
+ တလောက အလုပ်ကအပြန် အလုပ်သမားလေးတွေ အ၀တ်လဲခန်းနားကအဖြတ် ထိုနေ့က ရာသီဥတုပူလွန်းတာကို ပြန်မှတ်မိနေသည်။ သည်လိုနှင့် သင်္ဘောဆိပ်ကို ဆင်းဖို့ ဖြတ်လမ်းလေးက ထွက်လိုက်စဉ်မှာ အလုပ်သမားလေးတွေ အ၀တ်လဲခန်းဘက်က သီချင်းသံသဲ့သဲ့ကို အမှတ်မထင်ကြားရသည်။ သင်္ကြန်နှစ်ဦး တူးပို့.....တူးပို့ တူးသံမြူးသာယာ.....တဲ့။ ဪ-စင်ကာပူက ဘူကုန်းကျွန်းပေါ်မှာ သင်္ကြန်ကြိုကျနေပါရောလား။ သင်္ဘောဆိပ်အဆင်းမှာ ထိုနေ့က ရာသီဥတုပူသည် ဆိုခြင်းကို ခေတ္တမေ့သလို ဖြစ်သွားသည်။ ပင်လယ်က လေပြေ သုတ်သွားသည်လား။ သင်္ကြန်သီချင်းသံကပဲ အပူတွေ သယ်သွားသည်လား မပြောတတ်။ ရင်ထဲမှာတော့ ထိထိရှရှလေး ခံစားလိုက်ရသည်။( မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်ခါတစ်ခါတော့ အားကစားဂျာနယ်မှာ ဘောလုံးဆောင်းပါးရေးတဲ့သူတွေကို သဘောကျမိတယ်။ ရယ်ရလို့ပါ။ အာဆင်နယ်က ဗီလာကိုနိုင်တော့ ပင်နယ်တီနှစ်လုံးပါတာကို ကံကောင်းလို့နိုင်တာတဲ့။ မန်ယူက ဒီတစ်ပတ် ပင်နယ်တီနှစ်လုံးနဲ့နိုင်လည်းနိုင်ရော ပင်နယ်တီနှစ်လုံးနဲ့အလွယ်တကူအနိုင်ရတဲ့ မန်ယူတဲ့။ အသင်းစွဲတွေကို လှမ်းမြင်လိုက်ရတယ်။ အဲဒီလို အသင်းစွဲတွေနဲ့ရေးချင်ရင် ဂျာနယ်မှာမရေးသင့်ဘူး။ ငါ့လို Facebook ထဲတက်ပြီး စိတ်ရှိတိုင်းရေးသင့်တယ်။ ပြီးတော့ အဲဒီဂျာနယ်က ပြောသေးတယ်။ ကျင့်ဝတ်တို့၊ သိက္ခာတို့။ ဟာသပဲ။ ကိုယ်ကလည်း အားကစားဂျာနယ်ကြိုက်သူဆိုတော့ အဲဒါမျိုးတွေ မြင်နေရင်းကို ဆက်ဖတ်နေမိပြန်ရော။( ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၂ ခုနှစ်)
+ မနေ့ကဘာနေ့လဲ။ ဒီနေ့ကဘာနေ့လဲ။ မနက်ဖြန်ဘာနေ့လဲ လို့မေးရင် မနက်ဖြန်ခါ ချစ်သူများနေ့ လို့ သိပြီးဖြေတဲ့သူတွေများတဲ့ ခေတ်ကို ရောက်နေမလားပဲ။ ( ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်)
+ စင်ကာပူဆိုတဲ့ နိုင်ငံငယ်လေးပေါ်လာတာ apple ဆိုတဲ့ကုမ္ပဏီအတွက်တော့ ပွဲတော်ကြီးပဲ။ ( မတ်လ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )
+ ဘူကုန်းမှာ သည်နေ့ထိတ်လန့်စရာကြုံရပြန်သည်။ ပါးစပ်သတင်းနှင့်ပင် လူသည် အခါခါသေလောက်၏။ တစ်နေကုန် အလုပ်ဆက်လုပ်ခွင့် မပေးတော့။ လုပ်ကွက်က အမြန်ခွာရသည်။ ဘုရားတရုံအပြင် ကိုယ်တတ်နိုင်တာ ဘာမျှမရှိ။ ဘေးပတ်လည်မှာ ပင်လယ်ကြီး။ တစ်ခုခုထပေါက်၍ ပြေးနိုင်သည် ထားတော့။ ရေကူးတတ်ရမည်။ ရေကူးတတ်သည်ထားတော့။ သက်လုံကောင်းရမည်။ သက်လုံကောင်းသည် ထားတော့။ ကယ်ဆယ်ရေးယာဉ် အချိန်မီ လာကယ်မှရမည်။ Safety ၀န်ထမ်းတစ်ယောက်မို့ အလုပ်သမားများ ထိတ်လန့်မှာကို မလိုလား။ ကိုယ်တွေအချင်းချင်းသာ သတင်းကို နှုတ်ပိတ်သိမ်းဆည်းကာ လွတ်လမ်းကို မျှော်သည်။ သေရမှာကြောက်သည့် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ရင်း စောစောသေရခြင်းကို ပိုကြောက်မိပါလားဟု တွေးမိသည်။ လုပ်စရာ များစွာကျန်နေသေးသည် မဟုတ်လား။ ( မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် )
