+ သင်္ခါရက ပညာပြတဲ့အခါ လူ့လောကထဲက ထွက
အခုတော့.....
အစ်ကို့ရဲ့ ကွယ်လွန်ခြင်း ရှစ်နှစ
+ လူတွေအားလုံးက ငွေနောက်လိုက်နေကြ သည်။ ကျွန်တော်လည်းပါသည်။ ဘယ်တော့ ရပ်သွားမလဲ မသိ။ ရပ်လို့လည်းမရ။ ကိုယ်ကရပ်လိုက်သည်နှင့် ကိုယ့်နောက်ကို ဒုက္ခတချို့ကလည်း ကပ်လိုက်လာ လိမ့်မည်ကို သိနေသည်။ ခက်သည်က ငွေေ နာက်လိုက်နေရင်း ပေးဆပ်လိုက်ရသည် က များနေသည်။ အဝေးက ဇနီးသည်နှင့် မိ ဘများ၊ ညီအစ်ကိုများနှင့်အဝေးမှာ ကျွန်တော်ငွေရှာနေရသည်က ပိုခက်သည်။ သည်နေ့ ဘာသာရေးနေ့မို့ စင်ကာပူမှာ အလုပ်တွေပိတ်ကြသည်။ တနင်္ဂနွေကို အများပြည်သူ ပိတ်ရက် သွားထပ်၍ မနက်ဖြန် တနင်္လာကိုပါ ဆက်ပိတ်ပေးသည်။ သို့သော် အဝေးက ငွေလာရှာရသော ကျွန်တော်က ကံကောင်းသည်လား၊ ကံမကောင်းသည်လားမသိ။ နှစ်ရက်တိတိ နားမည်အားခဲကာမှ ထိုနှစ်ရက်စလုံး အလုပ်ဆင်းရတော့သည်။ တာဝ န်အရကို မသွားလို့ကိုမဖြစ်တော့။ သ ည်တော့ သည်နေ့ တနင်္ဂနွေညနေမှာ စက်မှု တက္ကသိုလ်က အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်၏မွေးနေ့ ဖိတ်ထားမှုကို လည်း မသွားနိုင်။ ညီအစ်ကိုလိုခင်ခဲ့သူများက ဂစ်တာစုတီးမည်ဆိုသော နေ ရာကိုလည်း ခြေဦး မလှည့်နိုင်။ ကိုယ့်ကျန်းမာရေးအတွက် အားကိုခြွေတာရဦးမည်မဟုတ်လား ။ တစ်ဖက် ကလည်း ငွေနောက်ကို လိုက်ရခြင်းအတွ က် လူမှုရေးတွေ၊ အားလပ်ချိန်တွေ ဘယ် နှစ်ကြိမ်များ ဆုံးရှုံးခဲ့ပြီလဲမသိဟုသာ ပြန်စဉ်း စား နေမိသည်။ ( ဩဂုတ်လ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်နေ့က လက်ကမ်းကြော်ငြာ စာရွက်လေးတစ်ရွက် ရပါတယ်။ Your pain checklist တဲ့။ အမယ်။ သူ့စာတွေဖတ်ကြည့်မှ ကိုယ့်ဘာသာ အဲ ဒီလောက် နာရကောင်းမှန်းတောင် မသိဘူးဖြစ်နေတယ်။
ကြည့်ဦးလေ။ လည်ပင်းနာ၊ ပုခုံးနာ၊ ကျောအောက်ပိုင်းနာ၊ ဒူးနာ၊
လက်ကောက်ဝတ်နာ၊ ကျောအပေါ်ပိုင်းနာ၊ ခါးဆစ်နာ၊ ကလေးကျောရိုးနာ၊ တင်ပါးဆုံနာ၊
ကိုယ်ဝန်ဆောင်ခါးနာ၊ တံတောင်ဆစ်နာ၊ အဆစ်နာ၊ ကြွက်သားနာ၊
ခြေဖ၀ါးနဲ့ ဖနောင့်နာ၊ ခြေကျင်းဝတ်နာ၊ ဦးခေါင်းကိုက်ခဲနာ။ စုံလို့ဗျာ။
အဲဒါကို စစ်ပေးတာတဲ့။ Checklist တောင်ပါသေး။
ကျွန်တော်က ဘေးကင်းရေး စစ်နေတော့ လုပ်ကွက်ထဲ စစ်နေကျChecklist တွေထဲ ဒီလိုChecklist မပါလို့ တော်ပါသေး လားလို့ တောင်ထင်မိတယ်။ သူ့ကြော်ြ ငာ ဖတ်ပြီးမှ ကိုယ်တောင် ဟိုနားနာ ချင်သလိုလို၊ ဒီနားနာချင်သလိုလို ဖြစ်မိသေး။ ( ဩဂုတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)
