Saturday, October 2, 2010

"သမုဒယစကားတစ်ခွန်း"

ကြာပြီပဲကွယ်
တကယ်ဆိုက၊ သူမဆီကြည့်
ရင်ခုန်မိသည့်၊ သတိလွတ်ကင်း
မေ့လျော့ခြင်းနှင့်၊ နှောင်တင်းတွေဝေ
မျှော်မောနေသောကာလရှည်။

ဖျတ်ခနဲဆုံ
ရင်ခုန်သလား၊ နှလုံးသားထဲ
သူမပဲသိ၊ ကိုယ့်ဆီကြည့်လေ
တအိအိနှင့်၊ ဖြာပင့်သက်ချ
လွမ်းရဆွေးရ၊ ဝေးကြမလား
သောကပွားနေ
ကျွမ်းမြေ့နေရထိုခဏ
ရင်ခုန်ရသည့်ကာလရှည်။

အိမ်မက်မဟုတ်
လှုပ်ခနဲဖြစ်၊ ကွယ် - ချစ်သလား
စကားနွဲ့ခြွေ၊ ခွန်းဖွဲ့နေပေါ့
မျှော်တော့သနား၊ စကားတစ်ခု
သမုဒယစစ်စစ်ကြားပါရစေ ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...