Sunday, September 26, 2010

"ချစ်သူရေးတဲ့ကဗျာ"

ချစ်သူကိုသတိရတဲ့အခါ
ကဗျာတွေချရေးမိပါတယ်။

လကလေးနဲ့ည
ကြယ်ကလေးတွေနဲ့လှပါသလား
ဒီအချိန်ချစ်သူငါ့အနားမှာရှိစေချင်ပါဘိ။

သူမရဲ့အနား
သူငယ်ချင်းတွေဝေးဝေးသွားလို့
ငါပေးထားတဲ့ကဗျာတွေ
ငါ့နှလုံးသွေးနဲ့ရေးထားတဲ့စာတွေ
သူမအတွေးပွားစရာတွေဖြစ်ကာ
မေတ္တာသစ်တွေများဖြစ်လာမလားလေ။

ချစ်သူပျင်းနေရင်
အပျင်းပြေဖတ်ချင်ဖတ်ဖို့
သော့ခတ်ထားတဲ့နှလုံးသားနဲ့ဆော့ကစား
ကဗျာများစွာရေးထားခဲ့တာပါ။

လရောင်နဲ့ရေးခြစ်
ကြယ်လေးတွေနဲ့သီကုံး
တစ်ညလုံးလွမ်းချင်းစီဖွဲ့
ချစ်သူရှိရာအရပ်ကိုအတွေးလှည့်လို့
ရေးခဲ့တဲ့ကဗျာတွေလေ
အဲဒါငါရေးတာမဟုတ်
ချစ်သူလုပ်ပေးတဲ့ကာရန်
ချစ်သူရှာကြံတဲ့စကားလုံး
ချစ်သူမှုန်းထားတဲ့ခံစားချက်
ချစ်သူထံပါးကထွက်တဲ့ကဗျာ
ချစ်သူသာသူ့ကဗျာသူဆက်ရေး
ငါကတော့ဝေးဝေးကငြိမ်သက်
ချစ်သူကိုဝိညာဉ်ဆက်သရုံပါပဲ။ ။

သားလတ်


(၂၀၀၂ခုနှစ်-သြဂုတ်လ၊ ပုလဲမြို့ပြမြေယာမဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...