ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေမှာ လုပ်ကွက်ကပြန်တော့ ကျွန်တော့်ဖုန်းကို ဖွင့်ကြည့်တဲ့အခါ ကျွန်တော့်ဖုန်းထဲကို ကျွန်တော်နဲ့ ညီအစ်ကိုလို နေခဲ့တဲ့ ညီလေးတစ်ယောက်ရဲ့ Message ၀င်နေတာတွေ့ရပါတယ်။ များသောအားဖြင့် ရံဖန်ရံခါ ကိစ္စကြီးငယ်ရှိမှ SMS လှမ်းပို့၊ ဖုန်းခေါ်နဲ့ နေကြတဲ့ ကျွန်တော်တို့အတွက် သူ့SMS က ဘာလဲလို့ ကျွန်တော်စိတ်ဝင်စားမိတာပါပဲ။ သူက စင်ကာပူနဲ့ အင်ဒိုနီးရှားကို ကူးချည်သန်းချည်လုပ်ပြီး အလုပ်လုပ်နေသူဆိုတော့ သူအားမှ ကျွန်တော့်ဆီဆက်သွယ်တာ။ ဘာအရေးကြီးကိစ္စများရှိလဲ ဆိုပြီး ယူနီဖောင်းလဲရင်းနဲ့ကို သူ့ Message ကို ဖတ်ကြည့်နေမိပါတယ်။ သူရေးထားတာက ဒီလိုပါ။
" ကိုကြီး၊ သဇင်မဂ္ဂဇင်းမှာပါတဲ့ ကိုကြီးရဲ့ ' ကျွန်းသားတစ်ယောက်ရဲ့အိပ်မက် ' ဆိုတဲ့ကဗျာကို ကျွန်တော် ဖတ်ရပါတယ်။ အဲဒီကဗျာဟာ Jurong Island မှာ ကိုကြီးလောက် မကြာပေမယ့် တစ်နှစ်ခွဲလောက်လုပ်ခဲ့ရတဲ့ ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ အာရုံကို လှုပ်နှိုးလိုက်သလို ပြန်ပြီးအောက်မေ့သတိတရ ဖြစ်စေပါတယ်။ အခုတော့ လူတွေဟာ ကျွန်းပေါ်မှာလုပ်တဲ့ လူတွေရဲ့ ဘ၀ကို ခံစားနားလည် နေလောက်ပါပြီ။ ကျွန်တော် အဲဒီကဗျာကို ကျွန်တော့်ရဲ့ သားနဲ့သမီးကို ဖတ်ပြီး ရှင်းပြခဲ့ပါတယ်။ သူတို့ မျက်ရည်တွေဝဲပြီး ငိုတော့မတတ် ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု သူတို့တစ်တွေဟာ စင်ကာပူက ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ဘ၀ကို နားလည် သဘောပေါက်သွားကြတယ်လေ။
အားပေးနေပါတယ် ကိုကြီး "
အမှန်အတိုင်းပြောရရင် သူ့ရဲ့ Message ကို ဖတ်ပြီး ကျွန်တော် ကြည်နူးမိပါတယ်။ ကိုယ့်ကဗျာကို သူတို့ဖတ်မိလို့ ကြည်နူးတယ်ဆိုတဲ့စိတ်ထက် ကိုယ်ပေးချင်တဲ့ Message ကို သူတို့ ရသွားတယ်ဆိုတာရယ်၊ သူတင်မဟုတ်၊ သူ့ကလေးတွေပါ ကဗျာအပေါ်မှာ နစ်ဝင်ခံစားသွားတယ်ဆိုတာ သိရလို့ပါ။
အနုပညာဖန်တီးသူတို့ရဲ့ ထုံးစံ၊ သူများက ကိုယ်ဖန်တီးထားတာကို ပြန်ပြောရင် ကိုယ်လည်း တစ်ခေါက်ပြန်ဖတ်မိပါတယ်။ အခု ကျွန်တော်လည်း ကျွန်တော့်ကဗျာကို တစ်ခေါက်ပြန်ဖတ်မိပါတယ်။ ကျွန်တော့်ကဗျာက ဒီလိုပါ။
ကျွန်တော် အခုချပြထားတာ စင်ကာပူဆိုပြီး စင်ကာပူရဲ့ ပတ်လည်က ကျွန်းတွေမှာလုပ်နေရတဲ့ လူတွေရဲ့ ဘ၀ပါ။ အလုပ်ကြမ်းသမားတွေမှ မဟုတ်ပါဘူး။ အင်ဂျင်နီယာတွေ၊ ပညာတတ်တွေပါ အဲဒီမှာ ရှိကြပါတယ်။ သူတို့လည်း အတူတူပါပဲ။ ငွေဆိုတာ တစ်ခုကို ရဖို့ ရုန်းကန်နေကြတာပါ။ ငွေရတာ နည်းတဲ့သူနဲ့ များတဲ့သူ၊ အဲဒါပဲ ကွာတာပါ။
ကျွန်တော်တို့ အလုပ်လုပ်တဲ့ကျွန်းတွေကို တချို့ စလုံးမှာ အလုပ်လုပ်နေသူတွေဆို သိတောင်မသိပါဘူး။ နာမည်ကိုတောင် မကြားဖူးတာပါ။ သူတို့ကတော့ ကျွန်တော်တို့ Main Land လို့ခေါ်တဲ့ စင်ကာပူမြို့၊ စင်ကာပူကျွန်းပေါ်မှာပဲ အလုပ်လုပ်နေကြရတာကိုး။
