၂၀၀၄ ခုနှစ်တုန်းက သင်တန်းတစ်တန်းတက်ရန် အိန္ဒိယနိုင်ငံ၊ နယူးဒေလီသို့ ခေတ္တရောက် ခဲ့သည်။ နောက်တော့ ဗုဒ္ဓဂယာသွားချင်၍ ကာလကတ္တားသို့ လေယာဉ်ဖြင့် ကူးပြီး၊ ဂယာကို ရထားဖြင့် ခရီးဆက်ခဲ့၏။ ဂယာခရီးကအပြန်၊ ရထားဖြင့် ကာလကတ္တားကိုအကူး တစ်ညလုံး ရထားစောင့်ရင်း အိပ်မရခဲ့၍ ရထားပေါ်မှာ အိပ်မောကျနေသော ကျွန်တော်သည် ရထား တုံ့ခနဲရပ်သွားပြီး တုန်ခါမှုများစွာ ကြုံရသောအခါ လန့်နိုးခဲ့ရ၏။ ထိုအချိန်သည် ညနေ သုံးနာရီခန့်။
နောက်နေ့မနက် ကာလကတ္တား ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို နှုတ်ဆက်ခိုက် 'မနေ့ညနေက ငလျင်အကြီးကြီး လှုပ်တယ်၊ ဒကာတို့သိလား' ဟု မေးခိုက် အိပ်မောကျနေကြောင်း ရှင်းပြခဲ့၏။ ရန်ကုန်အပြန် လေယာဉ်ပေါ်ရောက်မှ ရှေ့ထိုင်ခုံ နောက်ကျောဘက်က အိတ်ထဲထည့်ထားသော သတင်းစာကို ထုတ်ကြည့်စဉ်မှာ ငလျင် အကြီးကြီးတစ်ခုကြောင့် အိမ်ခြေပေါင်းများစွာ၊ လူပေါင်းများစွာ ဒုက္ခရောက်၊ သေကြေပျက်စီး ပုံများကို မြင်ရ၏။ မြန်မာပြည်ပြန်ရောက်တော့ ထိုငလျင်ကြီးနှင့် ပတ်သက်မှုများကို နားနှင့်မဆံ့အောင် ကြားရသည်။ 'ဆူနာမီ' တဲ့။ ရေလှိုင်းများ။
၂၀၀၅ ခုနှစ် မတ်လမှာ ရခိုင်ပြည်နယ်ဘက် ရောက်သည်။ စစ်တွေရောက်ခိုက် ရာသီ ဥတုကြောင့် လေယာဉ်မလာနိုင်၍ သောင်တင်နေစဉ်၊ ကောလဟလတစ်ခု စရောက်လာသည်။ စစ်တွေကို ဆူနာမီ လာမည်တဲ့။ မိုးဆက်တိုက်ရွာ၊ လှိုင်းများကြီး၍ ကမ်းခြေနံရံများ ပဲ့ကျကုန်တာ သတိထားဖြစ်သည်။ ကျွန်တော်တည်းခိုနေရာ 'မြ' တည်းခိုခန်းသည် စစ်တွေတက္ကသိုလ်ရှေ့၊ ဆေးရုံနှင့်မလှမ်းမကမ်း။ ဆေးရုံ ဟိုဘက်ဆက်လျှောက်လိုက်လျှင် ကမ်းနားရှိသည်။ ပင်လယ်သည် ကျယ်ပြန့်စွာ တစ်ဖက်မှာရှိ၏။ လေနှင့် မိုးသည် မရပ်ခဲ့။
ဘာပဲပြောပြော ထိတ်လန့်မိသည်။ မလာတော့ဘူးထင်ပြီး တစ်ခါပြန်၍ တစ်ရေးနိုးလာသည်ထင်၏။ ရင်ထဲမှာ ခံစားမိသမျှ ကဗျာတစ်ပုဒ် ချရေးဖြစ်သည်။ ခေါင်းစဉ်ကို 'တစ်ရေးနိုး ဆူနာမီ' ဟု ပေးဖြစ်၏။
