Monday, February 14, 2011

"သင့်ရဲ့ဗလင့်တိုင်း"


ခံစားမှုစကားလုံးတိုင်း
ချစ်ခြင်းနဲ့ နှိုင်းယှဉ်ပါကွယ်။

တွေ့ထိမှုအာရုံတိုင်း
နှလုံးသားနဲ့ ခံစားပါကွယ်။

ဟိုးအဝေးက မြူပါးပါးလို
သိပ်သည်းရှတ အေးစက်မှုများကို ဆောင်ကျဉ်း
လောကရဲ့ဘောင်အတွင်းက သမုဒယ
တယုတယနဲ့ မျှဝေပါကွယ်။

ကိုယ့်အိပ်မက်လေးရယ်
ကိုယ့်စက္ကူလေးရယ်
ကိုယ့်ပို့စကတ်လေးရယ်
ကိုယ့်ကဗျာလေးရယ်
ကိုယ့်စာအိတ်လေးရယ်
ကိုယ့်ရင်ခုန်ခြင်းများရယ်
နှလုံးသားနဲ့ သယ်ဆောင်ဖွေလှစ်ပြီး
ကမ္ဘာရဲ့ ပုန်းခိုရာ နေရာသစ်
သင့်ရဲ့ဗလင့်တိုင်းကို အမှတ်တရအဖြစ်ဖန်ဆင်း
ချစ်ခြင်းနဲ့နေ့များဆီ လမ်းညွှန်ပါကွယ်။ ။
သားလတ်
၁၇း၅၄နာရီ

၁၄.၀၂.၁၉၉၇

(Valentine's Day အမှတ်တရ)

3 comments:

အင်္ဂါဟူး said...

ဗလင့်တိုင်းကတော့ ဗလင့်တိုင်းပါပဲ

နေ၀သန် said...

နူးညံ့လိုက်တဲ့ကဗျာလေး...း))

ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်ဖို့ကောင်းတဲ့ နူးညံ့သိမ်မွေ့သော ကဗျာလေးပါဘဲ။
ကြည်နူးသွားတယ်း)

Related Posts Plugin for WordPress, Blogger...