Thursday, September 30, 2010

ပိန်းရွက်ပေါ်ကရေများ


အစိမ်းသက်သက်
ပိန်းရွက်ပေါ်ကိုကျတဲ့ရေ။

ပေါက်ခနဲ ကျပါလို့
ရောက်ဆဲမှာ သူတို့မမြဲပေဘူး
တွဲရရွဲ စီရရီနဲ့
ဟိုဒီပြေးနေ။

အကျမနာအောင် တမင်ခံကာ
သခင်ထံမှာ တယုတယထားလည်း
သူတို့ဘ၀က မကြာရှည်
ခမျာတို့လေ လျှောဆင်း။

သခင်အရွက်ကို စိမ်းပါလို့
ပင်ထက်က သွေတိမ်းကာ
လေယိမ်းရာ လိုက်ပါဆင်း
လေတိုက်ရာ ငိုက်ပါရင်းနဲ့
တစ်သင်းတစ်ဖွဲ့ အတူမနေပဲ
သူတို့တွေ တစ်သိုက်တစ်သင်းရယ်
မိုက်လိုက်လေခြင်း ။ ။


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...