Wednesday, April 13, 2011

"သဘာဝကိုဆက်ခံသူများ"


ပြားပြားဝပ်သွားခဲ့တဲ့ ကမ္ဘာမြေ
အဲဒီ့ထက် ဦးညွှတ်လိုက်ပါလေ။

ကိုင်းညွှတ်နေတဲ့ ပိတောက်တွေ
ဟောဒီမြေပြင်တစ်လျှောက် အောက်ကျို့ခဲ့ပါလေ။

အုံ့မှိုင်းနေတဲ့ ဖက်ဆွတ်မိုးရေ
နှလုံးသားတွေဆီ တိုးလျှိုးလှည့်ပါလေ။

ငြင်သာပျော့ပျောင်းတဲ့ သင်္ကြန်သံတွေ
ခြေဖ၀ါးဆီမှာ ၀ပ်ဆင်းခံပါလေ။

ဟိုးရှေ့မှာ.............
သဘာဝကို ဆက်ခံသူများ
နို့ဆီခွက်၊ ရေပြွတ်တွေနဲ့ ရေကစားနေရဲ့
သူတို့အပြုံးများနဲ့ မြန်မာပြည်နှစ်သစ်
အညစ်အကြေးတကယ်ကင်းလို့ ချစ်စရာဖြစ်တော့မယ်
အိပ်မက်သစ်သင်္ကြန်တွေမွေးဖွားဖို့
သူတို့နှလုံးသားကို တလေးတစား
ကဲ - အပြေးအလွှားသာ ယုယလိုက်ပါတော့လေ။ ။

သားလတ်

3 comments:

Angelhlaing(May everybody be happy and healthy! said...

လွမ်းရပါဘိ အကိုရေ.....
မင်္ဂလာရှီသောနှစ်သစ်လေး ဖြစ်ပါစေ။

အင်္ဂါဟူး said...

အုံ့မှိုင်းနေတဲ့ ဖက်ဆွတ်မိုးရေ
နှလုံးသားတွေဆီ တိုးလျှိုးလှည့်ပါလေ။

သင်္ကြန်ရေနဲ့အတူ အေးချမ်းပါစေဗျာ

PhyoPhyo said...

ကဗျာလေးအတွက် ကျေးဇူး
သဘောကျလို့ fb မှာ link လေး share လိုက်ပါတယ်။
be Happy in Thingyan

Related Posts Plugin for WordPress, Blogger...