Wednesday, September 12, 2012

" ရွာအ၀က လမ်းကလေး "


နှင်းတဖွဲဖွဲ
မြူငွေ့လည်းဝေ၊ ရာသီလေတိုက်
ရွက်ကြွေလိုက်ပါ၊ နေခြည်ဖြာကျ
ရွာအ၀က လမ်းကလေး။

သစ်ရိပ်ဝါးရိပ်
ကုက္ကိုရိပ်နှင့်၊ တိတ်ဆိတ်အေးချမ်း
တရားဖြန်းသော၊ စိမ်းလန်းဒေသ
ဘ၀ငြိမ်သက်၊ မွေ့စက်ပျော်မငြီး
ဘုန်းတော်ကြီးကျောင်း
ဘေးမှာခိုအောင်း ရှိနေသည်။

ဖြူဖြူလွှလွှ
ထုံးစက်ကျထင်၊ ကြည်ရွင်ကြည်နူး
ညွတ်နူးစရာ၊ စေတီသာမှ
ချိုမြပီဆဲ၊ ဆည်းလည်းသံသာ
အခါအခါကြား၊ နားထဲမွေ့ဝင်
ဗုဒ္ဓရင်၌၊ ခိုစဉ်ချမ်းမြေ့
စိတ်ထားတွေ့စရာ
ဘေးမှာတည်လျှက် ရှိနေသည်။

လယ်တော ကိုင်းတော
ဖြတ်သောသူများ၊ ရွေ့လျားခရီးနှင်
လှမ်းဆက်စဉ်မှာ၊ ရင်ဟာငတ်မွတ်
ဖြေလွှတ်လျော့နွမ်း၊ အပူခန်းမည့်
ရေချမ်းအိုးစင်၊ သဒ္ဓါရွှင်ထူး
ကြည်နူးစရာလည်း
ဘေးမှာအမြဲ ရှိသေးသည်။

လှည်းလမ်းလူလမ်း
သူဖြတ်သန်းထား၊ ခရီးသွားတွေ
နေ၀င်နေထွက်၊ ဖြတ်လျက်ကျော်လျက်
ဝင်လျက်ထွက်လျက်၊ ခရီးဆက်နေ
နှင်းကြွေထဲလှ၊ နွေဘ၀တစ်မျိုး
မိုးဆိုတစ်ဖုံ၊ အလှစုံယှက်
သူ့တစ်သက်မှာ၊ ဘယ်ခါမပျက်
ခရီးဆက်ကာ
ရွာအ၀မှာ လှဆဲတည်း။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )
(၁၉၉၈ခုနှစ်၊ ကြို့ပင်ကောက်မဂ္ဂဇင်း)
[ ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]

12 comments:

mstint said...

ကဗျာလေးကောင်းလေး အားပေးသွားတယ် ဆူးသစ်ရေ။ စွယ်တော်ရွက်ရိပ် မဂ္ဂဇင်းမှာထည့်ပါလားကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

လင်းဦး(စိတ်ပညာ) said...

သိပ်လှတဲ့ ကျေးရွာကဗျာလေးဗျာ...
ကောင်းလိုက်တာ။

အဆင်ပြေပါစေ။

လင်းဦး(စိတ်ပညာ) said...

သိပ်လှတဲ့ ရွာအလှကဗျာလေးပဲ။

အဆင်ပြေပါစေ

လင်းဦး(စိတ်ပညာ) said...

သိပ်လှတဲ့ ရွာအလှကဗျာလေးပဲ။

အဆင်ပြေပါစေ

လင်းဦး(စိတ်ပညာ) said...

သိပ်လှတဲ့ ရွာအလှကဗျာလေးပဲ။

အဆင်ပြေပါစေ

လင်းဦး(စိတ်ပညာ) said...

သိပ်လှတဲ့ ရွာအလှကဗျာလေးပဲ။

အဆင်ပြေပါစေ

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက သာယာလိုက်တာ ။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကသာယာလိုက်တာ ။

စံပယ်ချို said...

မြန်မာပြည်ကရွာတွေရဲ့ မြင်ကွင်းတချို့မြင်လိုက်ရတယ်
မြန်မာကဗျာစစ်စစ်ပါပဲရှင်

အလွမ်းမြို့ said...

သိပ်လှတဲ့ ကဗျာလေးပါ

အားပေးသွားတယ်

Candy said...

ကဗျာလေး လာခံစားသွားတယ် အစ်ကို....
အမြဲအားပေးနေတယ်နော် :D

နွေတေးရှင် (မင်းဧရာ) said...

အကိုရာ....
ရွာအ၀က လမ်းကလေး ဆိုပေမယ့်လို့
ကျွန်တော့်အတွေး ကျွန်တော့်အမြင်မှာ ပြည်အ၀င်ကို မြင်မိလိုက်ရဲ့ တစ်နေ့တော့ အဲသည့်မြေပြင်မှာ ကျွန်တော်တို့ ခြေတွေ နင်းနိုင်ကောင်းပါရဲ့ဗျာ။

Related Posts Plugin for WordPress, Blogger...