Friday, October 1, 2010

"မနိုးသောကဗျာများ၏ကျေးဇူး"

ငါသေခဲ့သော်
ကဗျာပေါ်၌၊ ရွှင်ပျော်တပ်မက်
ငြိတွယ်လျှက်ရှိ၊ ငါ၏၀ိဥာဉ်
ကမ္ဘာပင်ပျက်စေ
ရှင်လျက်နေမည်။

ငါသေ၍လည်း
ဝမ်းနည်းပူဆွေး၊ ငိုကြွေးတမ်းတ
ငါ့မိဘနှင့်၊ ငါ့ညီအစ်ကို
ထိုထိုလူများ၊ ပေါင်းဖော်သွားတို့
ရှည်လျားမကြာ၊ ခဏသာဖြစ်
ငါ့ကိုချစ်၍၊ သူတို့မေ့မည်။

ကာလကြာကြာ
ထာဝရလွမ်း၊ ရှင်ခန်းမပြတ်
ငါ့ဂုဏ်မြတ်ကို၊ ထုတ်လတ်ဖော်ညွှန်း
ကျေးဇူးသွန်းသို့၊ ရွှန်းရွှန်းပြောင်လက်
အရောင်ထွက်စေ၊ ကဗျာတွေက
ရှာဖွေပြ၍၊ ငါ့နေ့သမိုင်း
မှတ်တိုင်တိုင်းကို၊ သူတို့ဆိုမည်။

သည်တော့လည်းလေ
ရှိနေလူများ၊ ကမ္ဘာသားထက်
ငါကားမက်တွယ်၊ ရှက်ကွယ်ပုန်းလျှိုး
မနိုးသောကဗျာ
ငါ၏စာတို့၊ ထာဝရနေ
ကာလတွေစီး၊ ငါသေပြီးတိုင်
မယိုင်မနဲ့၊ ရှိလှည့်စေချင်
ရှိစေချင်သည်
အရှည်တည်တံ့နေစေသောဝ် ။ ။

သားလတ်


( ' သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

0 comments:

Related Posts Plugin for WordPress, Blogger...