ကျွန်တော်တို့ အလုပ်လုပ်တဲ့ ကျွန်းတွေကတော့ သစ်ရိပ်နည်းပါတယ်။ Project စရင် သဲကွင်းချည်း ထီးတည်းပါ။ နေက Main Land နဲ့ ကွာပါတယ်။ ပင်လယ်နားကပ်နေတော့ ရေငွေ့ရိုက်ပါတယ်။ ပူလွန်းတော့ အသားတွေက တင်းတိပ်တွေလို ကြာရင် မည်းတက်လာပါတယ်။ ဒါကြောင့် ကျွန်းပေါ်မှာလုပ်ရင် မျက်နှာတို့၊ ဘာတို့ ကာတဲ့ အ၀တ်တွေ၊ ဘာတွေ ဆောင်ရပါတယ်။
ကျွန်းပေါ်ကို သွားရတာဖြစ်တဲ့အတွက် မနက်ဆိုလည်း သူများထက်စောထရတာ များပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ မိုးဟာ တကယ့်ကယ်တင်ရှင်ပါ။ လျှပ်စီးလက်ရင် နားရပါတယ်။ အလံအနီရောင် တင်ပါတယ်။ အဲဒီတော့ ပြောပြောမပြောပြော၊ အားလုံးရဲ့ ရင်ထဲမှာ မိုးရွာချိန်၊ အလံတင်ချိန် မျှော်ပါတယ်။ နားရတာကိုး။ မိုးမရွာ၊ လျှပ်စီးမလက်တော့လည်း ငွေရဖို့လုပ်ရဦးမယ် ဆိုတဲ့အသိနဲ့၊ တစ်နည်းပြောရရင် ကိုယ့်မာနလေး ကိုယ့်ဘာသာ ရိုက်သွင်းပြီး ငါကွ ရှာထားဆိုပြီး လုပ်နေရတာပါပဲ။ ကိုယ့်ဘ၀အတွက်၊ ကျန်တဲ့လူတွေ အတွက်ကိုး။
ဒီကဗျာမှာ ကျွန်တော်ပေးချင်တာ ကျွန်တော်ခံစားရတဲ့ ခံစားမှု၊ ကျွန်တော်တို့ မြန်မာတွေရဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရတဲ့ အနေအထား၊ ကျွန်တော်တို့ နောက်မှာ ရှိနေသူတွေကို ကျွန်တော်တို့ အလုပ်လုပ်နေရတဲ့ နိုင်ငံရဲ့ စရိုက်တွေကို သိစေချင်မှု၊ အဝေးရောက်နေတဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ အိမ်ကို ဘယ်လောက်လွမ်းနေရလဲ ဆိုတာတွေ စုံနေတာပါပဲ။
ဒီကဗျာကို စရေးတော့ မြန်မာပြည်က မဂ္ဂဇင်းတိုက် တစ်တိုက်ကို ပို့ဖို့ပါ။ ဒါပေမဲ့ စင်ကာပူကလူတွေကို ပိုခံစားစေချင်တာကြောင့်ရယ်၊ ကျွန်တော်နဲ့လည်း ခံစားချက်ချင်း တူမယ်ထင်လို့ရယ် စင်ကာပူမှာပဲ ထုတ်တဲ့ သဇင်မဂ္ဂဇင်းကိုပဲ ပို့ဖြစ်လိုက်ပါတယ်။ ဒါတောင် တစ်နှစ်ကျော်လောက် စောင့်လိုက်ရပါတယ်။ စာမူခ မပေးပါဘူး။ မဂ္ဂဇင်းနှစ်အုပ် လက်ဆောင်ရပါတယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ်၊ ကျွန်တော်က ကဗျာနဲ့ စာပေလောကထဲ စရောက်ခဲ့သူဆိုတော့ အဲဒါတွေက အပရိကပါ။
အခု ကျွန်တော့်ကဗျာကို တကယ်ခံစားလို့ ရတဲ့ လူမျိုးဆီက အသံကို ပြန်ကြားရတာက စာမူခ ဒေါ်လာပေါင်း များစွာ ရတာလို အဖိုးတန်ပါတယ်။ ထပ်ပြီး တန်ဖိုးရှိတာက အဲဒီညီလေး သူ့သားသမီးတွေကို ကျွန်တော့်ကဗျာကို ရှင်းပြခဲ့တာပါ။ ကြည့်ပါဦး။ သူတို့လေးတွေရဲ့ နူးညံ့တဲ့ နှလုံးသားမှာ သူ့အဖေလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့လူတွေရဲ့ ဘ၀ကို ခံစားနားလည်တတ်သွားပါပြီ။ သူတို့က ဒီမှာ ပညာသင်နေတာကိုး။
နောင်တစ်ချိန် သူတို့ဒီမှာ ကြီးပြင်းလာရင် ကျွန်တော်တို့ထက် မြင့်မြတ်တဲ့ တစ်နေရာမှာ၊ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းမယ့်အလုပ်တွေ လုပ်ပေးနိုင်မယ့်နေရာမှာ သူတို့နှလုံးသားတွေ လန်းဆန်းရှင်သန်ရင်း အလုပ်တွေ ပိုလုပ်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။
