ပင်မမျိုးဆက်မှန်မှန်နဲ့
သစ်ပင်တို့ရဲ့ ဗီဇသဏ္ဌာန်ကအတူတူ
အကိုင်းအခက်ဝေဆာတာလည်း အတူတူ
ဖူးငုံပွင့်သီးတာလည်း အတူတူပေမယ့်
မတူတာက ရပ်တည်မှု
ဘယ်သူမှ တုပမရဘူး။
ကြမ်းလိုက်တဲ့လေ
သရမ်းလိုက်တဲ့နေ
ခြွေလိုက်တဲ့မိုး
ဆိုးလိုက်တဲ့ဆောင်း
သက္ကရာဇ်ပြောင်းရင် အကြောင်းတွေသိ
သူက ပကတိပဲရှိနေတယ်။
လောကဓံဆိုတာက သူ့အတွက်လေညင်း
ကံကြမ္မာဆိုတာက သူ့အတွက်မိတ်ဆွေ
နိဂုံးဆိုတာက သူ့အတွက်အိပ်မက်
ပင့်သက်ဆိုတာက သူ့အတွက်စိတ်ကူး
ဒါတွေက သူ့ကိုထူးခြားမှု မဖြစ်စေခဲ့ဘူး။
သူ့ရာသီဒဏ်ကို အံခဲတဲ့စိတ်
သူ့ရေသောက်မြစ်ကို အားမွေးတိုးဝင်စေတဲ့စိတ်
သူ့ပင်စည်ပင်မကို ကြံ့ကြံ့ခံအောင်တင်းထားတဲ့စိတ်
သူ့နေရောင်ခြည်ကို အရိပ်ဖြစ်အောင်လုပ်တဲ့စိတ်တွေနဲ့
သိပ်ချစ်စရာကောင်းတဲ့ မြင့်မြတ်ဆဲ နှလုံးသားကတော့
ဆင်ခြင်မှုနဲ့ သံဝေဂပွားကြည့်ရင်
အသိတွေအများကြီး ရလောက်ပါရဲ့။
ကျောက်စာတိုင်တစ်ခုရဲ့ ၀ိညာဉ်ခိုအောင်းနေသလို
သက္ကရာဇ်အားလုံးရဲ့ မုန်တိုင်းတွေကို အံတုခံခဲ့ပုံများ
ဟောဒီမှာ သဘာဝတရားရေ...
သူ့သမိုင်းမှာ ဒဏ်ရာဆိုတာ ရယ်ပွဲဖွဲ့စရာချည်းပဲတဲ့လေ။ ။
သစ်ပင်တို့ရဲ့ ဗီဇသဏ္ဌာန်ကအတူတူ
အကိုင်းအခက်ဝေဆာတာလည်း အတူတူ
ဖူးငုံပွင့်သီးတာလည်း အတူတူပေမယ့်
မတူတာက ရပ်တည်မှု
ဘယ်သူမှ တုပမရဘူး။
ကြမ်းလိုက်တဲ့လေ
သရမ်းလိုက်တဲ့နေ
ခြွေလိုက်တဲ့မိုး
ဆိုးလိုက်တဲ့ဆောင်း
သက္ကရာဇ်ပြောင်းရင် အကြောင်းတွေသိ
သူက ပကတိပဲရှိနေတယ်။
လောကဓံဆိုတာက သူ့အတွက်လေညင်း
ကံကြမ္မာဆိုတာက သူ့အတွက်မိတ်ဆွေ
နိဂုံးဆိုတာက သူ့အတွက်အိပ်မက်
ပင့်သက်ဆိုတာက သူ့အတွက်စိတ်ကူး
ဒါတွေက သူ့ကိုထူးခြားမှု မဖြစ်စေခဲ့ဘူး။
သူ့ရာသီဒဏ်ကို အံခဲတဲ့စိတ်
သူ့ရေသောက်မြစ်ကို အားမွေးတိုးဝင်စေတဲ့စိတ်
သူ့ပင်စည်ပင်မကို ကြံ့ကြံ့ခံအောင်တင်းထားတဲ့စိတ်
သူ့နေရောင်ခြည်ကို အရိပ်ဖြစ်အောင်လုပ်တဲ့စိတ်တွေနဲ့
သိပ်ချစ်စရာကောင်းတဲ့ မြင့်မြတ်ဆဲ နှလုံးသားကတော့
ဆင်ခြင်မှုနဲ့ သံဝေဂပွားကြည့်ရင်
အသိတွေအများကြီး ရလောက်ပါရဲ့။
ကျောက်စာတိုင်တစ်ခုရဲ့ ၀ိညာဉ်ခိုအောင်းနေသလို
သက္ကရာဇ်အားလုံးရဲ့ မုန်တိုင်းတွေကို အံတုခံခဲ့ပုံများ
ဟောဒီမှာ သဘာဝတရားရေ...