နောက်တော့ မိုးလေကင်းပြီး ဆူနာမီမလာတော့ဟု သိရ၍ ၀မ်းသာသွားသည်။ ရန်ကုန်က မိဘအိမ်ကို အမြန်ပြန်ရောက်မည်ထက် ဆူနာမီ မလာ၍ ပျော်ရသည်က ပိုမည်ထင်သည်။ ထိုအခါ၌ 'ဆူနာမီ မရှိတဲ့မြေ' ဆိုသော အောက်ပါ ကဗျာကို ချရေးဖြစ်ခဲ့ပြန်သေးသည်။

"ဆူနာမီ မရှိတဲ့မြေ"
ကမ်းခြေဟာ
အပန်းဖြေစရာပါ ဆူနာမီ။
ကလေးတွေက မင်းကိုမသိ
လူကြီးတွေသတိမှာ မင်းမရှိလို့
မင်းထိတဲ့ ကမ်းခြေမှာ
နွမ်းကြေတာ သူတို့ပါ ဆူနာမီ။
သူတို့ရဲ့ မျက်ရည်ကိုစားသုံး
လှိုင်းတွေနဲ့ မင်းဝုန်းတဲ့အခါ
ငါတို့က မင်းကိုမုန်းပေမယ့်
မင်းကတော့ အပြုံးမပျက်
တစ်ရေးနိုးတောင် ထထွက်လာရဲခဲ့တယ်။
ကြည့်ပါဦး ဆူနာမီ
မင်းကြောင့် ရယ်နိုင်သူမရှိတဲ့အခါ
ကမ္ဘာဟာ မင်းကိုမုန်း
ငါတို့က မင်းကို လုံးလုံးနာကြည်းတယ်လေ။
ဒါပေမဲ့ ဆူနာမီ
ငါနေတာက မြန်မာပြည်
ထေရ၀ါဒက အလွန်ပီလို့
ဗုဒ္ဓရဲ့ မေတ္တာဓာတ်အဆီအနှစ်
ငါတို့ဆီမှာ ကြွင်းကျန်ရစ်မှတော့
မင်းပြန်သစ်လာတောင် ဂရုမစိုက်
တခြားနိုင်ငံတွေအတွက် ၀မ်းနည်းခိုက်မှာခံစား
မင်းပြန်သွားတာပဲ စောင့်ကြည့်မယ်။
မင်းလာလို့မရတဲ့ တိုင်းပြည်
မင်းကျီစားလို့ မရတဲ့အရပ်
မင်းခတ်လို့မရတဲ့ ဘာသာတရား
မင်းဝါးလို့မရတဲ့ ကမ်းခြေတွေနဲ့
(ငါတို့မြန်မာပြည်ဆိုတာလေ)
မင်းလှမ်းခြေချင်တိုင်း ခြေလို့မရဘူး ဆူနာမီ။
ဆူနာမီရေ.....
ကမ်းခြေဆိုတာဟာ
(ငါတို့မြန်မာပြည် အတွက်တော့)
အပန်းဖြေစရာပါပဲ ဆူနာမီ။ ။
"တစ်ရေးနိုး ဆူနာမီ"
ဆူနာမီရေ....
ကမ္ဘာမြေက မင်းကို လက်မခံ
မင်းပြန်သင့်ပါပြီကွယ်။
မင်းတိုးလို့ ကျိုးတဲ့ကမ္ဘာ
မင်းမှာလို့ လာတဲ့ဒုက္ခ
မင်းဖွလို့ ပွတဲ့အမှိုက်
မင်းရိုက်လို့ ရှိုက်တဲ့ကမ်းခြေ
မင်းခြွေလို့ ကြွေတဲ့အသက်
မင်းဖျက်လို့ ပျက်တဲ့အိမ်
မင်းကျိန်လို့ မှိန်တဲ့ကံ
မင်းပြန်မှ အားလုံးငြိမ်း
ကမ္ဘာမြေလည်း စိမ်းလန်းလိမ့်မယ်။
တစ်ရေးနိုး ထထွက်မလာနဲ့
အတွေးရိုးရိုးနဲ့ ပင်လယ်မြေမှာအိပ်စက်ပြီး
မင်းစိတ်အပျက်က ငါတို့ကိုသနား
မင်းအဖျက်အားနဲ့ ငါတို့ကို မကစားရင်
(ဆူနာမီရေ...)