နိုင်ငံခြားဆိုတိုင်း သူတို့ရင်ထဲမှာ အထင်မကြီးမိဖို့ သူတို့သိတတ်မယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။ သူတို့ ဒီမှာပညာသင်နေတာ သူတို့အတွက်ဆိုတာ မှန်ပေမယ့် နောင်တစ်ချိန်မှာ အဲဒါ မြန်မာလူမျိုးတွေအတွက် ပဲလို့ သူတို့ သိလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ချင်မိတယ်။
ဒီကဗျာကနေတစ်ဆင့် ကျွန်တော်တို့လို မြန်မာပြည်ကလူတွေ နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေတယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံ ထိထိမိမိ မတိုးတက်သေးလို့ ဒီလိုလုပ်နေရပါလား ဆိုတာကိုတော့ သူတို့ နောင် တစ်ချိန်မှာ ကောင်းကောင်းနားလည်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကျွန်တော်ကတော့ ကျွန်တော်ပေးနိုင်တဲ့ အနုပညာစွမ်းအားနဲ့ လူတွေကို ပေးဆပ်နေချင်သေးတယ်။ မသေခင် အထိပေါ့။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ ကျွန်တော် ကဗျာတစ်ပုဒ် တင်ခဲ့ပါသေးတယ်။ ' ဖေဖော်ဝါရီ ဆယ့်သုံးဖွား ' ဆိုတဲ့ ကဗျာပါ။
အဲဒီကဗျာကို ပို့စ်တင်တော့ ကျွန်တော့်ကို ဘလော့ဂါ ဆရာဝန် ကိုဟန်ကြည်က သူစာသင်ပေးနေတဲ့ ကလေးတွေကို အဲဒီကဗျာကို ရွတ်ပြတယ်လို့ မှတ်ချက်လာရေးသွားပါတယ်။ အမျိုးသားရေး တာဝန်ကို နိုင်သလောက် ထမ်းခြင်းပါတဲ့။ သူတာဝန်ကျေသလို ကျွန်တော်လည်း ၀မ်းမြောက်မိပါတယ်။ ကျွန်တော်က အနုပညာ ဖန်တီးသူပါ။ သူတို့က ခံစားသူပါ။ ဖန်တီးသူရဲ့ အနုပညာပစ္စည်းကို ခံစားတန်ဖိုးထားတတ်ရင် ကျွန်တော်တို့လို အနုပညာ ဖန်တီးသူတွေ ဖန်တီးရကျိုး နပ်ပြီပေါ့။
ကျွန်တော်တွေးပါတယ်။ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ကဗျာတွေကတစ်ဆင့် ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ လက်ခံသင့်တဲ့ အရာတွေကို သူတို့ကို ပြောပြမယ့် လူတွေကတစ်ဆင့် ရသွားကြမယ်လို့။ အဲဒီအတွက် ကျွန်တော် ဖန်တီးထားတဲ့ အနုပညာကို တစ်ဆင့်ပြန်ပြောပေး သူတွေကို ကျေးဇူးတင်နေ မိတာပါပဲ။
ရင်ထဲမှာ ခံစားထိမိလာတဲ့အခါ အနုပညာဟာ အလိုလို ဖြစ်တည်လာတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအတွက် ခံစားမယ့်သူတွေကို မျှဝေပါတယ်။ ကျွန်တော့်ရင်ထဲကို ထိထိမိမိ ၀င်လာတဲ့ ခံစားမှုတွေရှိတိုင်း အားလုံးကို အနုပညာ အဖြစ် ကျွန်တော် ပြောင်းလဲပစ်ခဲ့တာချည်းပါပဲ။ အဲဒီ အနုပညာတွေကို ခံစားသူတွေ ကလည်း ထိထိမိမိ ခံစားတဲ့အခါ ကျွန်တော် တော်တော်လေး ကျေနပ်မိတာပါပဲ။ ပြီးတော့ သူတို့က တစ်ဆင့် ထပ်ဆင့်မျှဝေတဲ့အခါ ပိုလို့တောင် ကြည်နူးရပါသေးတယ်။
တကယ်တော့ အနုပညာဆိုတာ ခံစားရင်းနဲ့ မျှဝေပေးတဲ့အခါ လူတွေရဲ့ ရင်ထဲကို ထိုးဖောက်ပြီး အဲဒီကနေ တစ်ဆင့် ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားနိုင်တဲ့ အပြောင်းအလဲတွေ ရသွားရင် အကောင်းဆုံးပဲ လို့ ကျွန်တော် ခံစားထင်မြင်နေမိကြောင်းပါ ခင်ဗျား။ ။
