ကရုဏာမဲ့ ပြဇာတ်တစ်ပုဒ်
ဒေါသနဲ့ အလွမ်းသီချင်းတစ်ပုဒ်
မေတ္တာပါတဲ့ ကဗျာတစ်ပုဒ်
ရုတ်တရက်ဆိုတဲ့ အတိတ်တစ်ခုမှာ
ကပျာကယာ မွေးလာတယ်။
ကြိတ်လိုက်ရတဲ့အံသွား
နှလုံးသားကတော့ အမှန်တရားကိုရွံနေ
အက်ကွဲကြောင်းတွေထဲက ပကာသနသနပ်ခါး
တံတွေးများနဲ့ ဖျက်ချင်တယ်။
မြင်နေရတဲ့ ပြဇာတ်အခန်းတွေ
ကြားနေရတဲ့ အလွမ်းသီချင်းတွေ
ဖတ်နေရတဲ့ ကဗျာပါဒတွေ
အားလုံးဟာအိပ်မက်တွေမဟုတ်ခဲ့
အတိတ်ရဲ့ တစ္ဆေဆိုးတစ်ကောင်
ခုထိလှောင်နေတဲ့ပုံတွေထင်ရဲ့။
ခြောက်လှန့်သွေးပျက်စေခဲ့တဲ့ကောင်ကြီးကို
မဝေးတော့တဲ့ ခရီးတစ်ခုမှာချဉ်းကပ်
မျက်မှန်စိမ်းထပ်တတ်ပေးဦးမယ်
ဘယ်သူကတရပ်စပ် ခြောက်တတ်တယ်ဆိုတာသိဖို့ပေါ့။ ။
သားလတ်
(၂၀၀၁ခုနှစ်၊ ဇလွန်မြို့နယ်မဂ္ဂဇင်း)
[ ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]
4 comments:
လာဖတ်သွားတယ်ဗျာ
ရေးထားတာတွေက အဆင့်မြင့်တော့
တော်တော်ဖတ်ယူရတယ်
တကယ်
သမီးတော်တို့ က ရိုးရိုးစင်းစင်း ငပိန်းနည်းနဲ့ပဲ
ရေးတတ်တာဆိုတော့လေ
ကြိတ်လိုက်ရတဲ့အံသွား
နှလုံးသားကတော့ အမှန်တရားကိုရွံနေ
အက်ကွဲကြောင်းတွေထဲက ပကာသနသနပ်ခါး
တံတွေးများနဲ့ ဖျက်ချင်တယ်
ကြိတ်လိုက်ရတဲ့အံသွားဆိုတော့
သွားတွေတော်တော်ကြိမ်းတော့မှာပဲ
အားပေးသွားပါတယ်
ကိုဆူးသစ်ရေ
ကဗျာလေးကောင်းလှတယ်
ပထမ ပိုဒ်လေးအရမ်းကိုကြိုက်တယ်
စကားလုံးသုံးထားတာလေးတွေ
ခင်မင်စွာဖြင့် jasmine
ကြိတ်လိုက်ရတဲ့အံသွား
နှလုံးသားကတော့ အမှန်တရားကိုရွံနေ
အက်ကွဲကြောင်းတွေထဲက ပကာသနသနပ်ခါး
တံတွေးများနဲ့ ဖျက်ချင်တယ်။
တကယ့်ကို ကောင်းတယ်ဗျာ။
ဆရာဆူးသစ်ရေ ဆရာ့နာမည်လေးကဗျာထဲမှာထည့်သုံးထားသေးတယ်။
လာရောက်အားပေးပါအုံးနော် ။
Post a Comment