Wednesday, February 13, 2013

" ရိုးရိုး အလွမ်းကဗျာ တစ်ပုဒ် "


စင်ကာပူမှာ မိုးတွေ ဆက်တိုက်ရွာတယ်
မိန်းမရေ.......လွမ်းလိုက်တာ။

တရုတ်နှစ်ကူး ရုံးလေးရက်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အရှေ့ဘက်ကမ်းခြေမှာ သူငယ်ချင်းမိသားစုတွေ သွားတွေ့တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ဝက်သားချက်၊ ချဉ်ပေါင်ကြော်၊ ကြက်သားကြော်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အိမ်နားက ကော်ဖီဆိုင်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ထမင်းချက်တာများတော့ မကုန်တော့ဘူး
မိန်းမရေ.......လွမ်းလိုက်တာ။

နိုင်ငံခြားကား ကောင်းကောင်းတင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ပင်နီဆူလာက၀ယ်လာတဲ့ ချဉ်ပေါင်ရွက်ကရင့်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အာဆင်နယ် ဒီတစ်ပတ်နိုင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ကောင်လေးတွေက ကောင်မလေးတွေကို ချောကလက် ကျွေးတော့မယ်တဲ့
မိန်းမရေ.......လွမ်းလိုက်တာ။          ။

သားလတ်
၂၁း၀၄ နာရီ
၁၃.၂.၂၀၁၃

[ ၁၄.၂.၂၀၁၃ တွင် ကျရောက်သော ဗလင့်တိုင်းနေ့အတွက် အမှတ်တရ ရေးပါသည်။ ]

6 comments:

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးး
အကိုရေ...
ညလေးလဲ ညလေးချစ်သူကို လွမ်းလိုက်တာ....:)

ညလေးလဲ အလွမ်းကဗျာ ရိုးရိုးလေးဝင်ရေး
သွားတယ်နော်...ကောင်းတယ်မဟုတ်လား :P

ဟိုတခါကွန်မန့်အတွက် ဆောရီးပါ အကိုရေ...
ညလေးဆီမှာ အကိုမောင်ဘုန်းရဲ့ မန့်ကို
ဖတ်လာတာဆိုတော့ စိတ်ထဲစွဲပြီး အကိုဘုန်းလို့
ရေးလိုက်မိတာ...တကယ်တောင်းပန်ပါတယ်...
အကို့ကို မလေးမစားလုပ်တာမဟုတ်ပါဘူး...
ရှပ်ပြာပြာနိုင်တဲ့ ညလေးကို ခွင့်လွှတ်နော် :D

Candy said...

ဟဟဟဟဟဟ
ဘာလုပ်လုပ်ကို လွမ်းနေတော့တာပဲ :D :D :D

နွေတေးရှင် (မင်းဧရာ) said...

အဟဲ.....
ကျွန်တော့်တော့ အမှတ်တရ မဖြစ်ရသေးဘူးဗျာ
အစ်ကိုကြီးကတော့ လွမ်းပေမပေါ့ သည်တစ်နှစ်တော့
လက်လျှော့လိုက်ဦးမယ်ဗျာ။

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာလေးပါလားအကိုရေ... အားကျစရာ..:)

Cameron said...

ချစ်စရာချစ်သူများနေ့အတွက် အနားမှာမရှိတဲ့ အိမ်သူကို လွမ်းတဲ့ ကဗျာကလေး...

ရင်လှိုင်းခတ်သံ said...

အရမ်းကို ရိုးတဲ့ အလွမ်းလေးပါလားနော်..။

Related Posts Plugin for WordPress, Blogger...