သူ့သမိုင်းမှာ ဒဏ်ရာဆိုတာ ရယ်ပွဲဖွဲ့စရာချည်းပဲတဲ့လေ။ ။
သားလတ်
၁၉:၁၁နာရီ
၁၇.၀၄.၉၆
၁၉:၁၁နာရီ
၁၇.၀၄.၉၆
(အထက်ပါကဗျာကို မဟေသီမဂ္ဂဇင်းသို့ ၁၉၉၆ ၀န်းကျင်က ကျွန်တော်ပို့ခဲ့ဖူးပါသည်။ ရွေးကဗျာအဆင့် အထိပါခဲ့ပြီး၊ ဒီဇိုင်းအပ်ပြီးမှ ပြန်ပြုတ်သွားပါသည်။ ဆင်ဆာမိသွားသည်ဟု ပြန်သိရပါသည်။ ကျွန်တော့်ဘာသာ မိုးတွေသဲသဲမဲမဲရွာနေချိန်မှာ လေတိုက်ခံနေရသော သစ်ပင်တစ်ပင်ကို ကြည့်၍ ရေးထားခြင်းအား မည်သို့ အနက်ပြန်လိုက်သည်မသိ။ တော်တော်တော့ ခံစားလိုက်ရပါသည်။ ပိုဆိုးသည်က ထိုကဗျာသည် မဟေသီမဂ္ဂဇင်းတွင် အရွေးခံရပြီးမှ ဖော်ပြမခံရသော ဒုတိယ ကဗျာဖြစ်ခဲ့သောကြောင့် ပို၍ စိတ်မကောင်းဖြစ်ရပါသည်။ ပထမကဗျာတုန်းကလည်း အရွေးခံရပြီးမှ ရတနာသစ်မဂ္ဂဇင်းကို တွဲကိုင်သော မဟေသီအယ်ဒီတာ အဖွဲ့ စာမူလိုနေ၍ ကျွန်တော့်ကဗျာကို ကလောင်သစ်ဖြစ်၍ လွှဲပေးခဲ့ရာ ထိုစဉ်က စာပေနယ်သို့ စခြေချရန် မဟေသီနှင့် စချင်သော ကျွန်တော့် စိတ်ကူးသည် ရတနာသစ်နှင့် စခဲ့ရလေသည်။ မဟေသီက ထိုစဉ်က တော်တော် ဟစ်ထနေခဲ့သောကြောင့် ကျွန်တော့်ပထမဆုံး စာမူကို ပါစေချင်ခဲ့ခြင်းပင်။ ပထမဆုံးကဗျာ" စက်ပါဖို့လိုသည် "ကို ဖော်ပြပြီးဖြစ်၍ ယခု ကဗျာကို ဖော်ပြလိုက်ပါသည်။)
3 comments:
အင်းနော်...ဆင်ဆာမလွတ်လို့တဲ့ နှမြောဖို့ ကောင်းလိုက်တာ...။ သူတို့တွေကလည်း ဆိုးပနော်...အကို။
အဲဒီ သစ်ပင်လို ကျင့်နိုင်ဖို့ ကြိုးစားရမယ်နော်..
ကဗျာလေးကြိုက်တယ်။
ဖတ်စရာတွေ အများကြီးပဲ အသစ်တွေရော အဟောင်းတွေရော။
ကျေးဇူး ...
ွGod bless you.
ွ
Post a Comment