+ စကားဆိုသည်က ဆင်ခြင်နိုင်မှကောင်းသည်။ အချင်းချင်းတီးတိုးပြောလျှင် ပြောချင်ရာပြော၍ ရသည်။ ကိုယ့်မိသားစုနှင့်ပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သူငယ်ချင်း အချင်းချင်းပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သို့သော်လူအများကို ပြောမည်ဆိုလျှင်တော့ ချင့်ချိန်မှုဆိုသည်ကိုပါ ပေါင်းစပ်၍ ပြောရသည်ဟု ကျွန်တော်ထင်သည်။ လူရှေ့သူရှေ့မှာ မစဉ်းစားမဆင်ခြင်ဘဲ ပြောမည်ဆိုလျှင် ထိုလူမျိုးက လူရှေ့သူရှေ့နေဖို့ မထိုက်တန်။ ပြောဖို့မတန်။ ထိုသူမျိုးကို သူ့အဆင့်နှင့်သူ ပြန်ထားလိုက်တာ ကောင်းမည်။ ထိုလူမျိုးက ခဏခဏ စကားကို မဆင်မခြင်လျှောက်ပြောနေလျှင် နားထောင်ရသူလည်း ဒုက္ခဖြစ်သလို သူနှင့်ပတ်သက်သူများပါ ဒုက္ခဖြစ်သွားနိုင်သည်။ ငါတစ်ဘို့တည်းအတွက် စကားပြောမည်ဆိုလျှင်တော့ ကိုယ့်ဘာသာ အသံသွင်း၍ ကက်ဆက်ကလေးနှင့်သာ နားထောင်နေစေချင်သည်။ ထိုအခါ အများပြည်သူ စိတ်ချမ်းသာနေလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)
+ ကိုယ်က မျက်စိကြည်နေသောအခါ အမြင်ဝါးသူကို မစာနာ။ ကိုယ်က ထမင်းနပ်မှန်နေသောအခါ ငတ်နေသူကို မသနား။ ကိုယ်က အလင်းဖြင့်နေသောအခါ အမှောင်ကလူကို နားမလည်။ ကိုယ်က ပြောချင်ရာပြောခွင့်ရှိသောအခါ နှုတ်ပိတ်နေရသူကို မငဲ့ညှာ။ ထိုသူမျိုးကား မျက်စိကြည်သော်လည်း အမြင်ဝါး၏။ ထမင်းနပ်မှန်သော်လည်း ကြုံလှီ၏။ အလင်းတွင်နေသော်လည်း မှောင်မိုက်၏။ စကားပြောနေသော်လည်း ဆွံ့အ၏။ ထိုသူမျိုးကား လူဖြစ်နေသော်လည်း လူဖြစ်သည်မည်ကာမတ္တပင်။ သူ့ဘာသာပင် အမှန်နှင့် အမှားကို မခွဲခြားတတ်၍ သနားစရာကောင်းလှ၏။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)
+ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Status မတင်၍ သည်နေ့လှမ်းပြောသည်။ Status တင်ပြီးသောအခါ သူငယ်ချင်းတချို့၊ မိတ်ဆွေတချို့က လာ၍ Like ကြသည်။ ပြဿနာကား ထို Like များသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ လူ့လောကကြီးထဲမှာ တစ်ခါတစ်ရံ၌ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ကြိုက်ခြင်းသည် ထိုကဲ့သို့ ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေနိုင်သည်ဟု ကျွန်တော်သတိပြုမိပါသည်။ ချစ်ခြင်းသည်ကား ကြိုက်ခြင်းနှင့် ကွဲပြားပေလိမ့်မည်။ ထာဝရအတွက်ဖြစ်သည်။ ကျွန်တော်မြန်မာပြည်ကိုချစ်ပါသည်။ မြန်မာလူမျိုးကို ချစ်ပါသည်။ သူတို့အားလုံးကို အကောင်း ဆုံးတွေသာ ဖြစ်စေချင်ပါသည်။ သူတို့ဖြစ်ချင်သည်များကို ဖြစ်ခွင့်ရစေချင်ပါသည်။ လူမျိုးမရွေး၊ ဘာသာ မရွေးပါ။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)