" ကိုကြီး၊ သဇင်မဂ္ဂဇင်းမှာပါတဲ့ ကိုကြီးရဲ့ ' ကျွန်းသားတစ်ယောက်ရဲ့အိပ်မက် ' ဆိုတဲ့ကဗျာကို ကျွန်တော် ဖတ်ရပါတယ်။ အဲဒီကဗျာဟာ Jurong Island မှာ ကိုကြီးလောက် မကြာပေမယ့် တစ်နှစ်ခွဲလောက်လုပ်ခဲ့ရတဲ့ ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ အာရုံကို လှုပ်နှိုးလိုက်သလို ပြန်ပြီးအောက်မေ့သတိတရ ဖြစ်စေပါတယ်။ အခုတော့ လူတွေဟာ ကျွန်းပေါ်မှာလုပ်တဲ့ လူတွေရဲ့ ဘ၀ကို ခံစားနားလည် နေလောက်ပါပြီ။ ကျွန်တော် အဲဒီကဗျာကို ကျွန်တော့်ရဲ့ သားနဲ့သမီးကို ဖတ်ပြီး ရှင်းပြခဲ့ပါတယ်။ သူတို့ မျက်ရည်တွေဝဲပြီး ငိုတော့မတတ် ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု သူတို့တစ်တွေဟာ စင်ကာပူက ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ဘ၀ကို နားလည် သဘောပေါက်သွားကြတယ်လေ။
အားပေးနေပါတယ် ကိုကြီး "
အမှန်အတိုင်းပြောရရင် သူ့ရဲ့ Message ကို ဖတ်ပြီး ကျွန်တော် ကြည်နူးမိပါတယ်။ ကိုယ့်ကဗျာကို သူတို့ဖတ်မိလို့ ကြည်နူးတယ်ဆိုတဲ့စိတ်ထက် ကိုယ်ပေးချင်တဲ့ Message ကို သူတို့ ရသွားတယ်ဆိုတာရယ်၊ သူတင်မဟုတ်၊ သူ့ကလေးတွေပါ ကဗျာအပေါ်မှာ နစ်ဝင်ခံစားသွားတယ်ဆိုတာ သိရလို့ပါ။
အနုပညာဖန်တီးသူတို့ရဲ့ ထုံးစံ၊ သူများက ကိုယ်ဖန်တီးထားတာကို ပြန်ပြောရင် ကိုယ်လည်း တစ်ခေါက်ပြန်ဖတ်မိပါတယ်။ အခု ကျွန်တော်လည်း ကျွန်တော့်ကဗျာကို တစ်ခေါက်ပြန်ဖတ်မိပါတယ်။ ကျွန်တော့်ကဗျာက ဒီလိုပါ။
"ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက်"
သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
' စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။
အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။
Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။
ကွင်းပြင်ထီးတည်း
စက်ယန္တရားကြီးတွေ မမြင်ချင်အဆုံး
အရိပ်မရှိ မီးလိုပူလို့ ဟဲလ်မက်သုံးတောင်
နေလောင်ခံရတဲ့ မျက်နှာ
Safety မျက်မှန်နဲ့ ဟဲလ်မက်မေးသိုင်းကြိုးနေရာသာ ကွက်ပြီးဖြူလို့
မျက်နှာတစ်ခုလုံး ညိုမည်းစွဲ
အဲဒါ-ကျွန်းပေါ်က သားဘ၀ နည်းနည်းပါ အမေ။
မိုးရွာရင် ရွာတဲ့အချိန်နား
လျှပ်စီးလက်ရင် အလံတင်လို့ အလံတင်ချိန်နား
ဒီလိုနဲ့ အလံတင်ချိန်၊ မိုးရွာချိန်လေးမျှော်ရင်း
အပြင်မှာ မိုးမရွာ၊ လျှပ်မလက်၊ အလံမတင်
ကိုယ့်မာနအလံ ကိုယ့်ဘာသာတင်ရင်း
ရင်ထဲမှာပဲ မိုးရွာ၊ လျှပ်အစင်းစင်းလက်လို့
နေပူထဲ ဖြတ်ခဲ့ရတဲ့နေ့တွေ နည်းမှမနည်းဘဲ အမေ။
တကယ်တော့ အမေရယ်......
ကျွန်တော်ဟာ ကျွန်းပျော်မဟုတ်တဲ့ ကျွန်းသားတစ်ယောက်ပါ။
မပျော်ပေမယ့် ပျော်သလိုနေရတဲ့ နေရာ
မချစ်ပေမယ့် ချစ်သလိုနေရတဲ့နေရာ
ကျွန်းသာသာ ဖြစ်နေတဲ့မြို့
သူ့ဘေးမှာ ကျွန်းတွေက ဟိုတစ်စို့ ဒီတစ်စို့
အဲဒီမှာ နိုင်ငံစုံက သားတို့လို လူတချို့ အလုပ်လာလုပ်ကြ
ဒါပေမဲ့....
