Sunday, September 26, 2010

" ရာစုသစ်သည် "

ရာစုသစ်သည်
နှင်းပွင့်စီ၍၊ ပန်းချီကားချပ်
ဖွင့်လှပ်မည့်ဟန်၊ မနက်ဖြန်ကို
လက်ကမ်းကြိုလင့်နေလေပြီ။

ရာစုသစ်သည်
နေရောင်ခြည်နု၊ လှစ်ချူပြုသလို
အမှောင်ဖြို၍၊ နုပျိုနေ့များ
သန့်စင်မွေးဖွားပေးတော့မည်။

ရာစုသစ်သည်
သန်းခေါင်ဆီမှာ၊ ပြဿနာများ
ချန်ထားဖြတ်သန်း၊ ရွေ့ကျော်လွှမ်းကာ
လမ်းသစ်များဆီချီတော့မည်။

အို....ရာစုသစ်
နုမျစ်ခမ်းနား၊ ဆန်းပြားတင့်တယ်
ဟန်ဝင့်ထည်၍၊ နေ့သစ်များစွာ
ဖြတ်ချင်ပါရဲ့၊ ကွယ်လှည့်စစ်ဘေး
ငြိမ်းချမ်းရေးရှု၊ လူမှုဒုက္ခ
ကင်းစင်ရအောင်၊ သင်ဆောင်ပါလေ
ကမ္ဘာမြေကမျှော်နေသည်။ ။

သားလတ်


(၂၀၀၁ခုနှစ်-ဇန်န၀ါရီလ၊ မှုခင်းရှုထောင့်မ

0 comments:

Related Posts Plugin for WordPress, Blogger...