+သူငယ်ချင်းတို့ရေ-မင်းတို့များ နောင်တစ်ချိန်မှာ နိုင်ငံရဲ့အရေးပါတဲ့တစ်နေရာမှာ ရောက်နေရင်ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုခုမှာ ဦးဆောင်သူနေရာမှာရောက်နေရင်ပဲ ဖြစ်ဖြစ်၊ မင်းတို့ကို ငါက ပြည်သူတွေ အကျိုးယုတ်မယ့် အကြံမျိုးပဲဖြစ်ဖြစ်၊ မင်းတို့ရဲ့လက်အောက်က လူတွေ ဒုက္ခရောက်မယ့် အကြံမျိုးပဲ ဖြစ်ဖြစ် လွဲမှားစွာ အကြံပြုဖြစ်ခဲ့ရင် မင်းတို့ရဲ့ စီးထားတဲ့ဖိနပ်ကို တံထွေးစွပ်ပြီးပဲ ဖြစ်ဖြစ်၊ ခွေးချေး သုတ်ပြီး ပဲဖြစ်ဖြစ်၊ ပြောမိတဲ့ငါ့ပါးစပ်ကိုသာ မင်းတို့စိတ်ကျေနပ်သလောက် ရိုက်ပစ်လိုက်စမ်းပါကွာ။ မင်းတို့ ဆုံးမတယ်လို့ မမြင်မိဘဲ ပြည်သူနဲ့ ၀န်ထမ်းတွေ ဆုံးမတယ်လို့ပဲ ငါမြင်ပါမယ်။ တကယ်လို့ မင်းတို့အနားမှာ အဲဒီလိုလူတွေ ရှိလာခဲ့ရင်လည်း ချက်ချင်းသာ အဝေးကို မောင်းထုတ်ပစ်လိုက်စမ်းပါ။ တိုင်းပြည်လည်း အကျိုးရှိ၊ လုပ်ငန်းလည်း အကျိုးရှိပါလိမ့်မယ်။ ( မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်)
+ အိမ်မှာ လက်ဖက်ထမင်း ကို ကိုယ့်ဘာသာလုပ်စားမိသည့်အခါတိုင်း အမေ့အိမ်နှင့် ရန်ကုန်စက်မှုတက္ကသိုလ် ဆိုသည့် ကျွန်တော်တို့ကျောင်းကြီးကို လွမ်းသည်။ ( မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်)
+ တစ်နေ့တစ်နေ့လည်း ဘာတွေဘယ်လိုလုပ်ပြီး ဘယ်လိုကုန်သွားမှန်းကို မသိတော့ဘူး။ အိပ်ဖို့အချိန်ရောက်သွားပြန်ပြီ။ မအိပ်လည်း ကိုယ်ပဲခံရဦးမှာမို့ အိပ်ရဦးမယ်။ ( မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်)
+ ကိုယ်က မျက်စိကြည်နေသောအခါ အမြင်ဝါးသူကို မစာနာ။ ကိုယ်က ထမင်းနပ်မှန်နေသောအခါ ငတ်နေသူကို မသနား။ ကိုယ်က အလင်းဖြင့်နေသောအခါ အမှောင်ကလူကို နားမလည်။ ကိုယ်က ပြောချင်ရာပြောခွင့်ရှိသောအခါ နှုတ်ပိတ်နေရသူကို မငဲ့ညှာ။ ထိုသူမျိုးကား မျက်စိကြည်သော်လည်း အမြင်ဝါး၏။ ထမင်းနပ်မှန်သော်လည်း ကြုံလှီ၏။ အလင်းတွင်နေသော်လည်း မှောင်မိုက်၏။ စကားပြောနေသော်လည်း ဆွံ့အ၏။ ထိုသူမျိုးကား လူဖြစ်နေသော်လည်း လူဖြစ်သည်မည်ကာမတ္တပင်။ သူ့ဘာသာပင် အမှန်နှင့် အမှားကို မခွဲခြားတတ်၍ သနားစရာကောင်းလှ၏။ ( မေလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)
+ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Status မတင်၍ သည်နေ့လှမ်းပြောသည်။ Status တင်ပြီးသောအခါ သူငယ်ချင်းတချို့၊ မိတ်ဆွေတချို့က လာ၍ Like ကြသည်။ ပြဿနာကား ထို Like များသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ လူ့လောကကြီးထဲမှာ တစ်ခါတစ်ရံ၌ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ကြိုက်ခြင်းသည် ထိုကဲ့သို့ ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေနိုင်သည်ဟု ကျွန်တော်သတိပြုမိပါသည်။ ချစ်ခြင်းသည်ကား ကြိုက်ခြင်းနှင့် ကွဲပြားပေလိမ့်မည်။ ထာဝရအတွက်ဖြစ်သည်။ ကျွန်တော်မြန်မာပြည်ကိုချစ်ပါသည