အဲဒီမြို့က ဘာမှ မပြောပလောက်ပါဘူး အမေ။
Can or Can not နှစ်လုံးတတ်ရင်
လုပ်နိုင်တာ မလုပ်နိုင်တာ အကုန်ပြတ်တဲ့မြို့.....
Already တောင်မဟုတ် Ready လို့ ဖြီးရင်
လုပ်ထားသမျှ အကုန်ပြီးတဲ့မြို့....
How are you? လို့ မေးရင် Fine လို့မဖြေ
Good လို့ ဖြေတဲ့မြို့........
အချောင်ခိုတဲ့သူကို အလီဘာဘာလို့ သုံးတဲ့မြို့......
ဘာလုပ်လုပ် Queue ရတဲ့မြို့.....
Queue သာ Queue တယ်
သူတို့ချင်း Neglect လုပ်တဲ့မြို့........
ရွှေတွေရဲ့'လား'နဲ့ သူတို့ရဲ့ ' Lah '
ဘယ်လားက စောတယ်မသိပေမယ့်
စကားပြောရင်း လားချင်ရင် လားတဲ့မြို့......
စည်းကမ်းရှိမလိုလိုနဲ့
စည်းကမ်း ရှိချင်ယောင်ဆောင်ထားတဲ့မြို့......
အလုပ်တကယ်ကြိုးစားသယောင်နဲ့
အလီဘာဘာတွေ များတဲ့မြို့.......
ကောင်လေး၊ ကောင်မလေးငယ်ငယ်တွေ
အားလုံးနီးပါး မျက်မှန်တပ်တဲ့မြို့......
ခြင်္သေ့ကို ငါးခန္ဓာပေါင်းထားတဲ့ ကိုယ်လုံးနဲ့အရုပ်တွေ ပေါတဲ့မြို့.....
အဲဒီမြို့လေးရဲ့ ခပ်လှမ်းလှမ်းမှာ
ပင်လယ်လမ်းကို ဖြတ်သန်း
ကျွန်းမြေမှာ သားလမ်းသလားခဲ့တာ နေ့စဉ်လိုပေါ့ အမေ။
ငွေဈေးဘယ်လောက်ပေါက်လဲ အကျအတက်ညှိရတာနဲ့
သိကြားမင်း အကျအတက်လည်း မသိ
သင်္ကြန်ကို ရင်မှာ မငြိနိုင်
အိမ်ကို ငွေပို့ဖို့ စဉ်းစားကြည့်ရင် ငိုင်တွေမော
ဒါပေမဲ့...
သားက- ထိုင်နေသော လူငယ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး အမေ။
ချွေးတွေက နဖူးကနေ ကျချင်ရာကျ
မိုးမလင်းခင်က စတဲ့ဘဝ
မိုးချုပ်တောင်နားဖို့ မကျိန်းသေတဲ့ဘဝ
ကြယ်သီးပြုတ်ကို အပ်နဲ့ချုပ်ရင် အမေ့ကို သတိရ
နေပူထဲမှာ လမ်းတွေလျှောက်ရင် အဖေ့ကို တမ်းတ
စုံတွဲတွေတွေ့ရင် ချစ်သူကို လွမ်းရ
ဘောလုံးပွဲတွေကြည့်ရင် ညီအစ်ကိုတွေကို မေ့မရ
မိုးတွေသည်းရင် မြန်မာပြည်ကို မှန်းဆ
ဒီလိုနဲ့ ဘ၀ဘ၀ဆိုတာကို ကြိတ်မှိတ်ဖြတ်သန်း
ကျွန်းသားတစ်ယောက် လွမ်းခန်းက ခပ်ကြမ်းကြမ်းပေါ့ အမေ။
' အိပ်မက်ထဲက ရထားကြီး ' ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်ကို အမြဲနားထောင်
( ပြီးတော့ သီချင်းထဲကလို)
ကလေးဘ၀ကို မြင်ယောင်ရင်း မဆုံးတဲ့ခရီး
ဘယ်အချိန်ပြီးမှန်းမသိတဲ့ ဘ၀ကို အတွေးခက်
ဒီလိုနဲ့........