+ မနက်ငါးနာရီဆယ့်ငါးမိနစ်မှာ အိပ်ရာကနိုးတော့ မိုးကရွာနေလေပြီ။ မိုးထဲမှာ အလုပ်သွားရသည့်အခါ ကိုယ်ပေါ်မှာ မိုးစက်တို့စိုကုန်၏။ သင်္ဘောဆိပ်ကို လမ်းလျှောက်သည့်အခါ ဖားများ၏အသံကို ကြားရသည်။ ဆိုက်ထဲရောက်သည်အထိမိုးသည် လုံးဝမတိတ်။ ညိုသည်။ ညို့သည်။ ပြိုသည်။ ရွာသည်။ တစ်မနက်လုံး ထိုအတိုင်းသာ။ စိတ်က စင်ကာပူမှာ ရှိနေသည်နှင့်မတူ။ မြန်မာပြည်မှာ မိုးတွေရွာနေသလို ခံစားရသည်။ (မတ်လ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်)
+ သူတို့ကပြောတယ် တရုတ်နှစ်ကူးတဲ့။ ငါတို့ကတွေးတယ်။ ငါတို့ရဲ့ ရုံးပိတ်ရက်ပေါ့။ တကယ်တော့ သူတို့နှစ်ကူးက နှစ်ရက်တည်း။ ဒါပေမဲ့ ကုမ္ပဏီသူဋ္ဌေးက တရုတ်၊ PM ကတရုတ်၊ APM ကတရုတ်၊ အင်ဂျင်နီယာတွေက တရုတ်။ အဲဒီတော့ နိဂုံးချုပ်တော့ ပိတ်ရက်က ငါးရက်။ ကောင်းပါတယ်..........ကောင်းပါ တယ်....ပေါ့။( ဇန်န၀ါရီလ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်ခါတစ်ခါတော့လည်း လူတွေကို နားလည်ရခက်ပါတယ်။ ကိုယ်နာမည်ရဖို့တစ်ခု အတွက်နဲ့ သူများရေးထားတဲ့ စာတွေကို ပုံတူနီးပါးခိုးချလိုချ၊ အတွေးကိုယူလိုယူ။ အဲဒီလိုလုပ်လိုက်ရင်ပဲ သူ့နာမည်ကျော်ရောလား။ ရယ်တော့ရယ်ရသားပဲ။ ထားသင့်ထားထိုက်တဲ့ မာနထားတတ်တဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ပြောရရင် ကြိုက်သလောက် ခိုးစမ်း။ မင်းတို့မရနိုင်တဲ့ ငါ့အနုပညာဗီဇတွေ ငါ့သွေးထဲမှာ၊ ငါ့အသားထဲမှာ၊ ပြီးတော့ ငါနှလုံးသားမှာ အပြည့်ရှိတယ်။(ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်ခါတစ်ခါတော့ အားကစားဂျာနယ်မှာ ဘောလုံးဆောင်းပါးရေးတဲ့သူတွေကို သဘောကျမိတယ်။ ရယ်ရလို့ပါ။ အာဆင်နယ်က ဗီလာကိုနိုင်တော့ ပင်နယ်တီနှစ်လုံးပါတာကို ကံကောင်းလို့နိုင်တာတဲ့။ မန်ယူက ဒီတစ်ပတ် ပင်နယ်တီနှစ်လုံးနဲ့နိုင်လည်းနိုင်ရော ပင်နယ်တီနှစ်လုံးနဲ့အလွယ်တကူအနိုင်ရတဲ့ မန်ယူတဲ့။ အသင်းစွဲတွေကို လှမ်းမြင်လိုက်ရတယ်။ အဲဒီလို အသင်းစွဲတွေနဲ့ရေးချင်ရင် ဂျာနယ်မှာမရေးသင့်ဘူး။ ငါ့လို Facebook ထဲတက်ပြီး စိတ်ရှိတိုင်းရေးသင့်တယ်။ ပြီးတော့ အဲဒီဂျာနယ်က ပြောသေးတယ်။ ကျင့်ဝတ်တို့၊ သိက္ခာတို့။ ဟာသပဲ။ ကိုယ်ကလည်း အားကစားဂျာနယ်ကြိုက်သူဆိုတော့ အဲဒါမျိုးတွေ မြင်နေရင်းကို ဆက်ဖတ်နေမိပြန်ရော။( ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၂ ခုနှစ်)
