Sunday, September 26, 2010

"ထူး၍ထင်ရှားတန်ခိုးကြီးဘုရား"



မြင်မိလားလေ
တောတောင်တွေနှင့်၊ စိမ်းဝေသစ်တော
လှသောနေရာ။

စီးဆင်းစမ်းချောင်း
ငှက်ပေါင်းသံသာ၊ ကောင်းကင်ပြာအောက်
တောက်ပနေရာ။

ဆည်းလည်းသံသာ
ချိုစွာပတ်လွှမ်း၊ ရဟန်းသူတော်
မွေ့ပျော်နေရာ။

လူ၊ကားလမ်းများ
ထွင်းဖောက်ထား၍၊ အများလူထု
ရောက်စုနေရာ။

ထိုနေရာပင်
အံ့ဖွယ်ထင်ပေါ်၊ ဆံတော်စေတီ
တောင်စွန်းတည်လျက်၊ ကျောက်တုံးထက်ရှိ
မှတ်သိပါလေ၊ စေတီ '' ကျိုက်ထီးရိုး ''
တန်ခိုးများစွာကြီးလှသည်။ ။

သားလတ်


(ဆံတော်ရှင်ကျိုက်ထီးရိုး၊ ဆီမီး ၉၉၀၀ မဂ္ဂဇင်း)

0 comments:

Related Posts Plugin for WordPress, Blogger...