ချွေးစက်များနဲ့ ပျော်ခြင်း၊ မပျော်ခြင်း မရှိတဲ့
ခရီးသွားရဲ့ နေ့ညများစွာ
တစ်လတစ်လထွက်လာတဲ့ လစာကြားမှာ ရှင်သန်
မနက်ဖြန်တိုင်းမှာ ဒီကျွန်းသားတစ်ယောက်တော့
ကျွန်းကလွတ်မြောက်ရေးကို မျှော်မက်ရင်း
အိပ်မက်တွေကြားမှာ ကျွန်တော်ဆက်လျှောက်နေပါဦးမယ် အမေရယ်။ ။
သားလတ်
၁၈.၆.၂၀၀၉
( စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း၊၂၀၁၂ ဧပြီလ တွင် ဖော်ပြခံရသော ကဗျာ ဖြစ်ပါသည်။ )
ကျွန်တော်တို့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်တော့ လူတွေက ငွေရတာပဲ မြင်ကြပါတယ်။ ပြီးတော့ စင်ကာပူဆိုရင် တိုက်ကြီးတွေ၊ အဆောက်အအုံ လှလှတွေပဲ မြင်နေတော့တာ။ ဘ၀တွေ ဘယ်လို ရုန်းကန်နေကြတယ်ဆိုတာ မသိကြပါဘူး။ မြန်မာပြည်ကလူတွေ ပြောတာနားထောင်ရရင် အားရင် သွားပါလား စင်ကာပူကို ဆိုတာချည်းပဲ။ကျွန်တော် အခုချပြထားတာ စင်ကာပူဆိုပြီး စင်ကာပူရဲ့ ပတ်လည်က ကျွန်းတွေမှာလုပ်နေရတဲ့ လူတွေရဲ့ ဘ၀ပါ။ အလုပ်ကြမ်းသမားတွေမှ မဟုတ်ပါဘူး။ အင်ဂျင်နီယာတွေ၊ ပညာတတ်တွေပါ အဲဒီမှာ ရှိကြပါတယ်။ သူတို့လည်း အတူတူပါပဲ။ ငွေဆိုတာ တစ်ခုကို ရဖို့ ရုန်းကန်နေကြတာပါ။ ငွေရတာ နည်းတဲ့သူနဲ့ များတဲ့သူ၊ အဲဒါပဲ ကွာတာပါ။
ကျွန်တော်တို့ အလုပ်လုပ်တဲ့ကျွန်းတွေကို တချို့ စလုံးမှာ အလုပ်လုပ်နေသူတွေဆို သိတောင်မသိပါဘူး။ နာမည်ကိုတောင် မကြားဖူးတာပါ။ သူတို့ကတော့ ကျွန်တော်တို့ Main Land လို့ခေါ်တဲ့ စင်ကာပူမြို့၊ စင်ကာပူကျွန်းပေါ်မှာပဲ အလုပ်လုပ်နေကြရတာကိုး။
ကျွန်တော်တို့ အလုပ်လုပ်တဲ့ ကျွန်းတွေကတော့ သစ်ရိပ်နည်းပါတယ်။ Project စရင် သဲကွင်းချည်း ထီးတည်းပါ။ နေက Main Land နဲ့ ကွာပါတယ်။ ပင်လယ်နားကပ်နေတော့ ရေငွေ့ရိုက်ပါတယ်။ ပူလွန်းတော့ အသားတွေက တင်းတိပ်တွေလို ကြာရင် မည်းတက်လာပါတယ်။ ဒါကြောင့် ကျွန်းပေါ်မှာလုပ်ရင် မျက်နှာတို့၊ ဘာတို့ ကာတဲ့ အ၀တ်တွေ၊ ဘာတွေ ဆောင်ရပါတယ်။
ကျွန်းပေါ်ကို သွားရတာဖြစ်တဲ့အတွက် မနက်ဆိုလည်း သူများထက်စောထရတာ များပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ မိုးဟာ တကယ့်ကယ်တင်ရှင်ပါ။ လျှပ်စီးလက်ရင် နားရပါတယ်။ အလံအနီရောင် တင်ပါတယ်။ အဲဒီတော့ ပြောပြောမပြောပြော၊ အားလုံးရဲ့ ရင်ထဲမှာ မိုးရွာချိန်၊ အလံတင်ချိန် မျှော်ပါတယ်။ နားရတာကိုး။ မိုးမရွာ၊ လျှပ်စီးမလက်တော့လည်း ငွေရဖို့လုပ်ရဦးမယ် ဆိုတဲ့အသိနဲ့၊ တစ်နည်းပြောရရင် ကိုယ့်မာနလေး ကိုယ့်ဘာသာ ရိုက်သွင်းပြီး ငါကွ ရှာထားဆိုပြီး လုပ်နေရတာပါပဲ။ ကိုယ့်ဘ၀အတွက်၊ ကျန်တဲ့လူတွေ အတွက်ကိုး။
ဒီကဗျာမှာ ကျွန်တော်ပေးချင်တာ ကျွန်တော်ခံစားရတဲ့ ခံစားမှု၊ ကျွန်တော်တို့ မြန်မာတွေရဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရတဲ့ အနေအထား၊ ကျွန်တော်တို့ နောက်မှာ ရှိနေသူတွေကို ကျွန်တော်တို့ အလုပ်လုပ်နေရတဲ့ နိုင်ငံရဲ့ စရိုက်တွေကို သိစေချင်မှု၊ အဝေးရောက်နေတဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ အိမ်ကို ဘယ်လောက်လွမ်းနေရလဲ ဆိုတာတွေ စုံနေတာပါပဲ။