+ မနေ့ကဘာနေ့လဲ။ ဒီနေ့ကဘာနေ့လဲ။ မနက်ဖြန်ဘာနေ့လဲ လို့မေးရင် မနက်ဖြန်ခါ ချစ်သူများနေ့ လို့ သိပြီးဖြေတဲ့သူတွေများတဲ့ ခေတ်ကို ရောက်နေမလားပဲ။ ( ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်)
+ စင်ကာပူဆိုတဲ့ နိုင်ငံငယ်လေးပေါ်လာတာ apple ဆိုတဲ့ကုမ္ပဏီအတွက်တော့ ပွဲတော်ကြီးပဲ။ ( မတ်လ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )
+ ဘူကုန်းမှာ သည်နေ့ထိတ်လန့်စရာကြုံရပြန်သည်။ ပါးစပ်သတင်းနှင့်ပင် လူသည် အခါခါသေလောက်၏။ တစ်နေကုန် အလုပ်ဆက်လုပ်ခွင့် မပေးတော့။ လုပ်ကွက်က အမြန်ခွာရသည်။ ဘုရားတရုံအပြင် ကိုယ်တတ်နိုင်တာ ဘာမျှမရှိ။ ဘေးပတ်လည်မှာ ပင်လယ်ကြီး။ တစ်ခုခုထပေါက်၍ ပြေးနိုင်သည် ထားတော့။ ရေကူးတတ်ရမည်။ ရေကူးတတ်သည်ထားတော့။ သက်လုံကောင်းရမည်။ သက်လုံကောင်းသည် ထားတော့။ ကယ်ဆယ်ရေးယာဉ် အချိန်မီ လာကယ်မှရမည်။ Safety ၀န်ထမ်းတစ်ယောက်မို့ အလုပ်သမားများ ထိတ်လန့်မှာကို မလိုလား။ ကိုယ်တွေအချင်းချင်းသာ သတင်းကို နှုတ်ပိတ်သိမ်းဆည်းကာ လွတ်လမ်းကို မျှော်သည်။ သေရမှာကြောက်သည့် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ရင်း စောစောသေရခြင်းကို ပိုကြောက်မိပါလားဟု တွေးမိသည်။ လုပ်စရာ များစွာကျန်နေသေးသည် မဟုတ်လား။ ( မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် )
ဆူးသစ်
၂၁း၄၃ နာရီ
၁၁.၇.၂၀၁၂
၁၁.၇.၂၀၁၂
5 comments:
ဟုတ်တယ် အကိုဆူးသစ်ရေ
နှလုံးသားထဲမှာရှိနေတဲ့ ကဗျာတွေကိုဘယ်သူမှခိုးမရဘူးနော်
ဘော်လုံးအကြောင်းဂျာနယ်တွေကိုရေးထားတာလေးသဘောကျနေတာပါ
မနေ့ကဘာနေ့လဲ။ ဒီနေ့ကဘာနေ့လဲ။ မနက်ဖြန်ဘာနေ့လဲ လို့မေးရင် မနက်ဖြန်ခါ ချစ်သူများနေ့ လို့ သိပြီးဖြေတဲ့သူတွေများတဲ့ ခေတ်ကို ရောက်နေမလားပဲ။ ( ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်)
...
ရောက်နေပြီ ထင်တယ်အကို...:):)
အစ်ကို့ Status လေးတွေဖတ်သွားတယ်. စာရေးဆရာတွေကျတော့ စတေးတပ်ရေးတာတောင် ဖတ်လို့ကောင်းနေပြန်ရော :D :D
ကန်ဒီ့ Status တွေအဲ့လို တင်ကြည့်ပါလား.. ဟာသဖြစ်သွားမယ် ဟီးဟီး xD
အမှတ်တရစာစုလေးတွေကို ရက်စွဲလေးတွေနဲ့ မှတ်တဲ့အလေ့အကျင့်လေးကို သဘောကျတယ် ဆူးသစ်ရေ။ စကားမစပ် စာလုံးပေါင်းပြင်လိုက်ပြီ ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အကိုကြီးရေ
status လေးတွေကို ဖတ်ပြီးတော့
ကိုယ့်ဖာသာ အတွေးနယ်ချဲ့နေမိတယ်ဗျာ။
Post a Comment