+ ရှေ့ကနှစ်ပွဲမှာ အသင်းငယ်တွေနှင့် ကစားသွားပုံကိုကြည့်ပြီး နာမည်ြ ကီးဂျာနယ်ကြီးကလည်း သူတို့မန်ယူသာ သည်တစ်ပတ်နိုင်မည်။ လီဗာပူးကြို ဖင့် အာဆင်နယ်မနိုင်နိုင်ဟု ဆိုထားသည်။ ယခုလိုကျတော့လည်း ကိုယ့်အသင်းကကောင်းသားဟု အာကြီးကို စိတ်ပူမိသည့်ကြားက ကြံဖန် ဂုဏ်ယူချင်သေးသ ည်။ ဂျာနယ်ဆိုတော့လည်း ပရိသတ်များ သည့်ဘက်ကို ဘက်လိုက်ရေးမှ ရောင်းကောင်း မှာဖြစ်၍ သူတို့ စကားကို ဗွေယူလို့မရ ဆိုသည်ကို သဘောတော့ပေါက်ထားသည်။ တကယ်တော့ ဂျာနယ်မှာခန့်မှန်းရေးခြင်းသည် မှန်မှန်မမှန်မှန် ရမ်း၍တုတ်ခွင့်ရှိသည်ဆိုသော မူဝါဒကိုလက်ကို င် ထား၍ ရေးနေခြင်းဖြစ်သော်လည်း ကိုယ့်ဂျာနယ်ဖတ်ပရိသတ် အကြိုက်များ သောအသင်းသာ နိုင်ရမည် ဟူသော အတွေးမျိုးရှိနေလျှင် ခန့်မှန်းမရေးသင့် ။ တော်တော်များများက ထိုခန့်မှန်းများကို ကြည့်ပြီး လောင်းနေကြတာြ ဖစ်သည်။ ဘာပဲဖြစ်ဖြစ် သည်ညမှာ အာဆင်နယ်က လီဗာပူးကိုနိုင်သွားသည်။ ကိုယ့်ဂိုးမပွင့်သေးသော်ငြား သူများဂိုးထဲကို သည်ပွဲကျမှ နှစ်ဂိုးတောင် သွင်းနိုင်ခြင်းက ပိုပြီးကျေနပ် စရာ ကောင်းသည်။ သွင်းသွားသူများ ကလည်း အသစ်စက်စက် ၀ယ်ထားသူများ။ ကိုယ်သာဂျာနယ်သမားဆို " ကြိုးကြာနီအတောင်ကျိုးအောင် ပစ်လိုက်သော အမြှောက်တပ်သားများ " ဆိုေ သာ စာသားများတင်ပြီး ဂျာနယ်ဖတ်သူအ ကြိုက် လုပ်ပစ်လိုက်မှာ သေချာသည်။ ( စက်တင်ဘာလ ၂ ရက်၊ ၂၀၁၂ ခုနှစ်)
+ စင်ကာပူက သူငယ်ချင်းတွေ။ တကယ်လို့Construction Site တွေမှာ အလုပ်လုပ်ရင် သတိထားဖို့နှစ်ခု ပြောချင်ပါတယ်။ တစ်ခုက စလုံးဟာ သူငယ်ချင်းတို့သိတဲ့အတို င်း ပူရင်အရမ်းပူပါတယ်။ တလောက MOMက နေ ကျွန်တော်တို့ Main Contractor ဆီကိုစာပို့ပါတယ်။ Heat Stress အတွက် ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေပါ။ ဒီတော့ အပူတအားမြင့် တာ သိသာပါတယ်။ Siteမှာလုပ်သူတွေ ရေ များများသောက်၊ အရိပ်မှာနား၊ အိမ်မှာကောင်းကောင်းအနားယူဖို့လိုပါမ ယ်။
နောက်တစ်ခုက မိုးကြိုးပါ။ နေအရမ်းပူပြီးရင် စလုံးမှာ မိုးရွာ ရင် မိုးကြိုးက အရမ်းကြမ်းပါတယ်။ M ain Land လို့ခေါ်တဲ့ စင်ကာပူကျွန်းပေါ် မှာတော့ မသိပါဘူး။ ကျွန်တော်အလုပ် လုပ်တဲ့ ဘူကုန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က မိုးကြိုးတွေ မတရားပစ် ပါတယ်။ နှစ်ချက်ထိပါတယ်။ တစ်ချက်က Training Centre ကိုထိပြီး နောက်တစ်ချက်ကတော့ ဓာတ် တိုင်ကိုပါ။ ဒီတော့ Lightning Alert ဆိုရင် အဲဒီစသိတဲ့အချိန်ကစလို့ အပြင်ကိုလုံးဝမထွက်ဘဲ မိမိရော က်နေတဲ့ Shelter သို့မဟုတ် အမိုးရှိရာမှာ ခိုနေပါ။ Siteထဲမှာဆို မိုး ကြိုးက ပိုပစ်လွယ်ပါတယ်။ ကွင်းပြင်တွေများရင် ပိုဆိုးပါတယ်။ တချို့ ပြောတဲ့ Lightning Protection System ကနေ ၄၀ဒီဂရီ၊ ဒါမှမဟုတ် ၄၅ဒီ ဂရီအကွာအတွင်း အန္တရာယ်ကင်းတယ်ဆို တာ မသေချာပါဘူးလို့ Shell Safety