Sunday, September 26, 2010

"ဆီမီးဈေး"

ချောင်းကမ်းနဖူး
တံတားကူးရာ၊ လေပြည်သာသည့်
နေရာတစ်တန်း၊ ရှုလို့လှမ်းက
သင်မြင်ရမည်၊ အလင်းသီထား
အမှောင်ကြား၌၊ ထိုးတိုက်ခွဲထွက်
မီးရောင်လက်သည့် ' ဆီမီးဈေး '။

' ဆီမီးဈေး ' မှာ
ဘယ်ညခါကြည့်၊ အတိလင်းလက်
ဆီမီးခွက်နှင့် ဆိုင်ပျက်နှင့်။

တို့မြှုပ်ချက်စရာ၊ မကျန်ပါရ
နုရွလတ်ဆတ်၊ ဈေးဖြတ်မငြီး
အသီးအရွက်နှင့် သားငါးနှင့်။

ညဉ့်ယံမတိုင်ခင်၊ လူသူမြင်၍
ရွှင်မွေ့ဟစ်အော်၊ ဆိုကြွေးကြော်သည်
လူခေါ်သံနှင့် တေးသံနှင့်။

ရံဖန်ရံခါ၊ နေရာပျောက်လု
ရန်တုဖက်ပြိုင်၊ ဒေါသဆိုင်နွှဲ
ဆူသံပြဲနှင့် ရန်ပွဲနှင့်။

မုဆိုးတောတိုး၊ ဆင်ကန်းငြိုးနှင့်
ချိန်ထိုးယူဖျက်၊ မတွက်မဆိုင်း
မုန်တိုင်းရိုင်းနှင့် နှင်းခါးနှင့်။

သည်သို့ဖြင့်ပင်
သိမြင်ရှုငေး၊ ' ဆီမီးဈေး ' ကား
ပြေးလွှားခုန်ထွက်၊ ရာသီလက်မှ
တစ်စတစ်စ၊ အရွယ်ရကာ
ရပ်ရွာနီးဝေး၊ အပြေးဈေးဝယ်
ဈေးသည်လည်းများ၊ ညသစ်စားကာ
ချောင်းနားကမ်းထက်တည်နေသတည်း။ ။

သားလတ်

(ကြိုးတံတားထိပ်ရှိဈေးကလေးသို့)


(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မ

0 comments:

Related Posts Plugin for WordPress, Blogger...