Wednesday, September 29, 2010

"အတွေးငှက်"

ပြေးမထွက်ပါနဲ့လို့
အတွေးငှက်တို့တောင်းပန်ချင်။

တားမရချင်သေးတာကြောင့်
အပါးကပင် သောကတွေမြင်လျက်ပြေးလို့
တမင်သက်သက်ဝေးဝေးနှင်။

ငြီးမမုန်းပါတဲ့
ခရီးဆုံး ဘယ်အနားမှာမို့
ဘယ်ကိုသွားသလဲ ငေးခိုက်တွင်
ပြေး - လိုက်ချင်ရဲ့ သူ့အနား။

ဂရုမထား
အမှုမထားပေဘု
ချစ်သူအနားမှာ တ၀ဲဝဲနဲ့
အမြဲကဲကာ လူးလာမြူးလေတော့
ဟိုတစ်ခါ တစ်ကြိမ်ရူးပါလို့
အိမ်ဦးမှာမကြင်ပြန် အနှင်ခံဒဏ်ရာရတာတွေလည်း
နင့်သခင်ထံ ခံကာသာ ဘယ်မှာပျောက်ပါလိမ့်
နောက်တစ်ခါ ထပ်ကာမရောက်ချင်တာကြောင့်
ငါ့အိမ်ပေါက် အမှောင်မှာပြန်လာရင်ဖြင့်
တောင်ပံကို ချိုးကာဖျက်မယ်
ဆိုးတဲ့ငှက်သား ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...