မနက်ဖြန်ရဲ့ ညလွင်ပြင်တိုင်းမှာ
ငါတို့ဟာ မင်းလိုတစ်ရေးမနိုး
ငြိမ်းချမ်းတဲ့ နေ့သစ်တွေ တိုးရင်းရှိနေမယ်။ ။
ဆူးသစ်
၁၅:၄၄နာရီ
၂၀.၀၃.၂၀၁၁

ယခု ၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံမှာ ဆူနာမီ ပြန်ဝင်သည်။ လူထောင်ချီ၍ သေပြီး၊ အဆောက်အအုံ များစွာ ပျက်စီးသည်။ နောက်ဆက်တွဲ ဆိုးကျိုးများက စောင့်နေသေး၏။ ကျွန်တော့်စိတ်ထဲ တော်တော် စိတ်မကောင်း ဖြစ်ရသည်။ နာဂစ်မုန်တိုင်းကျပြီး ဧရာဝတီတိုင်းမှာ သူငယ်ချင်းများနှင့် အလှူ သွားလုပ်စဉ် မြင်တွေ့ရသမျှ ရင်ဆို့ခဲ့ရသည်။ ဂီရိဖြစ်တော့ မြန်မာပြည်ကို လှမ်းပူမိပြန်၏။ ယခု ဆူနာမီဖြစ်သည်က ဂျပန်မှာ။
၂၀၀၃ခုနှစ်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့၊ တိုကျိုမြို့၊ အိုတမြို့တို့သို့ လေ့လာရေးခရီးအဖြစ် ကျွန်တော်ရောက်ခဲ့ ဖူးသည်။ အိုဆာကာသည် လှပလွန်းသောမြို့။ ကျွန်တော့်နှလုံးသားမှာ စွဲနေ၏။ ယခု ဆူနာမီဖြစ်သည်က အိုဆာကာမဟုတ်။ တခြားမြို့။ တိုကျိုမြို့ နှင့် ခပ်လှမ်းလှမ်းမှာ။ သို့သော် ကျွန်တော့်လုပ်ငန်းခွင်မှ Main Contractor သည် ဂျပန်ကုမ္ပဏီကြီး ဖြစ်သည်။ ယခု စင်ကာပူမှာ တာဝန်ထမ်းဆောင်နေသော ဂျပန်တချို့၏ အိမ်များ ထိုမြို့မှာရှိသည်။ တချို့ဆို အိမ်ပြန်သွားချိန်မှ ဒုက္ခနှင့်ကြုံရတော့သည်။
ကျွန်တော်တို့ Project ကလည်း ပြီးလုပြီးခင်မို့ သူတို့အားလုံး အင်တိုက်အားတိုက်လုပ်နေကြသည်။ တချို့လည်း မျက်နှာများက မသာယာတော့။ မနက်ဘက်လုပ်သည့် Tool Box Meeting မှာ ဂျပန် Safety တစ်ယောက်က သူတို့ဆီမှာ ကြီးမားသော ငလျင်ကြောင့် ပျက်စီးဆုံးရှုံမှုများစွာ ကြုံနေရကြောင်း ထည့်ပြောသွားသည်။ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမှု အထိမ်းအမှတ် တစ်ခုခု လုပ်သင့်ကြောင်း တွေး မိသည်။ ကြုံမှ Main Con Safety Manager ကို ပြောဦးမည်ဟု တေးထားလိုက်၏။
တစ်ခုတော့တွေးမိပါသည်။ ဆူနာမီသည် ငြိမ်ချင်လျှင် ငြိမ်နေ၏။ ပြန်ထချင်လျှင် ထလာပြန်၏။ သူလာချင်သည့် နေရာလာ၊ သွားချင်သည့်နေရာ သွား၏။ အင်ဒိုနီးရှား၊ ဂျပန် ပြီးတော့ ဘယ်နိုင်ငံများပါလိမ့်။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ပျော်နေသော ဆူနာမီ၏ တစ်ရေးနိုးချိန်တိုင်းသည် ကြောက်ရွံ့ဖွယ် ကောင်း၏။ စက်ဆုပ် ရွံရှာဖွယ် ကောင်း၏။ ထိတ်လန့်ရ၏။ ကြေကွဲဝမ်းနည်းရ၏။ စာနာထောက်ထားမှုများ ခံစားရ၏။