ဒီကဗျာကို စရေးတော့ မြန်မာပြည်က မဂ္ဂဇင်းတိုက် တစ်တိုက်ကို ပို့ဖို့ပါ။ ဒါပေမဲ့ စင်ကာပူကလူတွေကို ပိုခံစားစေချင်တာကြောင့်ရယ်၊ ကျွန်တော်နဲ့လည်း ခံစားချက်ချင်း တူမယ်ထင်လို့ရယ် စင်ကာပူမှာပဲ ထုတ်တဲ့ သဇင်မဂ္ဂဇင်းကိုပဲ ပို့ဖြစ်လိုက်ပါတယ်။ ဒါတောင် တစ်နှစ်ကျော်လောက် စောင့်လိုက်ရပါတယ်။ စာမူခ မပေးပါဘူး။ မဂ္ဂဇင်းနှစ်အုပ် လက်ဆောင်ရပါတယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ်၊ ကျွန်တော်က ကဗျာနဲ့ စာပေလောကထဲ စရောက်ခဲ့သူဆိုတော့ အဲဒါတွေက အပရိကပါ။
အခု ကျွန်တော့်ကဗျာကို တကယ်ခံစားလို့ ရတဲ့ လူမျိုးဆီက အသံကို ပြန်ကြားရတာက စာမူခ ဒေါ်လာပေါင်း များစွာ ရတာလို အဖိုးတန်ပါတယ်။ ထပ်ပြီး တန်ဖိုးရှိတာက အဲဒီညီလေး သူ့သားသမီးတွေကို ကျွန်တော့်ကဗျာကို ရှင်းပြခဲ့တာပါ။ ကြည့်ပါဦး။ သူတို့လေးတွေရဲ့ နူးညံ့တဲ့ နှလုံးသားမှာ သူ့အဖေလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့လူတွေရဲ့ ဘ၀ကို ခံစားနားလည်တတ်သွားပါပြီ။ သူတို့က ဒီမှာ ပညာသင်နေတာကိုး။
နောင်တစ်ချိန် သူတို့ဒီမှာ ကြီးပြင်းလာရင် ကျွန်တော်တို့ထက် မြင့်မြတ်တဲ့ တစ်နေရာမှာ၊ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းမယ့်အလုပ်တွေ လုပ်ပေးနိုင်မယ့်နေရာမှာ သူတို့နှလုံးသားတွေ လန်းဆန်းရှင်သန်ရင်း အလုပ်တွေ ပိုလုပ်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။
နိုင်ငံခြားဆိုတိုင်း သူတို့ရင်ထဲမှာ အထင်မကြီးမိဖို့ သူတို့သိတတ်မယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။ သူတို့ ဒီမှာပညာသင်နေတာ သူတို့အတွက်ဆိုတာ မှန်ပေမယ့် နောင်တစ်ချိန်မှာ အဲဒါ မြန်မာလူမျိုးတွေအတွက် ပဲလို့ သူတို့ သိလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ချင်မိတယ်။
ဒီကဗျာကနေတစ်ဆင့် ကျွန်တော်တို့လို မြန်မာပြည်ကလူတွေ နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေတယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံ ထိထိမိမိ မတိုးတက်သေးလို့ ဒီလိုလုပ်နေရပါလား ဆိုတာကိုတော့ သူတို့ နောင် တစ်ချိန်မှာ ကောင်းကောင်းနားလည်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကျွန်တော်ကတော့ ကျွန်တော်ပေးနိုင်တဲ့ အနုပညာစွမ်းအားနဲ့ လူတွေကို ပေးဆပ်နေချင်သေးတယ်။ မသေခင် အထိပေါ့။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ ကျွန်တော် ကဗျာတစ်ပုဒ် တင်ခဲ့ပါသေးတယ်။ ' ဖေဖော်ဝါရီ ဆယ့်သုံးဖွား ' ဆိုတဲ့ ကဗျာပါ။
အဲဒီကဗျာကို ပို့စ်တင်တော့ ကျွန်တော့်ကို ဘလော့ဂါ ဆရာဝန် ကိုဟန်ကြည်က သူစာသင်ပေးနေတဲ့ ကလေးတွေကို အဲဒီကဗျာကို ရွတ်ပြတယ်လို့ မှတ်ချက်လာရေးသွားပါတယ်။ အမျိုးသားရေး တာဝန်ကို နိုင်သလောက် ထမ်းခြင်းပါတဲ့။ သူတာဝန်ကျေသလို ကျွန်တော်လည်း ၀မ်းမြောက်မိပါတယ်။ ကျွန်တော်က အနုပညာ ဖန်တီးသူပါ။ သူတို့က ခံစားသူပါ။ ဖန်တီးသူရဲ့ အနုပညာပစ္စည်းကို ခံစားတန်ဖိုးထားတတ်ရင် ကျွန်တော်တို့လို အနုပညာ ဖန်တီးသူတွေ ဖန်တီးရကျိုး နပ်ပြီပေါ့။
