တကယ့် အဆိုးဆုံးတွေနဲ့
အဲဒီ ဆယ့်ကိုးဆိုတာကို ကျွန်တော်မုန်းတယ်။
အာဇာနည်တဲ့
စာတွေသာ စီခဲ့ကြတာ
ဘယ်တုန်းက ဆုံးခဲ့လို့လဲ။
တစ်ခါပဲ လုပ်ကြံတာ
သူတို့က သေပြီလို့သာ ထင်တာ
ကျွန်တော်တို့ရင်မှာ အခါခါ ပြန်မွေးဖွားခဲ့တာကြာပေါ့။
တချို့ကလည်း မေ့စေချင်လို့
မေ့စေဖို့ ကြိုးစားတယ်
ဒါပေမဲ့..........
အဲဒီဆယ့်ကိုးမှာမှ ကျွန်တော်တို့က နိုးကြားနေခဲ့တာ။
ဥဩမဆွဲဘူးတဲ့လား
အပြင်မှာ အသံမကြားလည်း
ရင်ထဲမှာ ၀မ်းနည်းကြေကွဲသံတွေ မစဲတာကြာပေါ့
နှစ်တွေလည်း မနည်းပါဘူး
ဒါပေမဲ့....
အချစ်တွေမစဲတဲ့ကြားက မျက်ရည်တွေ ၀ဲနေခဲ့ရတာ။
ကမ္ဘာ.....
အာဇာနည်တွေ ခွဲခွာသွားတာ
နောက်ထပ် အာဇာနည်တွေ ရောက်လာစေဖို့လား
ခါးသီးတဲ့ နေ့ရက်တွေကြား
ပြည်သူများရဲ့ ၀မ်းနည်းခြင်း ဥဩသံများစွာ
တစ်ကမ္ဘာလုံး ကြားသိစေချင်တယ်။
ကဗျာဆရာ မာနတွေ အလံတိုင်ထိပ် တက်ချင်တက်မယ်
ဒါပေမဲ့.....
အဲဒီ ဇူလိုင်ဆယ့်ကိုးနေ့မှာ
အပြင်ဘက်က အလံ၊ ရင်ထဲက အလံ
( အားလုံး......)
တိုင်ဝက်မှာပဲ ၀ဲပျံစေရမယ်။ ။
သားလတ်
၂၃း၁၀ နာရီ
၁၈.၇.၂၀၁၃
0 comments:
Post a Comment