သို့သော် ကျွန်တော်တို့ဘာတတ်နိုင်ပါမည်နည်း။ သဘာဝကို မည်သူလွန်ဆန်နိုင်ပါမည်နည်း။ တစ်ခုပဲ တတ်နိုင်တာရှိပါသည်။ လူတိုင်း ကိုးကွယ်စရာ ဘာသာတရား ရှိနေသည်မဟုတ်ပါလား။ ဗုဒ္ဓ ဘာသာဝင်ဖြစ်သော ကျွန်တော်ကတော့ ဖြစ်ချင်း ပျက်ခြင်းကြားမှာ မေတ္တာပို့ရင်း၊ အားလုံးသော လူသားများ ဆူနာမီ တစ်ရေးနိုးမည့် အချိန်နှင့် ဝေးစေကြောင်း ဆုတောင်း၍ တစ်ချိန်က ကျွန်တော်ရေးခဲ့သော ကဗျာလို 'ဆူနာမီ မရှိသောမြေ' ဖြစ်လာရေးကို မျှော်လင့်လျှက် 'တစ်ရေးနိုး ဆူနာမီ ' ဆိုသော ကဗျာတစ်ပုဒ်ကိုသာ ရေရွတ်နေမိပါတော့သည်။ ။
၂၀၀၃ခုနှစ်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့၊ တိုကျိုမြို့၊ အိုတမြို့တို့သို့ လေ့လာရေးခရီးအဖြစ် ကျွန်တော်ရောက်ခဲ့ ဖူးသည်။ အိုဆာကာသည် လှပလွန်းသောမြို့။ ကျွန်တော့်နှလုံးသားမှာ စွဲနေ၏။ ယခု ဆူနာမီဖြစ်သည်က အိုဆာကာမဟုတ်။ တခြားမြို့။ တိုကျိုမြို့ နှင့် ခပ်လှမ်းလှမ်းမှာ။ သို့သော် ကျွန်တော့်လုပ်ငန်းခွင်မှ Main Contractor သည် ဂျပန်ကုမ္ပဏီကြီး ဖြစ်သည်။ ယခု စင်ကာပူမှာ တာဝန်ထမ်းဆောင်နေသော ဂျပန်တချို့၏ အိမ်များ ထိုမြို့မှာရှိသည်။ တချို့ဆို အိမ်ပြန်သွားချိန်မှ ဒုက္ခနှင့်ကြုံရတော့သည်။
ကျွန်တော်တို့ Project ကလည်း ပြီးလုပြီးခင်မို့ သူတို့အားလုံး အင်တိုက်အားတိုက်လုပ်နေကြသည်။ တချို့လည်း မျက်နှာများက မသာယာတော့။ မနက်ဘက်လုပ်သည့် Tool Box Meeting မှာ ဂျပန် Safety တစ်ယောက်က သူတို့ဆီမှာ ကြီးမားသော ငလျင်ကြောင့် ပျက်စီးဆုံးရှုံမှုများစွာ ကြုံနေရကြောင်း ထည့်ပြောသွားသည်။ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမှု အထိမ်းအမှတ် တစ်ခုခု လုပ်သင့်ကြောင်း တွေး မိသည်။ ကြုံမှ Main Con Safety Manager ကို ပြောဦးမည်ဟု တေးထားလိုက်၏။
