Saturday, September 25, 2010

"အတိတ်တစ္ဆေ"

ကရုဏာမဲ့ ပြဇာတ်တစ်ပုဒ်
ဒေါသနဲ့ အလွမ်းသီချင်းတစ်ပုဒ်
မေတ္တာပါတဲ့ ကဗျာတစ်ပုဒ်
ရုတ်တရက်ဆိုတဲ့ အတိတ်တစ်ခုမှာ
ကပျာကယာ မွေးလာတယ်။

ကြိတ်လိုက်ရတဲ့အံသွား
နှလုံးသားကတော့ အမှန်တရားကိုရွံနေ
အက်ကွဲကြောင်းတွေထဲက ပကာသနသနပ်ခါး
တံတွေးများနဲ့ ဖျက်ချင်တယ်။

မြင်နေရတဲ့ ပြဇာတ်အခန်းတွေ
ကြားနေရတဲ့ အလွမ်းသီချင်းတွေ
ဖတ်နေရတဲ့ ကဗျာပါဒတွေ
အားလုံးဟာအိမ်မက်တွေမဟုတ်ခဲ့
အတိတ်ရဲ့ တစ္ဆေဆိုးတစ်ကောင်
ခုထိလှောင်နေတဲ့ပုံတွေထင်ရဲ့။

ခြောက်လှန့်သွေးပျက်စေခဲ့တဲ့ကောင်ကြီးကို
မဝေးတော့တဲ့ ခရီးတစ်ခုမှာချဉ်းကပ်
မျက်မှန်စိမ်းထပ်တတ်ပေးဦးမယ်
ဘယ်သူကတရပ်စပ် ခြောက်တတ်တယ်ဆိုတာသိဖို့ပေါ့။ ။

သားလတ်


(၂၀၀၁ခုနှစ်၊ ဇလွန်မြို့နယ်မဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...