Sunday, August 18, 2019

" ထာဝရခေါင်းဆောင်များ "

ခေတ်တိုင်းခေတ်တိုင်း၊ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ တိုင်းပြည်အတွက် ဦးဆောင်သူများစွာပေါ်ထွက်ခဲ့ကြသည်။ သို့သော်ဦးဆောင်သူတိုင်း ခေါင်းဆောင်မဖြစ်ခဲ့ကြ။ ဦးဆောင်သူတိုင်းခေါင်းဆောင်မဟုတ်ခဲ့ကြ။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် တစ်ခေတ်တစ်ခါတွင်လည်းကောင်း၊ ယခုမျက်မှောက်ခေတ်ကာလတွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပြည်တွင်းသာမက နိုင်ငံတကာကပါ အသိအမှတ်ပြုရသည့်ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ပါသည်။ စွန့်လွှတ်အနစ်နာခံခြင်း၊ ပြည်သူ့အကျိုးကိုသာဦးတည်ခြင်း၊ တိုင်းပြည်ကောင်းစားရေးအတွက်သူတို့၏ဘဝကိုစတေးရာတွင် သူမတူခြင်း၊ ခေါင်းဆောင်မှုအရည်အသွေးပြည့်ဝခြင်း စသည့်ပြောမကုန်နိုင်သော အရည်အချင်းများ သူတို့သားအဖတွင်ရှိသည်ဟုကျွန်တော်ယုံကြည်သလို အများကလည်းလက်ခံကြပါသည်။ ထိုအတွက် ပြည်သူကလည်း သူတို့နှစ်ဦးကို ခေတ်တစ်ခေတ်သာမဟုတ်၊ အမြဲတမ်းထာဝရအတွက်ခေါင်းဆောင်များအဖြစ်အသိအမှတ်ပြုထားသည်ဟုယုံကြည်လက်ခံမိပါသည်။ ထိုကဲ့သို့ ခေါင်းဆောင်များကို လေးစားဦးညွှတ်ဂုဏ်ပြုလိုစိတ်ဖြင့် " ထာဝရခေါင်းဆောင်များ " ဆိုသော သီချင်းတစ်ပုဒ်ကို ကျွန်တော့်နှလုံးသားဖြင့်ခံစားရေးဖွဲ့ပါသည်။ ကျွန်တော်နှင့်ယုံကြည်ချက်တူ၊ ခံစားချက်တူ၊ အနုပညာစီးမျောမှုတူညီသော ရန်ကုန်စက်မှုတက္ကသိုလ်( ၁၉၉၃-၂၀၀၀) မှ သူငယ်ချင်းများဖြစ်သည့် နေဇော်၊ ဘာစကာ၊ ဂျိုဗီ၊ သွင်မောင်မောင်၊ စိုးမင်းဆက် တို့အတူပူးပေါင်းပြီး သူရကို၊အောင်လွင်၊ ထွန်းထွန်းနှင့် နိုင်ဝင်းလှိုင်တို့၏ ပူးပေါင်းအားဖြည့်မှုနှင့်အတူ " ထာဝရခေါင်းဆောင်များ " ဆိုသောသီချင်းတစ်ပုဒ်ဖြစ်တည်ခဲ့ပါသည်။ 
ထာဝရခေါင်းဆောင်များကို လေးစားဦးညွှတ်လျက် ဆူးသစ်



Related Posts Plugin for WordPress, Blogger...