Monday, October 4, 2010

"မြင်နေရသောလမ်းသွယ်လေး"

အလှမ်းမဝေးပါတဲ့
လမ်းကလေးကရှေ့ဆီမှာ။

အရိပ်ကောင်းပါလို့
စိတ်ထောင်းကိုယ်ကြေသူများလည်း
အတူနားလို့အပန်းဖြေရာ။

ဖြောင့်ဖြူးညီညာစွာဖြင့်
တီတျာတျာတေးသံတို့ကလည်း
အမြဲတမ်းပေါ့ကြိုဆိုမှာ
ကဲ - လာကွာ လျှောက်မလား။

မှောက်မှားကာမတွေဝေဘဲ
ထောက်ထားကာစာနာသင့်ပါရဲ့
နေမမြင့်ခင်အသာလှမ်းပါလို့
ခင်နွမ်းတော့အပန်းဖြေ
ခင်မနေတော့ထွက်သွား
ခင့်စိတ်ထားခင့်သဘောပါပဲ
လွင့်မျောကာပျော်ရွှင်လည်းမြူးနိုင်ရဲ့
ကျူးရင့်ကာသံချိုလည်းဟစ်နိုင်ရဲ့
တစ်သက်တိုင်အပြစ်ဆိုလို့မငိုင်စေရပါဘူး
ပိုင်ဆိုင်သမျှမောင့်မေတ္တာလမ်းမှာဖြင့်
ချစ်တတ်စွာအစဉ်လှမ်းသရွေ့တော့
(ခင်ရယ် ...........) ချမ်းမြေ့စေသား ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...