+သူငယ်ချင်းတို့ရေ-မင်းတို့များ နောင်တစ်ချိန်မှာ နိုင်ငံရဲ့အရေးပါတဲ့တစ်နေရာမှာ ရောက်နေရင်ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုခုမှာ ဦးဆောင်သူနေရာမှာရောက်နေရင်ပဲ ဖြစ်ဖြစ်၊ မင်းတို့ကို ငါက ပြည်သူတွေ အကျိုးယုတ်မယ့် အကြံမျိုးပဲဖြစ်ဖြစ်၊ မင်းတို့ရဲ့လက်အောက်က လူတွေ ဒုက္ခရောက်မယ့် အကြံမျိုးပဲ ဖြစ်ဖြစ် လွဲမှားစွာ အကြံပြုဖြစ်ခဲ့ရင် မင်းတို့ရဲ့ စီးထားတဲ့ဖိနပ်ကို တံထွေးစွပ်ပြီးပဲ ဖြစ်ဖြစ်၊ ခွေးချေး သုတ်ပြီး ပဲဖြစ်ဖြစ်၊ ပြောမိတဲ့ငါ့ပါးစပ်ကိုသာ မင်းတို့စိတ်ကျေနပ်သလောက် ရိုက်ပစ်လိုက်စမ်းပါကွာ။ မင်းတို့ ဆုံးမတယ်လို့ မမြင်မိဘဲ ပြည်သူနဲ့ ၀န်ထမ်းတွေ ဆုံးမတယ်လို့ပဲ ငါမြင်ပါမယ်။ တကယ်လို့ မင်းတို့အနားမှာ အဲဒီလိုလူတွေ ရှိလာခဲ့ရင်လည်း ချက်ချင်းသာ အဝေးကို မောင်းထုတ်ပစ်လိုက်စမ်းပါ။ တိုင်းပြည်လည်း အကျိုးရှိ၊ လုပ်ငန်းလည်း အကျိုးရှိပါလိမ့်မယ်။ ( မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်)
+ အိမ်မှာ လက်ဖက်ထမင်း ကို ကိုယ့်ဘာသာလုပ်စားမိသည့်အခါတိုင
+ တစ်နေ့တစ်နေ့လည်း ဘာတွေဘယ်လိုလုပ်ပြီး ဘယ်လိုကုန်သွားမှန်းကို မသိတော့ဘူး။ အိပ်ဖို့အချိန်ရောက်သွားပြန်ပြီ
ဆူးသစ်
၁၃း၃၅ နာရီ
၉.၉.၁၂
၁၃း၃၅ နာရီ
၉.၉.၁၂
5 comments:
အလည်လာသွားပါတယ်နော်..လင့်လေးလဲချိတ်ဖို့ယူသွားတယ်ရှင်..စီဘောက်ကိုလဲမတွေ့မိလို့ပါ..နောက်နေ့မှာကဗျာတွေလာဖတ်အုံးမယ်နော်
ခင်တဲ့..မိုးနတ်
ကိုယ်က မျက်စိကြည်နေသောအခါ အမြင်ဝါးသူကို မစာနာ။ ကိုယ်က ထမင်းနပ်မှန်နေသောအခါ ငတ်နေသူကို မသနား။ ကိုယ်က အလင်းဖြင့်နေသောအခါ အမှောင်ကလူကို နားမလည်-----
ပထမ အပိုဒ်လေးကိုလဲသဘောကျမိတယ်
ရှိတယ်အဲဒီလိုမျိုး
အရာရာ ကိုသတိရစေလို့ကျေးဇူးပါ အကိုဆူးသစ်
စကားဆိုသည်က ဆင်ခြင်နိုင်မှကောင်းသည်။ အချင်းချင်းတီးတိုးပြောလျှင် ပြောချင်ရာပြော၍ ရသည်။ ကိုယ့်မိသားစုနှင့်ပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သူငယ်ချင်း အချင်းချင်းပြောလျှင် ပြောချင်ရာပြော၍ ရသည်။ သို့သော်လူအများကို ပြောမည်ဆိုလျှင်တော့ ချင့်ချိန်မှုဆိုသည်ကိုပါ ပေါင်းစပ်၍ ပြောရသည်ဟု ကျွန်တော်ထင်သည်။
ဆရာဆူးသစ်ရေ အကုန်လုံးကိုသဘောကျတယ်။
ဒီခေါင်းစဉ်နဲ့ ပိုစ့်လေးတွေကို သဘောကျတယ် အစ်ကို
ပိုစ့်လေးကောင်းတယ်
အားပေးသွားပါတယ်နော်
Post a Comment