးရင် ရတယ်ဆိုပဲ..
လေတယ်..း(

SHWE ZIN U said...

အင်း ကိုယ်ပါ ပူသွားပြီ ဒုက္ခပါဘဲ ကြားဘူးသလောက်တော့ မြန်မာ မလေး အများစု က မြန်မာတွေနဲ့ တွဲကြတာများပါတယ်တဲ့ ဖောက်သွားတဲ့ သူအတွက် ပူ ကြမှာပေါ့

Unknown said...

တို့က ကုလားလည်းမဟုတ်၊ ဘင်္ဂလားလည်းမဟုတ်ပေမယ့် အမြင်မတော်တာကို ဝင်ပြောချင်လို့ပါ။ ရွှေပြည်ဆိုတဲ့နိုင်ငံကလူတွေ တလွဲဆံပင်ကောင်းနေကြတယ်။ မြန်မာယောက်ျားတွေ လူမျိုးခြားမိန်းမတွေနဲ့တွဲတာတော့ ပြောစရာမရှိကြဘူးပေါ့နော်။ လူမျိုးခြားတွေက မြန်မာမ,တွေနဲ့တွဲတော့ နာနေကြတယ်ပေါ့။ ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို ချစ်တယ်ဆိုပြီး သောက်တလွဲအယူတွေနဲ့ လူတဦးတယောက်ချင်းရဲ့ လွတ်လပ်ခွင့်ကို ဖုံးဆက်အနှောက်အယှက်ပေး ကျူးလွန်ခွင့်ရှိတယ်ထင်နေကြတယ်ပေါ့။ ပြောရရင် သူ့ဖာသာ ဘယ်လူမျိုးနဲ့ကြိုက်ကြိုက် “None of your damn business” ပါပဲ။ မြန်မာမ,ရော၊ မြန်မာထီးရော ဘယ်အဖြူ၊ အမဲ၊ အစိမ်း၊ အဝါ၊ အပြာလူမျိုးတွေနဲ့ယူယူ သူ့တဦးချင်းရဲ့အခွင့်အရေးပါ “None of your damn business” ပါ၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ့်လူမျိုးကိုသိပ်ချစ်ရင် နိုင်ငံတကာမှာ ပြည့်တန်ဆာလုပ်စားနေရတဲ့ မြန်မာအမျိုးသမီးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားကယ်ကြပါလားလို့မေးရင် ဘာဖြေစရာရှိကြလဲ။ အပြောကြမ်းခဲ့ရင် နားလည်ပေးကြပါ၊ လူမျိုးရေးအသားအရောင်ခွဲခြားသူတွေ၊ racist တွေ၊ သောက်တလွဲအစွဲရှိသူတွေအပေါ် ဒေါဖောင်းလို့ပါ။

စော(အဝါရောင်မြေ) said...

ကိုယ်ကပူတာကို သူတို့ က ဘာမှန်းမသိလို့ လား။ ဟိုတစ်လောကပဲ ဘကုန်း ကုလား အင်ဒိုမိတ်ကို သတ်ပြီး ခေါင်မိုးပေါ်က ရေကန်ထဲ ထဲ့ထားလို့  စ လုံးမှာတောင် ရေဝယ်သောက်ရတဲ့ သူတွေရှိနေတာ တော့ သိမှာပါပဲ။
:S

အဖြူရောင်နတ်သမီး said...

ဟင်း...
ပြောရတာတော့ ခပ်ခက်ခက်ပဲ..
ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲလေ..
သူ့အရိပ် သူ့နောက်လိုက်ပါလိမ့်မယ်...

Angelhlaing(May everybody be happy and healthy! said...

ကြားရတာ နားမချမ်းသာစရာပါလားအကို...ခုမှပဲရောက်ဖြစ်တယ်အကိုရေ...ကောင်းသောနေ့လေး ဖြစ်ပါစေလို့...

Han Kyi said...

အဲဒီလိုဖြစ်ရခြင်းအကြောင်းကို စဉ်းစားလိုက်ရင် မိမိကိုယ်ကို လေးစားမှု self-respect နဲ့ပဲ ဆိုင်ပါလိမ့်မယ်...တိုင်းပြည်၊ လူမျိုးကို လေးစားခြင်း၊ မြတ်နိုးခြင်းရှိဖို့ဆိုတာ မိမိကိုယ်ကို တန်ဖိုးထားမှု မရှိဘဲနဲ့ လုပ်ယူလို့မရပါ...မိမိရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးမထားသူတစ်ယောက်ဟာ မိဘမောင်ဘွားတွေရဲ့ မျက်ကွယ်ကို ရောက်သွားပြန်တော့ လွတ်တတ်တာ သဘာဝဖြစ်ပါတယ်...သူ့ကြောင့် ကောင်းကောင်းမွန်မွန်နေတဲ့ ကျန်တဲ့မြန်မာမလေးတွေအပေါ် အထင်အမြင်တွေ သေးကုန်ကြမယ်လို့လဲ မထင်စေချင်ပါ...အပေါ်ယံအမြင်နဲ့ အထင်သေးခံရချင်ရနိုင်ပေမယ့် ဖြူစင်တဲ့ ကိုယ်ကျင့်တရားကို လူတိုင်းနားလည်နိုင်တာမို့ ကြာပန်းများလို နွံထဲမှာပေါက်ပေမယ့် မွှေးမြဲမွှေးပါလိမ့်မယ်...

ကိုယ့်လူမျိုးတွေတင်မဟုတ်ဘဲ အခြားလူမျိုးတွေထဲမှာလည်း self-respect အားနည်းရင် အားနည်းသလို ပျက်စီးကြပါတယ်...တစ်ခုပြောစရာရှိတာက ယဉ်ကျေးမှုစံနှုန်းသတ်မှတ်ချက်တွေ မတူကြတာပါပဲ...

Related Posts Plugin for WordPress, Blogger...