Saturday, September 25, 2010

မျှော်လင့်စရာမရှိတော့သောမျှော်လင့်ခြင်း

ငိုကြွေးခြင်းရေများစွာဟာ
လိုချင်တပ်မက်မှုကုလားအုပ်ရဲ့ဘို့ထဲမှာပါလာတာမေ့လို့
ဒုက္ခသဲမုန်တိုင်းတွေကြားမှာလျှောက်မိနေတယ်။

ပျော်ရွင်ဝမ်းသာခြင်းစမ်းရေဟာ
ကန္တာရတစ်ဘက်မှာ အိပ်ပျော်နေဆဲ
ကုလားအုပ်တစ်ကောင်တည်း ခရီးနှင်မြဲလေ။

လမ်းတစ်လျှောက် ပင်ပန်းခြင်းကိုမျိုချလို့
စိတ်ဓါတ်အစာအိမ်ကို အားဖြည့်ခဲ့ရ
ခရီးဆုံးရဲ့အစ မြင်လိုက်ရခိုက်
ကုလားအုပ်အသည်းနှလုံးတွေ သံချေးလိုက်လို့
ချွတ်တိုက်မရတော့ဘူးထင်ပါရဲ့။

ကြည့်စမ်းပါဦးလေ
မျှော်လင့်ခြင်းကန္တာရဟာ
ဆန္ဒမီးတောင်အရှင်ရဲ့ခြေရင်းမှာအဆုံးသတ်ဆဲ
ဝမ်းနည်းခြင်းလေပြင်းတွေ
သူ့အပါးမှာတိုက်ခတ်နေတယ်လေ။ ။

သားလတ်


(၁၉၉၄ခုနှစ်-သြဂုတ်လ၊ ရွှေသမင်မဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...