ကျွန်တော်တွေးပါတယ်။ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ကဗျာတွေကတစ်ဆင့် ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ လက်ခံသင့်တဲ့ အရာတွေကို သူတို့ကို ပြောပြမယ့် လူတွေကတစ်ဆင့် ရသွားကြမယ်လို့။ အဲဒီအတွက် ကျွန်တော် ဖန်တီးထားတဲ့ အနုပညာကို တစ်ဆင့်ပြန်ပြောပေး သူတွေကို ကျေးဇူးတင်နေ မိတာပါပဲ။
ရင်ထဲမှာ ခံစားထိမိလာတဲ့အခါ အနုပညာဟာ အလိုလို ဖြစ်တည်လာတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအတွက် ခံစားမယ့်သူတွေကို မျှဝေပါတယ်။ ကျွန်တော့်ရင်ထဲကို ထိထိမိမိ ၀င်လာတဲ့ ခံစားမှုတွေရှိတိုင်း အားလုံးကို အနုပညာ အဖြစ် ကျွန်တော် ပြောင်းလဲပစ်ခဲ့တာချည်းပါပဲ။ အဲဒီ အနုပညာတွေကို ခံစားသူတွေ ကလည်း ထိထိမိမိ ခံစားတဲ့အခါ ကျွန်တော် တော်တော်လေး ကျေနပ်မိတာပါပဲ။ ပြီးတော့ သူတို့က တစ်ဆင့် ထပ်ဆင့်မျှဝေတဲ့အခါ ပိုလို့တောင် ကြည်နူးရပါသေးတယ်။
တကယ်တော့ အနုပညာဆိုတာ ခံစားရင်းနဲ့ မျှဝေပေးတဲ့အခါ လူတွေရဲ့ ရင်ထဲကို ထိုးဖောက်ပြီး အဲဒီကနေ တစ်ဆင့် ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားနိုင်တဲ့ အပြောင်းအလဲတွေ ရသွားရင် အကောင်းဆုံးပဲ လို့ ကျွန်တော် ခံစားထင်မြင်နေမိကြောင်းပါ ခင်ဗျား။ ။
ဆူးသစ်
၁၃း၂၉ နာရီ
၅.၈.၂၀၁၂
၁၃း၂၉ နာရီ
၅.၈.၂၀၁၂
6 comments:
တစ်ကယ်ကောင်းတဲ့ ကဗျာလေးပါအကို.. ။ တစ်ကယ်တော့ နိုင်ငံခြားဆိုတာ အကိုပြောသလိုပါပဲ... ဘာမှအထင်ကြိးစရာ မရှိတာ အမှန်ပါပဲ အကို....
ကဗျာလေးက တကယ့် ဘဝကို ဖော်ပြနေတဲ့ ကဗျာလေးပါဘဲ
ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ပင်ပန်းလိုက်တာ...
ကိုယ့်နိုင်ငံကိုယ့်မြေမှာ ပင်ပန်းဦးတော့ မိသားစုနဲ့ နီးနီးနားနားမို့ တော်သေးရဲ့..
ခုတော့ မိဝေးဖဝေး မိသားစုနဲ့ ဝေး
ဘဝရှင်သန်ဘို့အတွက် ပျော်ရာမှာ မနေရပဲ တော်ရာမှာ ကိုယ့်ဘဝကိုရင်းနှီးမြှုပ်နှံထားရတဲ့သူတွေရဲ့ ခံစားချက်လေးတွေကို ပီပြင်စေတဲ့ ကဗျာလေးတစ်ပုဒ်ပါ ဆူးသစ်ရေ။ ဘဝအမောတွေ အမြန်ဆုံးပြေပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
လျှပ်စိးလက်ပါစေ၊အလံနီလေးကိုင်လို့အပူဒဏ်တွေဝေးရာ မိသားစုနဲ့အနီးမှာ စိတ်အေးချမ်းသာရှိပါစေ။
ကဗျာလေးကတကယ့်ကို ပီပြင်လှစွာ သရုပ်ဖော်နိုင်ပါတယ် ပျော်ရာမှာမနေ တော်ရာနေကြရတဲ့
ဘ၀တူတွေမို့ ကဗျာလေးက ရင်ထဲကိုပို စိမ့်ဝင်သွားပါတယ်
အကိုကြီရဲ့ ကဗျာကိုဖတ်ရင်း
သူငယ်ချင်းတွေပြောသွားတာကိုပါ သတိရမိတယ်ဗျ
စင်ကာပူဆိုတာ နာမည်ကြီးပြီး ထမင်းငတ် နေတဲ့ မြို့တဲ့...။
အကို့ရဲ့ ကဗျာထဲမှာလည်း အလဲလဲ အကွဲကွဲနဲ့
သွေးတွေခဲသွားသလို စက်ရုပ်လိုနေရတဲ့ မြို့ကို တွေ့လိုက်ရတယ်ဗျာ။
Post a Comment