တစ်ယောက်က ပြောထားပါတယ်။ စလုံးမှာ Lightning Alert ကို အကောင်းဆုံးစနစ်ရှိတာEx xon Mobileပါ။ Shell က အခုသုံးပေမယ့် နည်းနည်းနောက်ကျပါတယ်။ အပြင် Constr uction Site တွေကတော့ မရှိလောက်ပါဘူး။ ဒီေ တာ့ကိုယ်လုပ်နေတဲ့နေရာက ကွင်းပြင်ဖြစ်ပြီး မိုးရိပ်ရှိလာပြီဆို သတိသာထားပါတော့။ စလုံးမှာ အလုပ်လုပ် နေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေ အတွက် စလုံးရာသီဥတုနဲ့ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပေးလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေက အင်ဂျင်နီယာတွေများလို့ပါ။ (စက်တင်ဘာလ ၃ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်နေ့က ဘတ်စ်ကားစီးပြီးအပြန်မှာ ကားပေါ်မှာ မိသားစုတစ်စုကို တွေ့သည်။ တော်ရုံဆို သည်မိသားစုအကြောင်း ပြောစရာမရှိ။ ယခုက ယောက်ျားဖြစ်သူ က ဘာစီလိုနာဂျာစီဝတ်ထားချိန်မှာ မိန်းမဖြစ်သူက အာဆင်နယ်ဂျာစီကို ၀တ်ထားသည်။ ဆိုင်လားမဆိုင်လားတော့ မ သိ။ အာဆင်နယ် ကစားသမား တော်တော်များများကို သည်ဘက်ခေတ်မှာ ဘာစီလိုနာ ကို ချရောင်းနေမှုသည်၊ သည်လင်မယားလို တစ်ခုခု ဆက်နွယ်ပတ်သက်နေ၍လား မဆိုနိုင်။ ပြော၍မရ။ အာဆင်နယ်နှင့် ဘာစီ လိုနာသည် ကစားပုံချင်းက ခပ်ဆင် ဆင်။ ဘောလုံးကို မြေမှာသာစေစား၍ ကစားကြသော အသင်းများ။ ဘောလုံးကိုင်က စားကြသည်။ ပြီးတော့ အပေးအယူက ကောင်း၏။ သည်လင် မယားကိုကြည့်တော့လည်း အပေးအယူမျှ မည့်ပုံ။ အာဆင်နယ်နှင့် ဘာစီလိုနာကို ကြိုက်သလို သည်လင်မယား အားကစားအင်္ကျီ ၀တ် ထားတာကြည့်ပြီး သဘောကျမိပါသေးသည် ။ (စက်တင်ဘာလ ၄ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်နေ့က လက်ကမ်းကြော်ငြာ စာရွက်လေ
+ ရှေ့ကနှစ်ပွဲမှာ အသင်းငယ်တွေနှင်
+ စင်ကာပူက သူငယ်ချင်းတွေ။ တကယ်လို့Construction Site တွေမှာ အလုပ်လုပ်ရင် သတိထားဖို့နှစ်ခု ပြောချင်ပါတယ်။ တစ်ခုက စလုံးဟာ သူငယ်ချင်းတို့သိတဲ့အတို
နောက်တစ်ခုက မိုးကြိုးပါ။ နေအရမ်းပူပြီးရင် စလုံးမှာ မိုးရွာ
+ တစ်နေ့က ဘတ်စ်ကားစီးပြီးအပြန်မှာ
ဆူးသစ်
၂၃း၁၀ နာရီ
၁၀.၅.၂၀၁၃
1 comments:
Your pain checklist တွေ မြတ်လည်း ခဏခဏ ရတယ်။ အောက်ဆုံးက စတေးတပ်စ်လေးကိုဖတ်ပြီး ပြုံးမိတယ်။ မြတ်ကတော့ ဘောလုံးပွဲတစ်ပွဲကို ၁၀မိနစ်တောင် ကြည့်နိုင်တဲ့သူ မဟုတ်ဘူးရယ်။
လေးစားခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
(ဘလော့တွေဖက် ခြေဦးမလှည့်ဖြစ်တာမို့ ဒီအဖြူရောင်လမ်းကလေးဆီလည်း မရောက်တာ သိပ်ကြာသွားခဲ့တယ်။ ဒီနေ့တော့ သတိတရနဲ့ ရောက်လာခဲ့ပါတယ်။ မြတ်ဆီလည်း ဝတ္တုလေးတွေ လာဖတ်ပါဦးလို့ ဖိတ်ခေါ်ပါရစေ။)
Post a Comment