Sunday, February 12, 2012

" အရောင်တူများ "



ဟောဒီ နတ်သမီးလက်ထဲမှာ
ပန်းပွင့် ဆယ့်လေးခု အမြဲတမ်း။

သူတို့ကို ရောင်စုံပန်းတဲ့
( ဒါပေမဲ့...)
တစ်သွေးတည်း လန်းနေတဲ့ အလှလို့ဆိုကြ
ကဲ-သူတို့မှသိမယ်။

လွန်ခဲ့တဲ့ ရာသီတွေ ငဲ့ကြည့်ပါ
သက္ကရာဇ်ကို ပြန်ရစ်ပါ
ပြတိုက်များကို သန့်စင်ပါ
သွေးဆေးကန်မှာ ခိုလှုံပါ
ကျုံးရေပြင်ကို ငုံ့ကြည့်ပါ
တောင်တန်းတွေကို စကားပြောပါ
မြစ်ကြီးများကို တံခါးခေါက်ပါ
စာအုပ်စင်များကို စားသုံးပါ
သံစဉ်များကို တူးဖော်ပါ
ကျောက်တိုင်များကို ဖတ်ကြည့်ပါ
(အဲဒီမှာ....)
အရောင်တူ အလှတွေ
ခြေဖျားထောက်နေတဲ့ နတ်သမီးလက်ထဲ
ဟိုးကတည်းက ရင်ငွေ့ခြုံခဲ့မှ
ကဲ-ဘယ်က လက် အနုအကြမ်းတွေက ခြွေနိုင်တော့မှာလဲ။ ။

သားလတ်
၂၂:၅၁ နာရီ
၁၀.၂.၁၉၉၇

[ ( ၅၀) ပြည့်နှစ် ရွှေရတုပြည်ထောင်စုနေ့ အတွက် ရေးခဲ့သော ကဗျာဖြစ်ပါသည်။]

4 comments:

Sofar Away Fromu said...

အရောင်တူ...

စံပယ်ချို said...

ပြည်ထောင်စုနေ့ အမှတ်တရ ကဗျာလေးက
အရမ်းကောင်းပါတယ်ရှင်

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရ မှတ်တိုင်တွေထဲက တစ်ခု ခံစားအားပေးလျှက်ပါ အကို...

Han Kyi said...

အလုပ်တွေပိနေလိုက်တာဗျာ ဒီနေ့ပြည်ထောင်စုနေ့ဆိုတာ မေ့နေတယ်...လွှင့်ထားတဲ့ အလံတွေမြင်မှ သတိထားမိတော့တာပဲ...ခေါင်းထဲမှာ မနက်ဖြန်ရောက်လာမယ့် ဗိုလ်ချုပ်မွေးနေ့အကြောင်းပဲ ကြီးစိုးနေလို့လည်း တစ်ကြောင်းပါတာပေါ့...

ပြောမယ့်သာပြောရတယ် ပြည်ထောင်စုနေ့ကလည်း အလံလေးတွေ လွှင့်ရုံလောက်ပဲ လုပ်ကြတော့တယ်...ပြည်ထောင်စုနေ့ ဘာကြောင့်ဖြစ်သလဲဆိုတာတောင် မသိတဲ့လူတွေ များနေပြီ...

လူတွေကို သမိုင်းသင်ပေးဖို့တော့ လိုနေပြီ ကိုဆူးသစ်ရေ...

Related Posts Plugin for WordPress, Blogger...