တစ်ခုတော့တွေးမိပါသည်။ ဆူနာမီသည် ငြိမ်ချင်လျှင် ငြိမ်နေ၏။ ပြန်ထချင်လျှင် ထလာပြန်၏။ သူလာချင်သည့် နေရာလာ၊ သွားချင်သည့်နေရာ သွား၏။ အင်ဒိုနီးရှား၊ ဂျပန် ပြီးတော့ ဘယ်နိုင်ငံများပါလိမ့်။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်ပျော်နေသော ဆူနာမီ၏ တစ်ရေးနိုးချိန်တိုင်းသည် ကြောက်ရွံ့ဖွယ် ကောင်း၏။ စက်ဆုပ် ရွံရှာဖွယ် ကောင်း၏။ ထိတ်လန့်ရ၏။ ကြေကွဲဝမ်းနည်းရ၏။ စာနာထောက်ထားမှုများ ခံစားရ၏။
သို့သော် ကျွန်တော်တို့ဘာတတ်နိုင်ပါမည်နည်း။ သဘာဝကို မည်သူလွန်ဆန်နိုင်ပါမည်နည်း။ တစ်ခုပဲ တတ်နိုင်တာရှိပါသည်။ လူတိုင်း ကိုးကွယ်စရာ ဘာသာတရား ရှိနေသည်မဟုတ်ပါလား။ ဗုဒ္ဓ ဘာသာဝင်ဖြစ်သော ကျွန်တော်ကတော့ ဖြစ်ချင်း ပျက်ခြင်းကြားမှာ မေတ္တာပို့ရင်း၊ အားလုံးသော လူသားများ ဆူနာမီ တစ်ရေးနိုးမည့် အချိန်နှင့် ဝေးစေကြောင်း ဆုတောင်း၍ တစ်ချိန်က ကျွန်တော်ရေးခဲ့သော ကဗျာလို 'ဆူနာမီ မရှိသောမြေ' ဖြစ်လာရေးကို မျှော်လင့်လျှက် 'တစ်ရေးနိုး ဆူနာမီ ' ဆိုသော ကဗျာတစ်ပုဒ်ကိုသာ ရေရွတ်နေမိပါတော့သည်။ ။
"တစ်ရေးနိုး ဆူနာမီ"
ဆူနာမီရေ....
ကမ္ဘာမြေက မင်းကို လက်မခံ
မင်းပြန်သင့်ပါပြီကွယ်။
မင်းတိုးလို့ ကျိုးတဲ့ကမ္ဘာ
မင်းမှာလို့ လာတဲ့ဒုက္ခ
မင်းဖွလို့ ပွတဲ့အမှိုက်
မင်းရိုက်လို့ ရှိုက်တဲ့ကမ်းခြေ
မင်းခြွေလို့ ကြွေတဲ့အသက်
မင်းဖျက်လို့ ပျက်တဲ့အိမ်
မင်းကျိန်လို့ မှိန်တဲ့ကံ
မင်းပြန်မှ အားလုံးငြိမ်း
ကမ္ဘာမြေလည်း စိမ်းလန်းလိမ့်မယ်။
တစ်ရေးနိုး ထထွက်မလာနဲ့
အတွေးရိုးရိုးနဲ့ ပင်လယ်မြေမှာအိပ်စက်ပြီး
မင်းစိတ်အပျက်က ငါတို့ကိုသနား
မင်းအဖျက်အားနဲ့ ငါတို့ကို မကစားရင်
(ဆူနာမီရေ...)
မနက်ဖြန်ရဲ့ ညလွင်ပြင်တိုင်းမှာ
ငါတို့ဟာ မင်းလိုတစ်ရေးမနိုး
ငြိမ်းချမ်းတဲ့ နေ့သစ်တွေ တိုးရင်းရှိနေမယ်။ ။
ဆူးသစ်
၁၅:၄၄နာရီ
၂၀.၀၃.၂၀၁၁
3 comments:
အကိုရေ ဆောင်းပါးလေး လာဖတ်သွားတယ်နော်။
ကောင်းသောနေ့လေး ဖြစ်ပါစေအကို။
မင်းတိုးလို့ ကျိုးတဲ့ကမ္ဘာ
မင်းမှာလို့ လာတဲ့ဒုက္ခ
မင်းဖွလို့ ပွတဲ့အမှိုက်
မင်းရိုက်လို့ ရှိုက်တဲ့ကမ်းခြေ
မင်းခြွေလို့ ကြွေတဲ့အသက်
မင်းဖျက်လို့ ပျက်တဲ့အိမ်
မင်းကျိန်လို့ မှိန်တဲ့ကံ
မင်းပြန်မှ အားလုံးငြိမ်း
ကမ္ဘာမြေလည်း စိမ်းလန်းလိမ့်မယ်။
တစ်ရေးနိုးဆူနာမီ ရေးထားတာလေး ကြိုက်တယ်
fb မှာ လင့်လေးရှဲလိုက်သေးတယ်နော်၊ သဘောကျလို့
ပျော်ရွှင်ချမ်းမြေ့ပါစေ
ကဗျာလေး မိုက်တယ် အကိုရေ..
Post a Comment