မပြောဘဲ
ပိတောက်ကစောစောလာတယ်။
မိုးတစ်ညို့
အစိမ်းရောင်အဖူးတွေကိုတို့ထိမြှူဆွယ်
အ၀ါပွင့်တွေကိုခေါ်ယူဆည်ခဲ့။
သစ်တဲ့နံနက်
ပိတောက်တွေလက်စို
အပျိုအအိုတွေကိုအရောင်ခြယ်သ
လှချင်တိုင်းလှတဲ့ကာလကိုမွေးဖွားပြီ။
သင်္ကြန်အပြင်မှာလေ
ရနံ့တွေဝေသွားခဲ့
ဒီလိုနဲ့စောစီးစွာ
ပိတောက်ဟာသင်္ကြန်နဲ့မဆုံ
ရန်ကုန်ကပြန်သွားတယ်။ ။
သားလတ်
(၂၀၀၄ခုနှစ်-ဧပြီလ၊ မှုခင်းရှုထောင့်မဂ္ဂဇင်း)
0 comments:
Post a Comment